Tuesday, July 29, 2008

ည၏ရင်ခုန်သံ

ကျွန်မသည်တောရွာလေးတစ်မြို့မှ ရန်ကုန်မြို့ရှိဦးလေထံသို့အလည်လာခဲ့လေသည်။ ရန်ကုန်မှာဆွေမျိုးဆိုလို့ ဒီဦးလေးပဲရှိတာလေ။ ဦးလေးကလည်းသဘောလည်းကောင်းတယ်၊ သူ့မှာသားသမီးလည်း မရှိဆိုတော့ကျွန်မကိုသမီးအရင်းလိုပဲ ချစ်ရှာတယ်လေ။ သူ့အိမ်မှာလည်း ဆွေမျိုးအရင်းအချာဆိုလို့ ကျွန်မအပြင်သူ့အဒေါ်တစ်ယောက်ပဲရှိတာ။ ကျန်တာက ဟင်းချက်တဲ့အဒေါ်ကြီး နဲ့ ကားမောင်းသမားဦးလေးကြီး ဒီလောက်ပါပဲ။ ဦးလေးအမျိုးသမီးကလည်း ပြီးခဲ့တဲ့နှစ်ဆောင်းဦးပိုင်းလောက်မှာ
ဆုံးသွားရှာတော့ ဦးလေးခမျာတစ်ကိုယ်တည်းအထီးကျန်ပြီး တစ်နှစ်ပတ်လုံး သူ့စီးပွားရေးကိုပဲ
 အာရုံစိုက်ပြီးဇောက်ချလုပ်ခဲ့တယ်။ ဦးလေးရုံးသွားရင် အဒေါ်(ကျွန်မရဲ့အဖွား) နဲ့အဖော်ပြုပြီးကျန်ရစ်ခဲ့တယ်လေ။ ကျွန်မအတွက်လည်း ဘယ်သူမှသိပ်အ၀င်အထွက်မရှိတဲ့ အခန်းလေးတစ်ခန်းမှာ နေထိုင်စေတယ်။ အဲဒီအခန်းလေးကလည်း နေ့လည်နေ့ခင်းဆို တော်တော်ဝင်လေထွက်ကောင်းတယ်လေ။ နေ့လည်ဘက်ဆိုစာအုပ်လေးဘက်ရင်း စိတ်ကူးရင်လို့ကောင်းမယ့် နေရာလေးလိုဖြစ်နေတာပေါ့။

ဒါပေမယ့်အဲဒီအခန်းလေးဟာ နေ့ဘက်စိတ်ကူးးယာဉ်ကမ္ဘာလေးဖြစ်ပေမယ့် ညဘက်ဆိုရင်ခုန်ဖွယ် ကမ္ဘာလေးဖြစ်နေပြန်တယ်။ ကျွန်မအိပ်ယာရဲ့ မလှမ်းမကမ်းအကွာမှာ အံဆွဲပါစာအုပ်တင်စားပွဲလေးတစ်လုံး ထားထားတယ်။ တစ်ရေးနိုးအသံဗလံကြားလို့ နားစွင့်မိတိုင်း စားပွဲလေးရဲ့တစ်နေရာကိုခေါက်နေတဲ့အသံ ညတိုင်းကြားရတယ်။ အစကတော့ အိမ်မြောင်တို့ ပိုးကောင်တို့ပဲနေမှာပဲဆိုပြီး အမှတ်မထားပဲနေမိခဲ့တယ်။

