Friday, October 17, 2008

မြ ရဲ့ လ

လပြည့်ညသည် ကြည့်နေရင်းမှာပင် တရိပ်ရိပ် မြင့်တက်လာ၏။ လ၏ ရှေ့ ဆီတွင် ပါးလျားသော တိမ်လိပ်တန်းတစ်ခု
တရွေ့ ရွေ့  ဖြတ်ကျော်လျက်ရှိသည်။ ပြာမှောင်သာ ကောင်းကင်ပြင်တွင် ကြယ်ကလေးများ ဟိုတစ်စု သည်တစ်စု ပေါ်လာပြီ။
ကောင်းကင်ပြင်ကို အဆုံအစမမြင်ရပါ။ မိုးကုပ်စက်ပိုင်းခြမ်း၏ ရှေ့ ပိုင်း သုံးပုံနှစ်ပုံကိုသာ မြင်ရပါသည်။ ကျွန်တော့်Aထက်က
ကောင်းကင်နှင့် ကျွန်တော့်အနောက်က ကောင်းကင်ကို ကျွန်တော် မမြင်ရပါ။ ဤဒေသမှာလူတွေ၏ အမြင်ဆိုင်ရာ ကျယ်ပြန့် မှု
မြင်ကွင်းပြင်ကို ကန့် သတ်ထားသော အရာများစွာ ရှိပါသည်။ ပက်လက်ကုလားထိုင်ပေါ်မှာ သော်လည်းကောင်း၊ ခုတင်
သို့ မဟုတ် တန်းလျား ထိုင်ခုံတစ်ခု ပေါ်မှာသော်လည်းကောင်း ပက်လက်လဲလျောင်းသည့်အခါ မိမိမျက်နှာမူရာ တည့်တည့်ရှိ
အထက်အရပ် မြင်ကွင်းသည် ကောင်းကင်ပြင် မဟုတ်ဘဲ မျက်နှာကျက် အုတ်အမိုး တစ်ခုဖြစ်နေသည့်အခါ တစ်ခါတစ်ခါ
တော်တော် ကသိကအောင့် ဖြစ်ရပါသည်။
တကယ်တော့ ယခု ကျွန်တော်အာရုံထဲမှာ ရှိနေသည့်တိမ်၊ ကြယ်ပွင့်၊ လနှင့် ကောင်းကင်ဟူသော အရာများကို
ဘယ်တုန်းကမျှ ကျွန်တော် သတိတရ ဂရုတစိုက်ထားခဲ့မိသည် မဟုတ်ပါ။ ကျွန်တော်အထက်တွင် ကောင်းကင်ပြင်ကြီး
ရှိနေသည်ဟူသော အသိပင် ကျွန်တော့်မှာ မရှိခဲ့ပါ။ မြို့ ပြ၏ စီးပွားရေး နှင့် လူမှုရေး သံသရာမှာ စိတ်ပါလက်ပါ လှည့်ပတ်
နေထိုင်ရင်း ကျွန်တော်နှင့် သဘာဝတရားသည် ဝေး၍ဝေး၍ လာခဲ့သည်။ ဒါကိုလည်း ကျွန်တော် စိတအနှောင့်မယှက် မဖြစ်ခဲ့။
ကြယ်တွေ၊ လတွေကို မမြင်ရလို့ လည်း မတမ်းတတတ်ခဲ့။ ကျွန်တော့်အလုပ်ကလည်း လတွေ၊ ကြယ်တွေ၊ တိမ်တွေနှင့်
တော်တော်လေး ဝေးပါသည်။ ဘဏ်လစ်မစ်တတ် ဋ္ဌာနခွဲတစ်ခုမှ ၀န်ထမ်းတစ်ယောက်သည် ငွေစုစာအုပ်များ၊ စာရင်းအင်းများ၊
ငွေစက္ကူများနှင့် လူမျက်နှာများ၊ လက်များကိုသာ တစ်နေ့ ပြီးတစ်နေ့  တွေ့ မြင်ရင်းနှီးနေခဲ့ရသည်ဖြစ်ရာ စိတ်ကူးသက်သက်
အရာများစု ထင်ရလောက်အောင် မိမိနှင့် ဝေးလံသော ထိုသဘာဝတရားကို လျစ်လျူရှုခဲ့သည်မှာ မထူးဆန်းပါ။ ထူးဆန်းသည်မှာ
ယခုအခါ ထိအရာများကို သတိတရ ရှာဖွေေ စာင့်ကြည့် တတ်လာခြင်းပင် ဖြစ်သည်။
လပြည့်လတစ်ခု မိုးကုတ်စက်ဝိုင်းမှာ စတင်ထွက်ပေါ်လာချိန်မှစ၍ ခပ်မြင့်မြင့် ကောင်းကင်သို့  နေရာယူချိန်အထိ
ကျွန်တော် စောင့်ကြည့် ငေးမောနေခဲ့သည်ကို ကျွန်တော့် ရုံးမှ လုပ်ဖော်ကိုင်ဖက်များ၊ ကျွန်တော့် အခန်းနီးချင်းများ၊ ကျွန်တော့်
သူငယ်ချင်းများ သူတို့သိသွားလျှင် တော်တော် အံ့သြကြပါလိမ့်မည်။ ကျွန်တော် ရူးသွပ်သွားပြီးဟု မထက်ရက်သူများသည်
ကျွန်တော် ခပ်ကြောင်ကြောင်ဖြစ်သွားပြီဟု ထင်ကြပါလိမ့်မည်။


ခင်ဗျားတို့  ကျွန်တော်နှင့် ပေါင်းသင်းဆက်ဆံနေရာတွင် စိတ်သန့် စေလိုသော စေတနာဖြင့် ကျွန်တော် ဤကိစ္စကို ရှင်းလင်း
ပြောပြလိုပါသည်။ သို့ သော် ဤကိစ္စမှာ ကျွန်တော် ကိုယ်တိုင်ပင် မရှင်းလင်းသေးသော ပြဿနာဖြစ်၍ ခင်ဗျားတို့ ကို ကျွန်တော်
ယခုအချိန်မှာ မရှင်းပြနိုင်သေးပါ။ လသည် လူသားများကို ဆွဲဆောင်နိုင်ပါသလား။ ဆွဲဆောင်နိုင်သည်ဆိုလျှင် မည့်သည့်
ဂုဏ်သတ္တိများဖြင့် ဆွဲဆောင်နိုင်ပါသနည်း။ မည့်သည့် အတိုင်းအတာအထိ ဆွဲဆောင်လေ့ ရှိပါသနည်။
ပြောရပါလျှင် လသည် ကျွန်တော့် အတွက် အလွန်ခက်ခဲသော ပုစ္ဆာ တစ်ပုဒ်ဖြစ်၏။ ထိုပုစ္ဆာကို ကျွန်တော့်Aား
မေးခဲ့သူမှာ ကျွန်တော့်ဇနီး ဖြစ်ပါသည်။
* * *
ကျွန်တော့ ဇနီးသည် အရာရာတွင် ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူဖြစ်၏။ သူမကို သက်သက်ညှာညှာ ပြောရလျှင် ဂန္ထာ၀င်
အမြင်ရှိသူဟု ခေါ်နိုင်မည် ထင်ပါသည်။ ဘယ်လောက်များ ဂန္ထာ၀န် ဆန်လိုက်သလဲဆိုလျှင် နာမည်ကိုက ခင်မြမြ… တဲ့။ သူ့ ကို
ကျွန်တော်က မြဟု ခေါ်ရပါသည်။
ကျွန်တော်တို့  ဇနီးမောင်နှံသည် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်မြတ်နိုးကြပါသည်။ မြသည် တောမြို့ကလေး
တစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့၏။ ကျွန်တော်နှင့် လက်ထပ်ပြီးသော အခါ ကျွန်တော် နေထိုင်ရာ မြို့တော်ကြီးသို့  လိုက်ပါလာ
ခဲ့ပါသည်။ မြို့တော်ကြီးသို့  ရောက်ခါစ ကာလများ၌ မြသည် ဘ၀ကို ကျေနပ်ပျော်ရွှင် ခဲ့သည်ဟု ကျွန်တော် ထင်ပါသည်။ အမခန်း
လှပထူးဆန်းသော အဆောက်အအုံများ၊ မိုးသို့  ထိလုမတတ် မြင့်မားသည့် တိုက်ကြီးများ၊ နှစ်ထပ်မော်တော်ကားလမ်းများ၊
ယာဉ်သွားလာရန် ဆောက်ထားသည့် တံတားကြီးများ၊ မြစ်ကူးချောင်းကူး တံတားကြီးများ၊ ခံညား လှပသည့် ရုပ်ရှင်ရုံကြီးများ၊
အားကစားကွင်းနှင့် ဘူတာရုံကြီးများကို မြသည် တအံ့တသြ ငေးမောခဲ့ဖူးသည်။ အဝေးပြေး ကားဂိတ်စခန်းသို့  ရောက်စဉ်
လေယာဉ်ကွင်းဆီမှ အသံကျယ်လောင်စွာ မြည်ဟိန်းပြီး ကောင်းကင်သို့  တက်လာသည့် ဂျက်လေယာဉ်ကြီးများကို