နေ့အတော်ကြာလာတာနဲ့အဲဒီအသံဟာပိုပိုအရှိန်ပြင်းလာတယ်။ အိပ်မရတဲ့ညတွေလည်း နေ့စဉ်ရက်ဆက် လာတော့ အဖွားကိုပြောတော့လည်း သမီးရယ် ဒီအခန်းလေးက အတော်သန့်ရှင်းပါတယ်၊ လေ၀င်လေထွက်လည်း ကောင်းတယ်၊ ပြီးတော့ ဘယ်သူမှ လာမအိပ်ဖူးဘူး။ ဒီအခန်းကိုစာကြည့်တိုက်အနေနဲ့ အလှထားတဲ့အခန်းသမီးရဲ့။ တခြားဘာအနှောက်အယှက်မှမရှိပါဘူး၊ ကြွက် တို့ ပိုးဟက် လိုအကောင်တွေ သောင်းကျန်းတာနေမှာပါ လို့ပြောပြီး စိတ်ဖျေသိမ့်ပေးပြီးအိပ်ပျော်အောင် အိပ်ခိုင်းတယ်။

ညတိုင်းဟာမူမမှန်တော့ပဲ တစ်ယောက်တည်းစိတ်ချောက်ချားလာတယ်။ ရွာပြန်ချင်စိတ်တောင် ပေါက်လာတော့တယ်။ နေတာလည်းသိပ်မကြာသေးလှတော့ ဦးလေးကဘာကြောင့်ပြန်ချင်တာလည်းမေးရင် အဖြစ်မှန်ပြောပြန်ရင်လည်း ဦးလေးစိတ်မကောင်းဖြစ်ရမယ်၊ အဖွားရဲ့သင်ခန်းစာကိုလည်း ငြိမ်ပြီးနားထောင်ရ အုံးမယ်။ ဒီလိုနဲ့ဘဲမပြန်ဘဲ ဇွတ်မှိတ်အိပ်ခဲ့တယ်။

ညအိပ်မရတဲ့ရက်တွေများလာတော့ တစ်ရက် ညနေစာထမင်းစားပြီး၆:၃၀ လောက်မှိန်းခနဲအိပ်ပျော်သွားတယ်။ ဘယ်လောက်တောင်အိပ်ပျော်သွားမှန်းမသိဘူး၊ တစ်ရေးနိုးတော့ ညဥ့်သန်းခေါင်နှစ်နာရီကျော်နေပြီ။ ရုတ်တရက်သတိရပြီး စားပွဲခုံကို လှမ်းကြည့်လိုက်တော့ အသက်၃၀အရွယ် မျက်နှာစိမ်းအမျိုးသမီးတစ်ယောက် စားပွဲနားမှာနေပြီး ကျွန်မကိုရပ်ကြည့်နေတာတွေ့လိုက်ရတယ်။

အဲဒီအမျိုးသမီးဟာကျွန်မအနားကို တဖြည်းဖြည်းနီးကပ်လာပြီး တစ်ခုခုလုပ်မယ် ပြင်တယ်။ ကျွန်မကလည်း ဘာအငြိုးရှိလို့ဒုကပေးချင်ရတာလဲလို့မေးတော့ ဒုက္ခပေးချင်လို့မဟုတ်ပါဘူး၊ သူ့ကိုတစ်ခုကူညီပါတဲ့။ ဘာကိုကူညီရမှာလည်းမေးတော့ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ တစ်လုံးတစ်လေမှမပြောမိစေဖို့မှာတယ်။ ကျွန်မလည်း ရှင်သာနောက်ထပ်မနှောက်ယှက်တော့ဘူးဆိုရင် မပြောတော့ဘူးလို့ ကတိပေးလိုက်တယ်။

ကျွန်မဟာဒီအိမ်ပိုင်ရှင်ရဲ့ အမျိုးသမီးပါ၊ ပြီးခဲ့တဲ့ဆောင်းရာသီနှစ်ဦးပိုင်းက ခရီးကအပြန်ကားတိုက်မိလို့ ဆုံးသွားတာပါ။ ဒီစားပွဲအံဆွဲထဲမှာ စာတစ်စောင်ရှိတယ်၊ အဲဒါ ကျွန်မလက်မထက်ခင် အချစ်ဦးပေးထားတဲ့စာပါ။ မပြစ်ရက်လို့သိမ်းထားတာ ကျွန်မသေသွား တဲ့အထိပါပဲ။ အဲဒီစာအတွက်အခုစိတ်မအေးဖြစ်နေရပါတယ်။ ဒီအခန်းမှာ မသိအောင်ဝှက်ထားခဲ့တာ၊ ဒီစာအတွက်နဲ့ပဲဒီကမခွာနိုင်ဖြစ်နေရပါပြီ၊ အဲဒီစာကို ကျွန်မရှေ့တင် မီးရှို့ပေးပါ၊ ပြီးရင်ဒီအိမ်ကနေအပြီးအပိုင်ထွက်ခွာသွားတော့မယ် လို့တောင်းပန်တယ်။

အဲဒါနဲ့အံဆွဲကိုဖွင့်လိုက်တော့ အဲဒီအမျိုးသမီးဓာတ်ပုံကပ်ထားတဲ့ ဒိုင်ယာယီ စာအုပ်တွေ့တယ်။ အဲဒီစာအုပ်ကိုလှန်လှောလိုက်တော့ ပန်းနုရောင်စာအိတ်လေး တစ်အိတ်တွေ့တယ်။ ဒီစာလားလို့မေးတော့ ခေါင်းငြိမ့်ပြတယ်။ သူ့ရှေ့တင်ပဲ မီးရှို့ပေးလိုက်တယ်။ မီးရှို့ပြီးနောက်မှာတော့ ကျေးဇူးတင်ပါတယ်လို့  ပြောပြီးပျောက်ကွယ်သွားတော့တယ်။ နောက်နေ့ညဆိုလည်းဘာအသံဗလံမှ မကြားရတော့ပဲ ကောင်းမွန်စွာ အိပ်စက်နိုင်တော့တယ်။

မှတ်ချက်။ ။ (Lilly ကိုးတန်းတုန်းက အင်္ဂလိပ်စာမှာ ဝတ္ထုနဲ့ပတ်သတ်ပြီးသင်ရတယ်။ အဲဒီတော့ဆရာမက သင်ခန်းစာနဲ့ကိုက်ညီအောင်ဆိုပြီး တစ်ယောက်ကိုဝတ္ထုတစ်ပုဒ်ဆီ ရေးခိုင်းတယ်။ အဲဒီဝတ္ထုကလည်း အစပိုင်းအဆင်မပြေဖြစ်ပြီးမှ နောက်ပိုင်းပြေလည်သွားမယ့် ဇာတ်လမ်းမျိုးလေ။ အဲဒါနဲ့ ဝတ္ထုတစ်ပုဒ်ရအောင်ဖတ်ပြီိး အဲဒီဝတ္ထုကိုရေးပြီးတင်လိုက်တယ်။ အဲဒီဝတ္ထုကို ဝိုင်းထဲကသူငယ်ချင်းတွေအပြင် ကျောင်းကသူ့အတန်းထဲက တပည့်တွေ  အားလုံးကိုလည်း ဖတ်ပြတယ်။ အဲဒီဇာတ်လမ်းက အပေါ်က ဇာတ်လမ်းလိုမျိုးလေ။ ကိုယ့်ဟာကိုယ် ဇာတ်လမ်းပြန်ရေးပြီးတင်ထားတာ။ အဲဒီဇာတ်လမ်းကို သဘောတရားပဲ မှတ်မိတယ်။ ဇာတ်ကောင်နဲ့ သူတို့အပြုအမူတွေလလုံးဝမေ့သွားပြီ။ ဆရာမက သူ့အတန်းထဲမှာဖတ်ပြတုန်း အဒေါ် ကြားသွားတယ်။ အဒေါ်ကလည်းဆရာမပဲလေ။ အိမ်ရောက်တော့ပြန်ပြောပြတာပေါ့။ ဇာတ်သိမ်းပိုင်းလဲပြီးရော သူတို့တွေအကုန်အသည်းယားပြီးသက်ပြင်းတွေချကုန်တယ်လေ။ သူတို့က သရဲဆိုပြီးစိတ်ဝင်တစားနားထောင် နေတာလေ။ ပြီးတော့ဘာမှရင်မခုန်ရတော့လို့ ဟင်းဆိုပြီးသက်ပြင်းချ ကုန်တာ။ တော်သေးတာပေါ့။ ဘယ်သူတင်လဲမသိလို့နော်။ သိများသိရင်အခန်းရှေ့လာပြီး ခဲနဲ့လာပေါက်ရင်ဒုက္ခ :P