အထိတ်တလန့် ၊ ထို့ နောက် သဘောကျစွာ မော့ကြည့် ပြုံးရယ်ခဲ့ဖူးသည်။ လေအေးပေးစက် ထပ်ထားသည့် ဆလွန်းကားကို
သဘောကျစွာ ကျေနပ်ခဲ့ဖူးသည်။ ကြီးကျယ်ခမ်းနားသော ကုန်တိုက်ကြီးများတွင် လိုချင်သမျှ ပစ္စည်းတို့ ကို အမျိုးအမည်
စုံလင်စွာ တွေ့ မြင်ဝယ်ယူရသဖြင့် ကလေး တစ်ယောက်လိုပင် သဘောကျခဲ့ဖူးသည်။ မှန်နံရံများ၊ မှန်တံခါးများဖြင့် လေေAးစက်
တပ်ထားသည့် ကျွန်တော့်ရုံးခန်းကို တစ်ရက်လိုက်လာစဉ် ကျေနပ်နှစ်သက် သွားခဲ့ဖူးသည်။
ထို့ ကြောင့်လည်း မြသည် မြို့တော်ကြီးမှာ ကျွန်တော့်ဇနီးအဖြစ် လူရာဝင်ရခြင်းအပေါ် ပျော်ရွှင်နှစ်သိမ့် နိုင်လိမ့်မည်ဟု
ကျွန်တော် ထင်ခဲ့၏။ ရိုးသားဖြောင့်မှန်သော ဇနီးတစ်ယောက်ကို ရရှိထား ရခြင်းအပေါ် ကျွန်တော်ကလည်း
ဂျူး မြ ရဲ့ လ
NNN
ဂုဏ်ယူကျေနပ်နိုင်လိမ့်မည်ဟု ကျွန်တော်ထင်ခဲ့၏။ သို့ သော် ကျွန်တော့် အထင်များ မှားယွင်းခဲ့သည်။ အဲဒါကိုလည်း ကျွန်တော်
ချက်ချင်းမသိခဲ့။ တဖြည်းဖြည်းချင်း ကာလ ကြာမြင့်လာမှ အနည်းအပါး ကျွန်တော် ရိပ်မိခဲ့ရခြင်း ဖြစ်ပါသည်။
မြAပေါ် ကျွန်တော် စိတ်ပျက်ရခြင်းမှာ မြသည် တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်ရသည့် ဘ၀နှင့် ဘယ်လိုမျှ နေသားကျ
မလာခြင်းကြောင့် ဖြစ်သည်။ Eည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်းဟူ၍ ကျွန်တော်က တတ်နိုင်သမျှ အခန်းဖွဲ့ 
ပေးခဲ့သော်လည်း မြ၏စိတ်က ကျဉ်းကျပ်နေသည်။ အ၀တ်လှန်းစရာ နေရာတွေ အများကြီးရှိပါလျက် ထမင်းစားခန်းနှင့်
မီးဖိုခန်းမှာ ကြိုးတန်းတန်း၍ အ၀တ်လှန်းချင် လှန်းသည်။ အိပ်ခန်းထဲမှာ မီးပူတိုက်လျှင် ရပါလျက်နှင့် ကဉ်းကျပ်သည်ဟုဆိုကာ
ဧည့်ခန်း ဆက်တီခုန်များကို ဘေးသို့ ရွှေ့ ၍ ကြမ်းပြင်မှာ မီးပူတိုက်ချင် တိုက်သည်။ ကျွန်တော်နှင့် အတူ ဧည့်သည်ပါလာ၍လည်း
မြသည် သူမ၏
အလုပ်ကို နေရာရွှေ့ရန် စိတ်ကူးတတ်သူ မဟုတ်ချေ။ ကျွန်တော် ဧည့်ခန်းထောင့်မှာ မြေAိုးဖြင့် စိုက်ပျိုးထားသော
ဂမုန်းပင်ကြီးကို မြက ရယ်မောနေတတ်သေး၏။
“ ဒါ… သစ်ပင်တဲ့လားကွယ်။ ဒါကြီးကဖြင့် အစ်ကို ဧည့်ခန်းမှာ ရှုပ်နေရုံပဲ”
ကျွန်တော် မျက်စိပသာဒ ဖြစ်သည်ဟု ထင်သောအရာများကို မြက မနှစ်သက်။
“ မြ …. ဒီစင်က အဲလို ပစ္စည်းတွေ ပွရှုပ်နေအောင် တင်ဖို့  မဟုတ်ဘူးကွ”
ကြိမ်စစ်စစ်ဖြင့် ပြုလုပ်ထားသော နံရံကပ် သုံးဆင့်စင်ကလေးပေါ်တွင် မြသည် လက်လှမ်းမီသမျှ ပစ္စည်းများကို စုပြုံ
တင်ထားတတ်၏။ မျက်မှန်အဲလို၊ လက်သည်းညှပ်လို အရာဝတ္ထုမျိုး၊ လက်ပတ်နာရီလို၊ ဆေးပုလင်းလို၊ စိတ်ပုတီးလို၊
စတတ်ပ်လာလို၊ Aရာဝတ္ထုမျိုးတွေကို စင်ပေါ်မှာ ဖြစ်သလို မြင်မကောင်း ရှုမကောင်း တင်ထားတတ်၏။
“ စင်ဆိုတာ ပစ္စည်းတင်ဖို့  မဟုတ်ဘူးလား။ အစ်ကိုရဲ့။ ဒါဖြင့် အစ်ကို့ စင်က ဘာတင်ဖို့  ထားတာတုံး”
ပန်းစိုက်Aိုးကလေး တစ်ခုတလေ သို့ မဟုတ် ပန်းပုရုပ် တစ်ခုတလေ တင်နိုင်ရန်ထားသော စင်ဖြစ်သည်ဟု ပြောလျှင်
မြက မျက်မှောင်ကြုပ်လေသည်။ ကျွန်တော့်စကားကို လက်မခံနိုင်သလို အမူအရာပင် ဖြစ်သည်။
“ မြ … အဲဒါတွေ ရှင်းလိုက်စမ်းပါကွာ… နောက်ကိုလဲ အဲဒီလို မတင်ပါနဲ့ ”
သို့ သော် သုံးလေးပတ် ကြာသောအခါ စင်ပေါ်မှာ ပစ္စည်းမျိုးစုံ ရောက်နေပြန်တော့သည်။
ဆံပင်အုပ်ထူပြီး ရှည်လျားသော မြအတွက် ကျွန်တော့် တိုက်ခန်း၏ ရေချိုးခန်း ကျဉ်းကျဉ်းကလေးမှာ
ခေါင်းလျှော်ရခြင်းသည် ဆင်းရဲဒုက္ခပင် ဖြစ်သည်။ ထိုဒုက္ခသည် မြ၏ဒုက္ခ မဟုတ် ကျွန်တော်၏ ဒုက္ခ ဖြစ်သည်။ ရေချိုးခန်း
ကြမ်းပြင် ရေထွက်ပေါက်မှာ တပ်ထားသော သံဆန်ခါကလေးတငွ် အမှိုက်စများ၊ ဆံပင်မျှင်များ၊ ရှုပ်ထေွး ပိတ်ဆို့ နေသည့်အခါ
ရေသည် ကြွေပြာ ကြမ်းပြင်ပေါ်မှာ ခြေမျက်စိ လျှံနေတော့သည်။
“ မြ … လာပြီး ”


သံဆန်ခါမှာ ကပ်ငြိနေသော အရာများအားပြ၍ ရှင်းလင်း သန့် စင်ခိုင်းသောအခါ မြသည် အနည်းငယ် တွန့်ဆုတ်စွာ
နာခံ၏။ တစ်ခါတစ်ခါ သံဆန်ခါမှ ကျော်၍ ဘာပစ္စည်းတွေ ဘယ်လို ၀င်ရောက်သွားသည် မသိရဘဲ ရေထွက်ပေါက် လုံးဝ ပိတ်ဆို့
နေတတ်သေး၏။ ကျွန်တော် ကြိုးစား ပြင်ဆင်၍ မရသောအခါ ရေပိုက်ပြင်သမား ခေါ်ယူရသည်။ ထိုကိစ္စအတွက် မြသည်
တရားခံ ဖြစ်သည်ဟု ကျွန်တော်က အပြစ်တင်လိုဟန်ကို မြက ရိပ်မိ၏။
“ ကျွန်မတို့ ဆီမှာတော့ ရေချိုးရင် ရေက ကျောက်ပြားပေါ်ကနေ လျှံကျပြီး မြေကြီးပေါ်က မြောင်းအတိုင်း
သစ်ပင်တွေဆီသွားတာပဲ။ ရေချိုးလို့ လည်း ကောင်းမှကောင်း၊ အ၀တ်လျှော်လို့ လည်း ကောင်းမှကောင်း၊ အ၀တ်လှန်းလို့ လည်း
ကောင်းမှကောင်း။ ခုလို ကျဉ်းကျဉ်းကျပ်ကျပ်နဲ့  ကျွန်မ အလုပ်မလုပ် တတ်ဘူးလေ။ ဒါလောက်ကလေး ဖြစ်တာပဲ အစ်ကို
ကံကောင်းတယ်မှတ်ပါ။”
မျက်စောင်းထိုးလျက် ရယ်မောတော့ ကျွန်တော့်ဒေါသတွေ ပြေလျော့ ကျခဲ့ရတာပါပဲ။
“ မင်းတို့  တောနဲ့ တော့ လာမနှိုင်းနဲ့ ပေါ့ မြရာ….”