စာလာဖတ်တဲ့သူတွေလည်း ပြောကာမှခဲနဲ့ပေါက်ဖို့သတိရပြီမလား။ ပေါက်ချင်လဲပေါက်ပေါ့နော်။ ကိုယ့် monitor ပဲကွဲမှာ။ ပေါက်သာပေါက် အားပေးတယ်။)

Sunday, July 27, 2008

မှတ်တမ်း

တနေ့က ၁၅ ယောက်ပါဝင်တဲ့အဖွဲ့လေးတစ်ခု အပန်းဖြေမြို့တွင်းခရီးစဉ်လေးတစ်ခုကို အလည်အပတ်ထွက်ခဲ့ကြပါတယ်။ ခရီးလေးကတော့ နေ့တစ်ဝက်လောက်ပဲကြာမြင့်ခဲ့ပါသည်။ တခြားလေ့လာရေးခရီးတော့မဟုတ်ပါဘူး။ ကစားကွင်းခရီးစဉ်လေးလို့ပဲ အမည်ပေးလိုက်ကြရအောင်။ အဲဒီအဖွဲ့လေးတစ်ဖွဲ့ဟာ ကစားကွင်းမသွားခင် နာမည်ကြီး Hotel တစ်ခုရဲ့ တရုတ်စားသောက်ဆိုင်တစ်ခုမှာ Buffet သွားစားခဲ့ ကြပါတယ်။ ၁၅ယောက်ဆိုတော့ စားပွဲကလည်းတစ်ဝိုင်းတည်းမှာ စုထိုင်ဖို့ဘယ်ဆံ့ပါ့မလဲနော်။ အဲဒီတော့အဖွဲ့ကို နှစ်ဖွဲ့ခွဲထိုင်ခဲ့ကြတာပေါ့။

စားရေးသူကတော့ ၇ ယောက်ပါဝင်တဲ့အဖွဲ့မှာထိုင်ဖြစ်သွားပါတယ်။ အဲဒီ စားသောက်ဆိုင်ရဲ့ အမှတ်တရ Buffet ဖြစ်စဉ်လေးကို ရင်ဖွင့်ပြချင်ပါသေးတယ်။ သူတို့ဆိုင်မှာ Buffet စားမယ်ဆို ၂:၃၀ အထိကိုယ့်ကြိုက်သလောက် နာရီမပြည့်မချင်းမှာစားနိုင်ပါတယ်။ အဲဒီလိုမှာတဲ့အတွက်လည်း Bill ပိုမတတ်ပါဘူး။ ကိုယ်နိုင်တဲ့အခြေအနေရောက်တဲ့အထိစားသောက်နိုင်ကြပါတယ် လို့ မသွားခင်ဖုန်းနဲ့ မေးမြန်းပြီးမှသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ တကယ်လည်းအချိန်ပြည့်တဲ့အထိသုံးဆောင်ခဲ့ကြတာပါပဲ။ နောက်ပြီးသူတို့ဆီမှာ အဖွဲ့တူတဲ့ စားပွဲနှစ်ခုကွဲနေရင်လည်း ဟင်းတွေကိုတူညီစွာပဲ ချပေးပါတယ်။ ဥပမာ-စားပွဲနံပါတ် ၇ ကိုချရင် ၈ ကိုလည်း တစ်ပုံစံတည်းချပေးတာပဲ ဖြစ်ပါတယ်။ စားပွဲနံပါတ် ၈က မှာရင်တော့ ၇ ကို မချပေးပါဘူး။ ဒါပေမယ့် သူတို့ကဦးစွာမေးပါတယ်။ စားပွဲနှစ်ခုက ပူးတွဲမှာလား မပူးတွဲဖူးလားပေါ့။ “ ဟင့်အင်း၊ ပူးတွဲမမှာဘူး၊ သီးသန့်စီခွဲမှာမယ်” လို့ ၀ိုင်းထဲမှ ၃၊ ၄ ယောက်လောက်ဝိုင်းဝန်းဖြေခဲ့ကြပါတယ်။ သူတို့ကလည်း သုံးခါလောက်သေချာအောင် မေးမြန်းပြီး စားရွက်ပေါ်မှာ မှတ်သားတော့မယ့်ပုံစံနဲ့ အသေအချာ confirm လုပ်သွားကြပါတယ်။ အဲဒီအချိန်မှာဝန်ထမ်းက သုံးယောက်လောက်ရှိနေခဲ့ပါတယ်။