အစားအသောက် ချက်ပြုတ်ပြင်ဆင်ရာတွင် မြသည် ကျွန်တော့်အတွက် နည်းနည်းမျှ ရင်ခုန်ကျေနပ်ဖွယ် မကောင်းသည့်
အိမ်ထောင်ရှင်မ တစ်ပါး ဖြစ်သည်။ ပရက်ရှာကွတ်ကာ ပေါင်းအိုး ၀ယ်ပေး ထားပါလျက် ဘဲပေါင်း မပေါင်းတတ်၊ ဟင်းကို
နူးအိနေအောင် ချက်ပေးသော်လည်း အနံအရသာကို ကျွန်တော် မနှစ်သက်။ မြသည် ဟင်းတိုင်းမှာ နနွင်းမှုန့် တွေ ၀ါထိန်
နေအောင် ထည့်တတ်သည်။ ယုတ်စွအဆုံး အစိမ်းကြော် ကြော်ရာတင်ွပင် နနွင်းမှုန့်  ၀ါထိန်နေတတ်၏။ တရုတ်ဟင်း၊
မြန်မာဟင်းနှင့် နိုင်ငံခြားဟင်းအထိ (ချက်ပြုတ်နည်းမျိုးစုံ) စာအုပ်များကို ဖတ်စေခဲ့သော်လည်း ကျွန်တော့်ဇနီးသည် တစ်ခုမှ
ဖြစ်မြောက်အောင် အကောင်အအထည် မဖော်နိုင်။ မိမိ မျိုမကျသော ဟင်းတချို့ ကို နှစ်သက်ဟန်ဆောင်တတ်သည်အထိ
ကျွန်တော်က သဘောထားမကြီးနိုင်။ ထိုအခါ မြနှင့် ကျွန်တော်သည် အသေးအဖွဲ ကိစ္စကလေးများမှ အစ သဘောထား ကွဲလွဲရန်
ဖြစ်လာခဲ့သည်။
“ မြ …. ကိုယ် ခဏခဏ သင်ရတာလည်း မောနေပြီ၊ ဘောင်းဘီကို ဘေးတိုက် မီးပူမတိုက်ရဘူး။ ဟောဒီလို ရှေ့နောက်
တိုက်ရတယ်။ ဖယ်ဖယ် မင်းမလုပ်တတ်ရင် ဖယ်…. ”
ကျွန်တော် တစ်ခါတစ်ခါ မြကို တော်တော်စိတ်ပျက် ရ၏။
“ ဘယ်သူက မွေးကတည်းက တတ်မှာလဲ မြရယ်၊ မင်းမှတ်ထားဖို့ ပြောတာပါ။ တစ်ခါမရရင် နောက်တစ်ခါပေါ့…
စိတ်ဝင်စားရင် တတ်သွားတာချည်းပဲ။ မင်း စိတ်မ၀င်စားလို့  မင်းမတတ်တာတွေပဲ”
ကျွန်တော်က အပြစ်တင်လျှင်လည်း မြက ထုံပေပေ အပြုံးဖြင့် ငြိမ်နေမြဲဖြစ်၏။ မြ စိတ်ကသိကအောက် ဖြစ်သွားမှာ
မဟုတ်ပါဘူး.. ဟု ကျွန်တော် ထင်ခဲ့သည်။ သို့ သော် မြသည် လျှို့ ဝှက်တတ်သူ ဖြစ်လေသလား ကျွန်တော် မသိနိုင်ပေ။

မြသည် ကျွန်တော့်အပေါ် တစ်စုံတစ်ရာ ညည်းညူ လာသမျှသည် ကျွန်တော်နှင့် မပတ်သက်စေရဘဲ
အခြားကိစ္စများအပေါ် စွပ်စွဲ ညည်းညူမှုများသာ ဖြစ်၏။
“ အစ်ကိုတို့  ရန်ကုန်က ဈေးသည်တွေက သိပ်အလေးခိုးတာပဲနော်။ မိုက်ရိုင်းလိုက်တာလဲ ပြောမနေနဲ့  တော့။ လူကို
အ-အ များ မှတ်နေသလား မသိဘူး ”
တစ်ခါတစ်ရံ မြဈေးသွားလျှင် ဈေးသည်နှင့် ရန်ဖြစ်လာတတ်သေးသည်။
“ ဟာဒီလောက် စကေားဝိုင်းလေးထဲမှာ မဖြစ်စလောက် ကုန်ပစ္စည်းကို ရင်းပြီး တစ်နေ့ တစ်နေ့  တစ်ရာ့ ငါးဆယ်၊ နှစ်ရာ
မြတ်အောင် ရောင်းနေကြမှတော့ ဘယ် ကောင်းနိုင်ပါ့မတုံး၊ အစ်ကိုရဲ့….။ အားလုံး သခိုးတွေ ဖြစ်ကုန်ရောပေါ့။ တန်ရာတန်ကြေး
ပေးဝယ်နေရတဲ့ ဈေးဝယ်တွေကို စော်ကားနေတာပဲ ”
မြသည် အသားငါးကို လက်ဖြင့် ဆကြည့်ခြင်း၊ မျက်စိဖြင့် မြင်ရခြင်းတို့ ဖြင့်ပင် အလေးချိန်ကို မှန်းဆတတ်သူ ဖြစ်သည်။
သမာဓိ ချိန်ခွင်သို့  မကြာခဏ သွားရောက် ချိန်တွယ်သူမှာ မြ တစ်ယောက်သာ ရှိမည်ထင်၏။
“ ဒီကလူတွေ မသိကြလိုများလားဟင် အစ်ကို ” ဟု မြက စိတ်ရှုပ်စွာ မေးဖူး၏။
“ ဘယ် မသိဘဲ ရှိပါ့မလဲ မြရာ။ သိမှာပေါ့။ ဒါပေမယ့် အားလုံးဟာ ကိုယ့်အလုပ်ကိစ္စတွေ မပြီးမှာ စိုးရိမ်နေရတဲ့ လူတွေ။
ခပ်သွက်သွက်လာ၊ ခပ်သွက်သွက်ပြန်။ ဒါတွေကို အချိန်ကုန်မခံနိုင်လို့ ပဲ ဖြစ်မှာပေါ့။ ”
ကျွန်တော် မသိနိုင်သော ကိစ္စွအတွက် ကျွန်တော် မသိသော အိမ်ရှင်မများ၏ စိတ်ဓာတ်ကို ကိုယ်ချင်းစာပြီး ခန့် မှန်း
ပေးမိတော့ မြက မျက်မှောင်ကြုတ်၍ ခေါင်းယမ်း နေခဲ့ပါသည်။
“ အစ်ကိုတို့  ရန်ကုန်က လေကလဲ မလတ်ဆတ်ဘူးနော်။ ကျွန်မတို့  မြို့ မှာဆို လေက သိပ်လတ်ဆတ်တာပ၊ဲ
လယ်ကွင်းတွေစီက ဖြတ်လာတဲ့လေ၊ တောင်ကုန်းတွေဆီက ဖြတ်လာတဲ့လေ၊ မြစ်ပြင်ဆီက ဖြတ်လာတဲ့လေ၊ အေးစိမ့်နေတာ
အစ်ကိုရဲ့။ အခုဖြင့် ကျွန်မ အသက်ရှူရတာ မကောင်းဘူး။ ဆေးလိပ်တွေကလည်း သောက်လိုက်ကြတာ တစ်မြို့လုံး Aဆိပ်တွေ
ပြန့် နေပြီး ထင်တယ်”
ကျွန်တော်သောက်လက်စ စီးကရက်ကို မျက်စောင်းထိုး၍ ပြောတတ်သေး၏။
“ ကိုယ် ဆေးလိပ် သောက်တာ မြ မကြိုက်ဘူးလား ”
သမီးရည်းစား ဘ၀တုန်းကလို ရင်ခုန်မှုမျိုးဖြင့် ကျွန်တော်က စနောက် ရယ်မောလိုသည့်Aခါ မြက မျက်နှာထား
တည်တည်ဖြင့် ခေါင်းယမ်းခဲ့သည်။
“ အစ်ကို့ ကို Uီးတည်ပြောနေတာ မဟုတ်ပါဘူး။ လူအားလုံး ကိုယ့်ကိုယ်ကို ဖျက်ဆီး နေကြတာကို မမြင်ချင်လွန်းလို့ ပါ”
မြသည် မြို့ တော်ကြီးနှင့် ပတ်သက်သမျှ မကောင်းသည့် အရာများအကြောင်း ပြောလိုသည့်အခါတိုင်း မြို့ တော်ကြီးကို
ကျွန်တော် ပိုင်ဆိုင်သကဲ့သို့  စွပ်စွဲတတ်သည်။ အစ်ကိုတို့  မြို့ကြီး…. တဲ့။

“ အစ်ကိုတို့ မြို့ မှာ ကောင်းကင်မှာ ကြယ်တွေ နည်းနည်းလေးရယ်နော်။ ကျွန်မတို့ ဆီမှာတော့ ကြယ်တွေ အပြည့်ပဲ
အစ်ကိုရဲ့….”
“ အရူးမ ”
ကောင်းကင်သည် ကမ္ဘာကြီးတွင် သည်တစ်ခုသာ ရှိသည် မဟုတ်လား။ ကျွန်တော်တို့ မြို့ က ကောင်းကင်နှင့် မြတို့ 
မြို့က ကောင်းကင် တစ်ခုတည်းပဲ မဟုတ်လား။
သို့ သော် မြ ပြောတာ မှန်သည်။ ကျွန်တော်တို့ မြို့ တော်ကြီးတွင် လူဦးရေ ထူထပ်မှု၊ သစ်ပင်နည်းပါးမှု၊
စက်ရုအညစ်အကြေး အငွေ့ များ၊ မော်တော်ကား အိပ်ဇောအငွေ့ များ၊ ဆေးလိပ် အငွေ့ များ၊ ညှော်ငွေ့ များ များပြားမှု၊
ဓာတ်ငွေ့ များများပြားမှု စသည့် အချက်များကြောင့် ကောင်းကင်တွင် မှိုင်းများဖြင့် ပြည့်ကျပ်နေနိုင်သည်။ ကောင်းကင်က
တိမ်မျာ၏ အောက်ပိုင်းတွင် ဓာတ်ငွေ့ မှိုင်းများဖြင့် ပိတ်ဆို့ နေနိုင်သည်။ ထိုအခါ ကျွန်တော်တို့ သည် အာကသတွင်း
တည်ရှိနေသာ ကြယ်များကို အတိုင်းအဆ မရှိ ထိုးဖောက် မြင်နိုင်စွမ်းမည် အဟုတ်ပေ။
“ အစ်ကိုတို့ မြို့ မှာ လူတွေ ပြုံးတဲ့ အခါ မျက်လုံးက မပြုံးဘူးနော်။ ပါးစပ်ကပဲ ပြုံးကြတယ် ”
ရှာရှာဖွေဖွေ မြ ကပြောတော့ ကျွန်တော် ရယ်မော ပစ်လိုက်သည်။ ကျွန်တော်သည် ဘ၀မှာ အရေးထားဆုံးက
စာရင်းများ၊ ဂဏန်းများ၊ ငွေစက္ကူများသာ ဖြစ်၏။ လူတွေ၏ အပြုံးကို ခွဲခြား စစ်ရန်လည်း ကျွန်တော့်မှာ အချိန်မရပေ။ ကျွန်တော့်
ပတ်ဝန်းကျင်မှ လူတွေကလည်း ကျွန်တော့် အပြုံး၊ ကျွန်တော့် မျက်လုံးကို ခွဲခြမ်းစိတ်ဖြာရန် အချိန်မရပေ။ ကျွန်တော်တို့ 
အားလုံးသည် အရာရာကို အချိန်လု၍ ပြီးစီးအောင် ဆောင်ရွက် လုပ်ကိုင်နေကြရသူများ ဖြစ်သည်။
ကျွန်တော့ ဇနီးကတော့ ကျွန်တော် ရုံးသွားနေစဉ် တချိန်လုံး တိုက်ခန်းမှာ အကူမိန်းကလေး တစ်ယောက်နှင့်
ပျင်းရိငြီးငွေ့ စွာ ကျန်နေခဲ့သည်ဆိုတော့ သူမမှာ တွေးစရာ ကိစ္စများ များပြားလိမ့်မည်။ နားမလည်နိုင်စရာ ကိစ္စများ
များပြားလိမ့်မည်။ စိတ်ကူးမှန်းဆ စရာ ကိစ္စများလည်း များပြားလိမ့်မည်။ ကျွန်တော် ထိုက်သင့်သလောက်
သဘောပေါက်ထားခဲ့ပါသည်။ သို့ သော် ကျွန်တော့် သိရသလောက်တော့ ကျွန်တော် နှင့် သမီးရည်းစားသက် သုံးနှစ်၊
အိမ်ထောင်သက် သုံးနှစ် စုစုပေါင်း ခြောက်နှစ်ကာလ ကြာမြင့် ခဲ့သည့်တိုင်အောင် ကျွန်တော့် ဇနီး မြ သည် စိတ်ကူးရင်တတ်ခဲ့သူ
မဟုတ်ပါ။
* * *
တစ်ခါတုန်းက ညနေချမ်းအချိန် ကျွန်တော် ရုံးမှ အပြန်၌ ကျွန်တော်တို့ အခန်း ၀ရန်တာကို မော့ကြည့် လိုက်သောအခါ မြကို
ဝရန်တာမှာ ရပ်လျက်ရှိသည်ကို မြင်ရသည်။ အရာရာကို ရိုးစင်းစွား တွေးတတ်သူ မြ၏ ကိုယ်စား မြ၏ အတွေးကို ကျွန်တော်နားလည် လိုက်သည်မှာ မြသည် ပျင်းရိငြီးငွေ့ စွာဖြင့် ခင်ပွန်းသည်ကို မျှော်နေခြင်း ဖြစ်လိမ့်မည်.. ဟူ၏။ သို့ သော် ကျွန်တော့်
အထင် မှားခဲ့ပါသည်။
“ မြ … ဘာလုပ်နေတာလဲ။ ကိုယ်နောက်ကျလို့ လား။ ၁၅ မိနစ်လောက်ပဲ နောက်ကျတာပါ မြရဲ့ ”
“ မဟုတ်ပါဘူး အစ်ကိုရဲ့… ကျွန်မ ဟောဟိုက တိမ်တွေကို ကြည့်နေတာပါ ”
မြ၏ မသိနားမလည်စွာ ရိုးအမှုကို ကျွန်တော် ရယ်မောမိသေး၏။ လည်ပတ်ပါးနပ်သော မိန်းမဆိုလျှင် ခင်ပွန်းသည်၏
စိတ်ခံစားမှု နူးညံ့နှစ်သိမ့်နိုင်အောင် ရေလိုက်ငါးလိုက် လျှောချကာ လိမ်ညာပေးမိ ပေလိမ့်မည်။ မြကတော့ ဖြောင့်မှန်သည်ဟုပင်
ချီးကျူးရမှာလား မသိ။ နားမလည်ရန်ကောဟု အပြစ်ဆိုရလေမလား ကျွန်တော် မတွေးတတ်ပါ။ ကျွန်တော့်ဇနီးသည် တိမ်တွေကို
ချစ်ရလောက်အောင် စိတ်ကူးယဉ်တတ်သူ မဟုတ်ကြောင်း ကျွန်တော် သိနေ၍ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်ရပါသည်။
ထွေထွေထူးထူးလည်း ဆက်လက် မမေးမြန်းမိပါ။
တလောစီက ကျွန်တော့် ဇနီးသည် သူမှရောက်ခဲ့ဖူးသော သို့ မဟုတ် နေထိုင်ခဲ့ဖူးသော တောမြို့လေးများအကြောင်း
စိတ်လိုလက်ရ ပြောပြနေခဲ့သည်။
မြပြောပြသော မြို့ကလေးသည် လူဦးရေ လေးငါးထောင်သာ ရှိသော မြို့သေးသေးလေး ဖြစ်သည်။ ပတ်ဝန်းကျင်တွင်
လယ်ကွင်းများ၊ ယာခင်းများရှိသည်။ လူအများသည် စပါးစိုက်ခြင်း၊ ဆန်းကြိတ်ခြင်း၊ ၀ါစိုက်ခြင်း၊ ပြောင်း၊ ပဲ၊ နှမ်းတို့ 
စိုက်ပျိုးခြင်းတို့ ဖြင့် အသက်မွေးကြသည်။ ဟောင်းနွမ်းသော ပျဉ်ထာင်အိမ်ကြီးများသည် ရေနံချေး၀၀ သုတ်ထားသဖြင့်
မည်းနက် တောက်ပစွာ ခိုင်ခံ့နေ၏။ တိုက်ဆိုလျှင်လည်း ထုတည် ထူထဲသော အုတ်နီးတိုက်အဟောင်းများ ဖြစ်၏။ ဈေးသည်
နံနက်ခင်းမှာသာ စည်ကားပြီး နေ့ လယ်၊ ညနေတို့ တွင် ဈေးရောင်းသူရော၊ ၀ယ်သူပါ မရှိသလောက်ပင် ဖြစ်သည်။
“အဲဒီမှာ ဈေးသည်တွေက အလေးမခိုးဘူး အစ်ကိုရဲ့။ အားလုံးက ကျွန်မတို့ ကို သိနေကြတယ်။ အားလုံးက သူ့ ထက်ငါ
အလေးမှန်မှန်နဲ့  ပိုပိုသာသာ ချိန်ပေးတတ်ကြတယ်။ သူတို့  အပြုံးတွေက နှစ်ပေါင်းဆယ်နှစ် ဆယ့်ငါးနှစ် ရင်းနှီးလာတဲ့
အပြန်အလှန် မိတ်ဆွေတေရွဲ့ အပြုံးစစ်စစ်တွေလေ ”
မြို့ သေးသေးလေးတွေ လူတိုင်းက မြကိုသိပြီး မြကလည်း လူတိုင်းကို သိပေလိမ့်မည်။ ကျွန်တော် မြို့တော်ကြီးမှာ