အစားအစားမှတ်တမ်းများကိုမှာလဲမှာရော သူတို့လာချပေးမယ့် အစားအစာကိုပဲအရင်သုံးဆောင်ရမယ်လို့ပြောပါတယ်။ အရင်တုန်းက Hotel မပြောလေနှင့် ရိုးရိုး ဆိုင်တွေမှာသွားစားမယ်ဆိုရင်တောင်ကိုယ့်စားမည့်ဟာပဲမှာကြားခွင့်ရှိပါတယ်။ အဲဒီကြောင့် ဘာလို့ကိုယ်ကြိုက်တာ မှာခွင့်မရှိလဲဟု မေးကြည့်တဲ့အခါ သူတို့ရဲ့မန်နေဂျာကိုယ်တိုင်လာရောက်ရှင်းပြခဲ့ပါတယ်။ “ကျွန်တော်တို့စားသောက်ဆိုင်မှာ ကျွန်တော်တို့ ချမယ့်အစားအစာတွေ အရင်ကုန်အောင်ချပြီးနောက်မှ မိမိကြိုက်တဲ့အစားအစာကိုမှာယူနိုင်ကြပါတယ်၊ ကျွန်တော်တို့အကောင်းဆုံးစီမံပြီး ချပေးပါ့မယ်၊ မစားမယ့်အသားကိုလည်းကြိုပြောထားလို့ရပါတယ်၊ အဲဒါကလွဲပြီး ကျန်တဲ့စာရင်းတွေကုန်အောင်ချပြီးတဲ့အထိစောင့်ဆိုင်း ရပါမယ်” လို့ပြောပါတယ်။ ဒီဘက် ၇ ယောက်အဖွဲ့က “အမဲသားမစားဘူး” လို့တစ်ပြိုင်တည်းဖြေခဲ့ကြပါတယ်။ မန်နေဂျာလည်း အသေအချာမှတ်ပြီး “ဟုတ်ကဲ့၊ ကောင်းပါပြီ” ဆိုပြီးပြန်ထွက်သွားပါတယ်။ အဲဒါနဲ့အားလုံးမှာချင်တဲ့ဟာကို ကိုယ့်ဟာကိုယ်မှတ်ထားပြီး နောက်မှမှာယူဖို့ စိတ်ရှည်ရှည်နဲ့ သူတို့ချလာပေးသမျှကုန်အောင်စားရင်း စောင့်စားခဲ့ကြပါတယ်။ သူတို့သတ်မှတ်ထားတဲ့ အစားအစားတွေစုံလင်အောင်ချပေးခဲ့ပါတယ်။ ပထမအခေါက် (First Round) ချပေးပြီးနောက်မှာ ထပ်မစားနိုင်တော့လို့ ခဏအနား(Break Time) ယူရပါတယ်။ ပြီးတော့မှာရတော့မှာလားမသိဘူးဆိုပြီးစောင့်ဆိုင်းနေခဲ့ကြတယ်