နေထိုင်ရခြင်း အကြောင်းရင်းများစွာထဲတွင် ၀င်ငွေကောင်းခြင်း၊ ဘ၀ရပ်တည်မှု တိုးတက်ရန်နည်းလမ်း များပြားခြင်း၊
လူမှုရေးအဆင့်အတန်း မြင့်မားခြင်းတို့ နှင့် အတူ မိမိအား လူတွေက မသိခြင်း၊ မိမိကလည်း လူတွေကို မသိခြင်းဆိုသည့်
အကြောင်းရင်း တစ်ခုလည်း ပါဝင်၏။ မိမိကို မသိသောလူများ၊ မိမိက မသိသော လူများအကြားတွင် ကျွန်တော်သည် ဘ၀ကို
လုံခြုံစွာ၊ လျှို့ ဝှက်စွာ၊ ထို့ ပြင် ငဲ့ကွက်စရာမရှိစွာ ဖြောင့်ဖြောင့်တန်းတန်း နေနိုင်ခဲ့သည်ဟု ကျွန်တော် ကျေနပ်ခဲ့၏၊ မြ နှင့်
ကျွန်တော် နှစ်သက်မှု တော်တော်များများတွင် ဆန့် ကျင်ဘက် ဖြစ်နေခဲ့သည်။
“နောက်ပြီး မြတို့ မြို့မှာ ထောင်မရှိဘူး Aစ်ကို။ ရဲစခန်းတော့ရှိတယ်။ အချုပ်ခန်း သေးသေးကလေး ရှိတယ် ”

ကျွန်တော် ရယ်မိသည်။
“ အဲဒါ သခိုးဓာပြ မရှိဘူးလို့  ကြွားချင်တာလား မြရဲ့။ မြတို့  မြို့မှာ မရှိပေမယ့် မြတို့ ဆီက လူဆိုးလူကောက်တွေကို
တခြားမြို့မှာ ရှိတဲ့ ထောင်ကို ပိုပေးနေတာကိုး”
“ မဟုတ်ဘူး အဲဒီလို ဆိုလိုချင်တာ မဟုတ်ဘူး။ မြတို့ မြို့မှာ ထောင်ဟာ အရေးမကြီးဘူး။ အဲဒါကို ပြောမလို့ ”
လူဦးရေ လေးငါးထောင်ရှိသည့် မြို့မှာ ထောင်ဟာ အရေးကြီးနေလျှင်တော့ ထိုမြို့သည် အမေရိကန်ရုပ်ရှင်ကားတွေ
ထဲကလို ဒုစရိုက်မြို့ကလေးသာ ဖြစ်တော့မှာပေါ့။ သို့ သော် ကျွန်တော် ဘာမှ မပြောပါ။ မြ ဘာပြောချင်သလဲဆိုတာကို ကျွန်တော်
သိဖို့  မကြိုးစားခဲ့မိပါ။
“ ကျွန်မတို့ မြို့မှာ ရေစက်ကနေ ရေဝေတာမဟုတ်ဘူး အစ်ကို ၊ မြေကြီးထဲကနေ တိုက်ရိုက်တူးယူရတာ၊ ရေတွင်းတွေ
အများကြီး ရှိတယ်”
“ အဲဒီတော့ ”
“ အဲ့ဒီတော့ ရေဟာ သန့် စင်နေတာပေါ့ ။ ဘာသံချေးအနံ့  မှ မရှိဘူးလေ၊ ကြည်နေတာပဲ။ နောက်ပြီး
လျှပ်စစ်မီးမလာလို့  မော်တာ မလည်နိုင်တာမျိုး၊ ရေမတင်နိုင်တာမျိုး လဲ မရှိဘူးပေါ့”
“ ရေကိုတွင်းထဲက နေ ဘာနဲ့  ခပ်ယူသလဲ၊ တွင်းက ဘယ်လောက်နက်လဲ”
ကျွန်တော် မြကို စ-နောက် ချင်စိတ်ဖြင့် ခပ်တည်တည် မေးခဲ့၏။
“ ကုန်း အနိမ့်အမြင့်ကို လိုက်လို့ ပေါ့ အစ်ကိုရဲ့။ တချို့  ရေတွင်းတွေက အတောင် ၂၀ လောက် နက်တယ်။ တချို့ 
နေရာတွေမှာ လေး ငါး ခြောက် တောင်နဲ့  ရေထွက်တယ်လေ။ ရေကို ငင်ယူတော့ ရေပုံးမှာ ကြိုးတပ်ပြီး ငင်ယူရတာပေါ့။ တချို့ 
တွင်းတွေမှာ ဘေးတိုင် နှစ်တိုင်စိုက်၊ အထက်မှာ တန်းပစ်ပြီး စက်သီးချိတ်ထားလို့ ရတဲ့ နေရာကလေးတွေ ရှိတယ်။
ကိုယ့်စက်သီးနဲ့  ကိုယ် ရေပုံးကြိုးလျှောချပြီး ရေငင်လို့  ရတယ်။ တချို့ တွင်း တွေက စက်သီးတိုင် မပါဘူး။ ဒီတော့ ဒီအတိုင်း
လက်နဲ့  ငုံဆွဲငယ်ယူရတာပဲ”
“ ဒီတော့ မြတို့ လက်တွေ နားမှာပေါ့။ ဘယ်လောက် ပင်ပန်းလိုက်တဲ့ ဘ၀လဲနော်”
ကျွန်တော်က သနားဂရုဏာ သက်ဟန်ဖြင့် မသိဆိုးဝါးစွာ မှတ်ချက်ချတော့ မြက ပြုံးလေ၏။
“ အို .. အဲဒါ ပျော်စရာ ကောင်းပါတယ် အစ်ကိုရဲ့။ တကယ်လို့  လက်အနာမခံနိုင်ဘူး။ ငွေကြေးလည်း တော်တော်
သင့်သင့် ရှိတယ်ဆိုရင် ကိုယ့်အိမ်မှာ မော်တာနဲ့  စုပ်ယူတဲ့ အ၀ီစိတွင်းတွေ တူးနိုင်သားပဲ”


မြတို့ မြို့တွင် သစ်ပင်ကြီးများသည် ကြီးမားလှ၏။ လူတစ်ယောက် လက်ဖြင့်ဖက်၍ မနိုင်အောင် အဆမတန်ကြီးမားသော
ပင်စည်ကြီးများ ရှိကြသည်။ သစ်ရိပ် ၀ါးရိပ်ဖြင့် မြို့သည် ငြိမ်းချမ်းအေးမြလှ၏။ တစ်ဖက်မှာ တောင်တန်း၊ တစ်ဖက်မှာ မြစ်၊
ရာသီကတုသည် နှစ်သက်စဖွယ် ရှိသည်။
“ ကျွန်မတို့ မြို့မှာ ဆောင်းကတုက ဆောင်းကတုနဲ့  တူအောင် အေးတယ် အစ်ကို။ နွေကတုမှာတော့ သစ်ရွက်တွေ
တကယ် ကြွေကြတယ်။ တောင်လေ တကယ်လာတယ်။ လေဟာ ခြောက်သွေ့ ပြီး လတ်ဆတ်နေတာ၊ သစ်ပင်ရိပ်ကြောင့်သာ
သိပ်မပူဘဲ အေးစိမ့်နေတာကိုး”
ရာသီဥတု သုံးမျိုးတွင် ထင်ရှားကွဲပြားစွား တွေ့ မြင်ရသော သက်ဆိုင်ရာ ရှုခင်းများကို ကျွန်တော့်ဇနီးက
မှန်းဆမြင်ယောင်သော မျက်လုံးများဖြင့် ပြောပြခဲ့ပါသည်။
“ မြ … ဒီမှာ နေရတာ မပျော်ဘူးလား”
ကျွန်တော် မြအား စူးစိုက်စွာကြည့်ရင်း မေးမိတော့ မြက ကျွန်တော့်ကို ပြုံးရယ်ကာ ခေါင်းယမ်းပြခဲ့၏။
“ အို… အဲလို အဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး အစ်ကိုရယ်”
ယခုမှ ကျွန်တော် သတိထားမိသည်။ မြသည် ဤနေရာမှာ နေရတာ ပျော်ပါသည်ဟုတော့ မဖြေခဲ့ပါ။ ကျွန်တော် မြကို
စိတ်မတွေ့ သည့်အခါ ဆူပူကြိမ်းမောင်းမိသည့် အဖြစ်များစွာကို ယခုအခါ ပြန်လည် စဉ်းစားပုံဖော်ကြည့်မိတော့ မြ၏
မျက်ရည်များတွင် နာကြည်းမှုများ မပါဝင်ပါဘူးဟု စိတ်သက်သာရာ ရမိသည်။
ကျွန်တော်နှင့်မြ ကတောက်ကဆ စကားများပြီးလျှင် ကျွန်တော်ကသာ ဗြုန်းခနဲ အလျှော့ပေးပြီး
ထထွက်သွားရသည်ချည်းပင် ဖြစ်ပါသည်…. ဟု ကိုယ့်ကိုယ်ကို လုံခြုံစွာ ဆင်ခြေပေးမိ၏။ ညဥ့်နက်မှ အိမ်သို့  ပြန်ဝင်လေ့ရှိပြီး
အိမ်သို့  ရောက်သည့်အခါတိုင်း ကျွန်တော့်ဒေါသတွေက ပြေပြီးပြီ။ မြကို ပုံမှန်အတိုင်း နူးညံ့သာယာစွာ စကားပြောဖို့  အဆင်သင့်
စိတ်ထားမျိုးဖြင့် ကျွန်တော် အိမ်ပြန်လာလေ့ရှိပါသည်။ သည့်အတွက် ကျွန်တော်သည် ကိုယ့်ကိုယ်ကို သဘောထားကြီးမြင့်သော
ယောက်ျားအဖြစ် ကျေနပ်ဂုဏ်ယူလေ့လည်း ရှိပါသည်။ သို့ သော် ယခုအချိန်ကျမှ ကျွန်တော် မှန်းဆပုံဖော် တွေးမိပြန်သည်မှာ
ကျွန်တော်နှင့် စကားများ ရန်ဖြစ်ပြီးနောက် ကျွန်တော် အိမ်မှ ထွက်ခွာသွားသော အချိန်တိုင်း မြသည် သူမ၏ ဒေါသများ၊
နာကြည်းမှုများ၊ ၀မ်းနည်းမှုများကို ဘယ်လို ဖြေဖျောက် လမ်းလွှဲယူသလဲ။ ယောက်ျားနှင့် မျက်နှာခြင်းဆိုင် ရန်တွေ့ 
ဖြေရှင်းချင်သေးသော သူမရင်ထဲမှ စကားများကို ဘယ်မှာ သွန်ချ၍ ပြီးဆုံးစေခဲ့သလဲ။ ဒါတွေကို ကျွန်တော် မသိပါ။
ကျွန်တော်သိသည်မှာ ကျွန်တော် ဒေါသပြေပြီး အိမ်ပြန်ရောက်လာချိန်တွင် မြသည် ၀ရန်တာမှာ ထွက်၍ မတ်တတ်ရပ်ပြီး
ကောင်းကင်သို့  မော့ကြည့် နေတတ်၏။ ကောင်ကင်မှာ တိမ်တွေရှိချင်ရှိမည်။ သို့ မဟုတ် လခြမ်းကွေးကလေး ရှိချင်ရှိမည်
သို့ မဟုတ် လပြည့်ဝန်း ရှိချင်ရှိမည်။ သို့ မဟုတ် ကြယ် အနည်းအပါး ရှိချင်ရှိမည်။


“မြ” ဟု ကျွန်တော် စတင်နှုတ်ဆက်သည့်အခါ မြသည် ဘာမျှ နာကျင်မှုမရှိ ပကတိ ရှင်းလင်းသော မျက်နှာပေးဖြင့်
“အစ်ကို” ဟု ညင်သာစွာ ထူးတတ်သည်။ ကျွန်တောက လက်နှစ်ဖက် ကမ်းလျက် ပြုံးပြလိုက်သည့် အခါ မြသည် ကျွန်တော်တို့ 
နှစ်ဦးအကြားဘာမျှ အတားအဆီး မရှိခဲ့ဘူးလေဟန်ဖြင့် ကျွန်တော့် ရင်ခွင်ထဲသို့  အလိုက်သင့် ၀င်ရောက်လာတတ် လေသည်။
အိမ်မှ ဆင်းဆင်းချင်း လှေကား အချိုးအကွေ့ များမှ တွေ့ ရာ အုတ်နံရံကို လက်သီးဖြင့် ထိုးလျက် ဒေါသကို
လမ်းကြောင်းလွှဲပစ်ရသော ကျွန်တော့်အဖြစ်ကို မြမသိ။ ထို့ အတူပင် ကျွန်တော်မရှိသည့် အချိန်ကာလ အတွင်း မြ၏ ဒေါသ
တို့ ကို ဘယ်အရာဖြင့် လမ်းကြောင်းလွှဲပစ်ခဲ့ရသလဲဟု မြကို ကျွန်တော် မမေးမိ။ မမေးမိခဲ့ပါ။ ပထမပိုင်း ကာလများဆီကတော့
မိန်းမတစ်ယောက်၏ ဒေါသကို လမ်းကြောင်းလွှဲပေးစရာ ပစ္စည်းကိရိယာ အစုံအလင် မီးဖိုချောင်ထဲမှာ ရှိသည်ဟု စိတ်ချထားခဲ့၏။
မြသည် ကြက်ဥများကို ပေါက်ခွဲပစ်နိုင်သည်။ ဖန်ခွက်များ၊ ကြွေပန်းကန်များကို ပေါက်ခွဲပစ်နိုင်သည်။ သို့ သော် နောက်ပိုင်းမှာ
ထို့ သို့ မဟုတ်မှန်း ကျွန်တော် သိလာခဲ့သည်။ မြသည် ကျွန်တော့်အပေါ် သက်ရောက်နေသည့် သူမ၏ ဒေါသအတွက်
ဘယ်အရာဖြင့် အစားထိုးပေးခဲ့သလဲ။ ဘယ်အရာအပေါ် လမ်းလွှဲ ပေးအပ်ခဲ့သလဲ။ ကျွန်တော် မသိနိုင်တော့သည့်
အခြင်းအရာသာ ဖြစ်ပါသည်.
ဝရန်တာမှာ မျှော်ကြည့် မော့ကြည့်တတ်သည့် မြ၏ အကျင့်ကို ကျွန်တော် အိမ်ပြန်ချိန်အား စောင့်မျှော်ရာမှ ရသည့်
အကျင့်ဟုပင် ကျွန်တော် ထင်ခဲ့သည်။
* * *
မြို့တော်ကြီးကို မြ စိတ်ကုန်လာသည်ကို ကျွန်တော် သိသောအခါ မြ၏ စိတ်အပြောင်းအလဲအတွက် ခရီးထွက်ရန် ကျွန်တော်
ကြိုတင်ကြံစည်ပြီး မြကို အနီးကပ် အချိန်ရောက်မှ ဖွင့်ပြောခဲ့သည်။
“ မြရေ… ကိုယ်တို့  ဟောဒီမြို့ကြီးကနေ ဆယ်ရက်လောက် ထွက်ပြေးကြစို့ လား။ မြသွားချင်တဲ့ တောင်းတန်းတွေ၊
လယ်ကွင်းတွေ၊ မြစ်တွေဆီ၊ နောက်ပြီး လတ်ဆတ်တဲ့ လေတွဆီကို သွားကြမယ်”
ကျွန်တော် မျှော်လင့်ထားသည်က မြသည် မျက်ဝန်းများ တောက်ပလျှက် တအံ့တသြ ကြည်နူးပျော်ရွှင်စွာ
ရယ်မောပေလိမ့်မည် ဟူသည့် အဖြစ်အပျက်။ သို့ သော် တကယ်တမ်းကျတော့ မြသည် မထူးခြားသော သာမန်Aပြုံးကလေးဖြင့်
လက်ခံခဲ့သည်။
“ မြတို့ ရွာကလေးကို သွားလည်ချင်သလား မြ”
မြက ဖြည်းညင်စွာ ခေါင်းခါယမ်းပါသည်။


“ အဲဒီမှာ အဖေသည် မရှိတော့ဘူး အမေလည်း မရှိတော့ဘူးလေ အစ်ကို။ ကျွန်မ တွယ်တာစရာ ဘာမှ မရှိတော့တာ၊
ကျွန်မရဲ့ မြို့ကလေးဟာ တခြားမြို့ကလေး သုံးလေးဆယ်လိုပါပဲ။ ပိုပြီး မထူးခြားနိုင်ပါဘူး။ အစ်ကို သွားချင်တဲ့ မြို့ကို
သွားကြတာပေါ့”
ကလော၊ ပင်းဒယ၊ မန္တလေး၊ စစ်ကိုင်း နှင့် ပုဂံ၊ ညောင်ဦးမြို့များသို့  ခရီးထွက်ရန် ကျွန်တော် ဆုံးဖြတ်လိုက်ရပါသည်။
ရထားခရီးစဉ်၊ ကားခရီးစဉ်နှင့် မြ၏ စိတ်ကြည်လင်မှု အတွက် သင်္ဘောခရီးစဉ်ကိုပါ ထည့်၍ စီစဉ်လိုက်ပါသည်။
တောင်ပေါ်ဒေသ ရှုခင်း၊ အညာရှုခင်း၊ ဘုရားစေတီပုထိုးများ ရှုခင်းနှင့် အတူ အဆုံးမရှိ ကျယ်ပြန့်  လှသော
ကောင်းကင်ပြင်နှင့် မရေတွက်နိုင်အောင် များပြားပြည့်နှက်နေသော လင်းလက်သည့် ကြယ်ကလေးများ၏ ရှုခင်းသည်
မြကိုသာမက ကျွန်တော့်ကိုပင် ကြည်နူး လှိုက်လှဲစေခဲ့သည်။ ပြန်တွေးကြည့်တော့ ထိုခရီးကာလ ဆယ်ရက်သည်
ကျွန်တော်နှင့် မြအကြားမှာ ဘာရန်စကားမှ မဆိုရသော၊ ဘာဒေါသမှ မထွက်ရသော ချမ်းမြေ့ ဆိတ်ငြိမ်သည့် အဖိုးတန်ကာဘ
ကလေးပဲ ဖြစ်သည်။
နောက်နှစ်တွေမှာလည်း သည့်ထက်ပို၍ ရက်အားရအောင် စီစဉ်ပြီး မြနှင့် ကျွန်တော် နှစ်ယောက်အတူ
ခရီးထွက်ကြမည်။ ဆယ်ရက်တာမျှ ငြိမ်းချမ်းကြည်နူးစွာ အသစ်ဖြစ်တည်သော ချစ်ခြင်းဖြင့် ကျွန်တော်တို့  နှစ်ယောက်သည်
လာမည့် တစ်နှစ်တာကာလကို ရင်ဆိုင်ရန် ခွန်အားသတ္တိများကို ရရှိပေလိမ့်မည်။
ထိုအတွေးသည် ကျွန်တော့်ရင်ထဲမှာသာ တိုင်တည်ဆုံးဖြတ်လျက် မြကို မပြောမိသော အတွေးဖြစ်သည်။ မြကို
ဘာကြောင့် မပြောမိပါလိမ့်ဟု ပြန်တွေးကြည့်တော့လည်း ရေရေရာရာ မသိ။ ပြောဖို့  စဉ်းစားပြီး မပြောလိုက်မိတာလား။
သို့ မဟုတ် ပြောဖို့ ကို သတိမရတာလား၊ ကျွန်တော် မခွဲခြားနိုင်ခဲ့ပေါ။
ကျွန်တော် ဘယ်တော့မျှ မမေ့နိုင်တော့မည့် ညတစ်ညရှိသည်။ ထိုညသည် ကျွန်တော်တို့  ခရီး၏ နောက်ဆုံးည
ဖြစ်သည်။ ပုဂံ ညောင်ဦးမှ အပြန်တွင် ကျွန်တော့် ဆွေမျိုးများ ရှိသော မြို့သေးသေးကလေး တစ်မြို့မှာ ကျွန်တော့်ဆန္ဒဖြင့်
တစ်ရက် ၀င်နားခိုကြသည်။ ထိုကာလသည် ကျွန်တော်နှင့်မြ၏ ဘ၀မှ နှုတ်ယူ၍ ပြန်နှုတ်ယူလိုက်ချင်သော ကာလကလေး
ဖြစ်၏။ တကယ့် အဖြစ်မှန်တွင် ကျွန်တော်တို့ သည် မိမိတို့ ဘ၀မှ မည်သည့် ဂဏန်းတစ်လုံးကိုသော်မျှ နှုတ်ယူခွင့် မရနိုင်ပါ။
ကျွန်တော်တို့ တည်းခိုသည့် အိမ်သည် ခြံဝိုင်းကျယ်ပြန့် ပြီး ခြေတံရှည် သစ်သားအိမ်ကြီး ဖြစ်သည်။
ရေနံချေးသုတ်ထားပြီး မည်းနက်ခိုင်ခံ့သော အိမ်ကြီးဖြစ်သည်။ မြ အလွန်သဘောကျသော အိမ်အမျိုးအစား ဖြစ်သည်။
ထို့ ထက်ပို၍ မြကို အံ့သြရွှင်လန်းစေသည့် (ဟု ကျွန်တော် ထင်ခဲ့သော) အရာမှာ ခြံဝိုင်းရှေ့ က ရေတွင်းကြီးပင် ဖြစ်သည်။
ရေတွင်းကြီးသည် အချင်း ငါးပေနီးပါး ကျယ်ဝန်း၏။ ရေတွင်းပေါင်မှာ ထုထည် ထူထဲစွာ နိမ့်သော ဘိလပ်မြေ
ကိုင်ထားသည့် ပေါင်ဖြစ်သည်။ ရေတွင်း နှုတ်ခမ်းပေါင်သည် ကျွန်တော့်လက်နှင့် ထိလိုက်သောအခါ အေးစိမ့်သည့် အတွေ့ ကို
ပေး၏။ သမံသလင်း အရောင်သည် လရောင်အောက်မှာ ပြောင်လက် ချောမွတ်နေလေသည်။ လူတွေ ပွတ်တိုက်ပါများ၍


ချောမွတ်နေသော ရေတွင်းနှုတ်ခမ်းကို ကျွန်တော် လက်ထောက်မှီပြီး ရေတွင်းထဲ ငုံကြည့်လိုက်သောအခါ ဟိုးအောင်ခြေရှိ
ရေပြင်၌ လပြည့်လ၏ အရိပ်ကို မြင်ရသည်။ ထို့ နောက် ကျွန်တော့်မျက်နှာအဖြစ် ခပ်မည်းမည်း အရိပ်၊ ထို့ နောက် မြ၏ အရိပ်။
မြကလည်း ကျွန်တော် ငုံကြည့်သလိုပင် ငုံ့ ကြည့်လျက် ရယ်မောလိုက်သည်။ မြ၏ ရယ်သံသည် ရေတွင်း၏ နက်ရှိုင်းမှု၊
လုံခြုံမှုကြောင့် လိုဏ်သံပေါက်ကာ ထူးဆန်းသော ရယ်သံတစ်ခုပမာ ထင်ရသည်။ ကျွန်တော် မြကို လှည့်ကြည့်လိုက်သည်။
“ ဘာရယ်တာလဲ မြ”
မြက ပြုံးလျက် ကျွန်တော့်ကို ကြည့်၏။
“ ကျွန်မ ငယ်ငယ်တုန်းကပေါ့… ငယ်ငယ်ဆို တော်တော်လေးကို ငယ်တုန်းကပါပဲ။ ကောင်းကင်လဟာ ဘာလဲလို့ 
မသိတတ်အောင် ငယ်သေးတဲ့ အရွယ်ပေါ့။ အဲဒီတုန်းက လကို သိပ်လိုချင်ခဲ့တာ”
ကျွန်တော် ခပ်ဟက်ဟက် ရယ်မောမိသည်။
“ လိုချင်ပေမယ့် လက ဝေးလွန်းတယ်ဆိုတာတော့ သိနေသတဲ့ အစ်ကိုရဲ့… အဲဒီလိုနဲ့  တစ်နေ့ ကျတော့ အဖေက
ကျွန်မကို ချီပြီး ကျွန်မတို့ အိမ်ရှေ့ က ရေတွင်းကြီးထဲကို ငုံ့ ကြည့်ရတော့ ရေတွင်းထဲက လကို မြင်တာကိုး။ ဒီတော့
ကောင်းကင်က လဟာ သိပ်ဝေးတယ်။ အဖေ ယူပေးနိုင်မှာမဟုတ်ဘူး။ ရေတွင်းထဲက လကတော့ နီးတယ်။ ရေပုံးကြိုးနဲ့ 
ငင်ယူရင် အဖေယူပေးလို့  ရမှာပဲလို့  တွက်သတဲ့။”
မြ၏ အသံမှာ ကလေးတစ်ယောက်ကို ပုံပြောပြနေသည့် အသံမျိုး ဖြစ်သည်။ ကျွန်တော်သည် ရေတွင်း
အုတ်သမံသလင်းပေါင်ကို မှီလျက် မြ၏ မျက်နှာကို ခပ်ဆဆ ငေးကြည့်နေမိသည်။
“ အဲဒီတော့ အဖေ့ကို ယူခိုင်းတာပေါ့။ အဖေက ရယ်လိုက်တာ မပြောပါနဲ့တော့။ ဒါပေမယ့် အဖေက ကျွန်မကို
အလိုလိုက်ပါတယ်။ ရေဖြည့်ထားတဲ့ ဗာလီချိုင့်သေးသေးကလေး မြေကြီးမှာ ချပေးပြီး အဲဒီထဲမှာ ပေါ်နေတဲ့ လကလေးကို
ကျွန်မကို ပေးရော၊ ကျွန်မက ငြင်းသတဲ့။ ဒီလက သေးသေးလေး၊ ရေတွင်းထဲက လက အကြီးကြီးလို့  ပူဆာသတဲ့။”
မြက တစ်ချက်ရယ်ပြန်သည်။
“ အဲဒီတော့ အဖေက ကျွန်မကို ဘယ်လောက် အလိုလိုက်သလဲဆိုရင် ရေတွင်းထဲကလကို ကျွန်မ အမိန့် အတိုင်း
ရေပုံးနဲ့  ခပ်ခပ်ပေးတာ ရေတွင်းဝလည်းရောက် ရေပုံးထဲက လကလည်း ပျောက်၊ ရေတွင်းထဲမှာ လကကျန်နေ၊ အဲဒီလို ထပ်ကာ
ထပ်ကာ ရေငင်ပြီးမှ ကျွန်မကို ဖေဖေက ချော့ရသတဲ့”
“ ဒါဖြင့် မြက တော်တော်ဆိုးခဲ့တာပေါ့နော်။ တော်ပါသေးရဲ့ မြရယ်၊ အခုနေများ ရေတွင်းထဲက လကို ယူခိုင်းရင်
ကိုယ်တော့ ဒုက္ခပဲ”
မြ ကျွန်တော့်ပခုံးကို မှီနွဲ့ ကာ ရယ်မောသည်။
“ အို… အစ်ကို့ ကိုတော့ ရေတွင်းထဲက လကို မပူဆာတော့ပါဘူး။ ကောင်းကင်က လကိုပဲ ပူဆာတော့မှာပေါ့”


ကျွန်တော့်မြက စနောက်တတ်လေသည်ဟု ကျွန်တော် သဘောကျစွာ ရယ်မောခဲ့ပါသည်။
ထိုညက ကျွန်တော်တို့ နှစ်ယောက် ကြည်နူးစွား အိပ်မျောကျ သွားခဲ့သည်။ အနည်းဆုံးပေါ့လေ၊ ကြည်နူးစွာ အိပ်မော
ကျသွားခဲ့သည်ဟု ကျွန်တော် ထင်ပါသည်။
သို့ သော် နောက်တစ်နေ့  နံနက် အရုဏ်တတ်ချိန်တွင် ကျွန်တော့်ဘေးမှာ မြမရှိ။ အိမ်သာမှာ တောမြို့များ၏
ထုံးစံအတိုင်း အိမ်နှင့် ခပ်လှမ်းလှမ်းတွင် ရှိသဖြင့် အိမ်သာသို့  သွားလိုလျှင် ကျွန်တော့်ကို နှိုးရန် မြကို မှာထားခဲ့သည်။ သို့ သော်
ကျွန်တော် လိုက်သွားသော အခါတွင်လည်း ထိုနေရာမှာ မြမရှိ။ အိမ်ရှေ့  မျက်နှာသစ် ရေချိုးရာ ရေတိုင်ကီများ၊ စဥ့်အိုးများရှိရာ
နေရာမှာလည် မြမရှိ။
“ မြရေ”
တစ်အိမ်လုံး နိုးသွားသောအခါ မြကို နေရာအနှံ့  လိုက်ရှာကြသည်။ အိမ်ပတ်ဝန်းကျင် တစ်ခုလုံး ဘယ်နေရာမှ မြမရှိ။
ကျွန်တော် နားမလည်နိုင်မှုသာ များလျှက် စိုးရိမ်သောက က တဖြည်းဖြည်းမှ ၀င်ရောက်လာခဲ့သည်။
“ မြ …”
နောက်ဆုံးမှာတော့ ကျွန်တော် ဘယ်လိုမှ မထင်မှတ်ခဲ့သော အဖြစအပျက်ကို ချောက်ချားနာကျင်စွာ ကျွန်တော်ရင်ဆိုင်
လိုက်ရသည်။ ရေစိုရွှဲနေသော မြ၏ အလောင်းကို ကျွန်တော် မြင်လိုက်ရသောအခါ ကျွန်တော်သည် သောကနှင့်
နာကျင်ကြေကွဲမှု၊ ချောက်ချား တုန်လှုပ်မှုတို့ ဖြင့် သတိလက်လွတ် ဖြစ်သွားခဲ့ရပါသည်။
မြ ဘာဖြစ်သွားခဲ့သည်ဟု ကျွန်တော် မသိပါ။
၆ နှစ်တိုင် ရင်းနှီးခဲ့သော မြမှာ ဘာစိတ်ရောဂါမရှိကြောင်း ကျွန်တော်သာလျှင် အသိဆုံး ဖြစ်ပါသည်။ မြသည်
ဘယ်တုန်းကမှ ခပ်ကြောင်ကြောင် စရိုက် ရှိသူလည်း မဟုတ်။ မြသေသွားရင် အစ်ကို သိစေ့မယ့်… ဟူသည့် နာကြည်းစကား
တစ်ခွန်းသော်မှ ဒေါသအလျောက် ပြောဆိုခဲ့ခြင်းမရှိ။ အများတကာလို စာကလေး တစ်ကြောင်းတစ်လေမှလည်း
ထားရစ်ခဲ့ခြင်းမရှိ။ ကျွန်တော်နှင့်မြသည် ညအိပ်ရာဝင်သည်အထိ ရန်စကား တစ်ခွန်းသော်မှ မဆိုခဲ့ကြ။ မြ စိတ်အနှောင့်မယှက်
ဖြစ်မည့် စကား တစ်ခွန်းသော်မှ ကျွန်တော်ကလည်း မပြောခဲ့မိ။ ကျွန်တော်တို့ နှစ်ယောက် စိတ်လက်ပေါ့ပါးစွာ
ရယ်မောခဲ့ကြသည် မဟုတ်လား။
ဖြစ်နိုင်သည်မှ ရေတွင်းပေါင်နှုတ်ခမ်းသည် လိုအပ်သည်ထက်ပို၍ ချောမွတ်နေခြင်း၊ သာမန်ရှိသင့်သည့် အမြင့်ထက် ပို၍
တော်တော်နိမ့်နေခြင်း၊ ရေတွင်းဘေးက အောက်ခြေ အုတ်သမံတလင်းသည် ရေညှိတက်၍ ချောနေခြင်း…. ထိုအချက်များအရ
မတော်တဆ ပြုတ်ကျခဲ့သည်ဟု ကျွန်တော်တို့  ကောက်ချက်ချရပါလိမ့်မည်။ ချစ်လှစွာသော ဇနီးသည် တစ်ယောက် အိပ်ရာထဲမှ
ထသွားသည်ကို မသိလိုက်လေခြင်း၊ အလန့် တကြား အော်လိုက်သည့် အာမေဍိတ်သံကိုပင် မကြားလိုက်လေခြင်းဟု နောင်တနှင့်
ဂျူး မြ ရဲ့ လ
NNN
ရှက်ရွံ့ မှုများစွာဖြင့် ကြေကွဲ တုန်လှုပ်သွားရသော ကျွန်တော်သည် မြ၏ ဖြစ်နိုင်ခြေများကို တွက်ချက်စဉ်းစား၊
အဓိပ္ပါယ်ကောက်ရန် ဘယ်တော့မှ ခေါင်းအေးအေး၊ သွေးအေးအေး တည်ငြိမ်နိုင်တော့မည် မဟုတ်ပါ။
မည်သို့ သေဆုံးသည်ဖြစ်စေ ကျွန်တော့်ဇနီးကတော့ သေဆုံးခဲ့ပြီ။ ကျွန်တော့်ကို တစ်ယောက်တည်း ထားရစ်ခဲ့ပြီ။
မည်သို့ သေဆုံးသည်ဖြစ်စေ ကျွန်တော့်ဇနီးသည် ရေတွင်းဆီသို့  ကျွန်တော် မသိလိုက်ပဲ နောက်တစ်ကြိမ်သွားဖို့ 
ကြိုးစားခဲ့ပြီ။ ဘာကြောင့် သွားခဲ့ပါသလဲ။ ကျွန်တော် မသိပါ။ ကျွန်တော် မြကို နားလည်ခဲ့သည်ဟုများ တစ်ခါတုန်းက
ကိုယ့်ကိုယ်ကို ထင်ခဲ့မိပါသလား။ ဒါဆိုလျှင် ကျွန်တော်သည် အလွန် မှားယွင်းသော လူတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။
ကျွန်တော်သည် လောကကြီးထဲမှာ ပျော်ရွှင်တတ်သော လူတစ်ယောက် ဖြစ်ခဲ့သလားဟု ကိုယ့်ကိုယ်ကို
ပြန်မေးကြည့်မိသည်။ ကျွန်တော် ယခင်က ဘယ်လို ခံစားချက်ရှိခဲ့မှန်း ကျွန်တော် မသိနိုင်တော့ပါ။ ယခုအခါ အတိတ်ဘ၀နှင့်
ပတ်သက်သည့် မှတ်ဥာဏ်များ ကျွန်တော့်ထံမှ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ပါပြီ။ ဘယ်အချိန်မှစ၍ မှတ်ဥာဏ်တွေ
ပျောက်ကွယ်ခဲ့ပါသလဲ။ ကျွန်တော် မှန်းဆကြည့်မိသမျှတော့ ၀ရန်တာမှနေ၍ ကောင်းကင်ကို မော့ကြည့်သည့် အလေ့အကျင့်ရပြီး
သိပ်မကြာမီမှာပင် ကျွန်တော်၏ မှန်ဥာဏ်များ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။
ကောင်းကင်ဆီမှ ကျွန်တော်ဘာကို စောင့်ကြည့်ခဲ့ပါသနည်။ တိမ်တွေလား၊ ကြယ်တွေလား၊ လကိုလား၊
လောလောဆယ် ကျွန်တော် မြင်နေရသည်မှာတော့ လပြည့်လပင် ဖြစ်ပါသည်။
လသည် လူသားတစ်ယောက်၏ မှတ်ဥာဏ်ကို ဖျက်ဆီးပစ်တတ်ပါသလား။ မည်သည့် ဂုဏ်သတ္တိများဖြင့်
ဖျက်ဆီးလိုက်ပါသနည်း။ မည်သည့် အတိုင်းအတာအထိ ဖျက်ဆီးလေ့ ရှိပါသနည်။
ပြောရလျှင်တော့ လသည် ကျွန်တောအတွက် အလွန်ခက်ခက်သော ပုစ္ဆာတစ်ပုဒ် ဖြစ်ပါသည်။
[ ၁၉၉၆ခု၊ ဇန်န၀ါရီလ၊ ကလျာ မဂ္ဂဇင်း]

No comments: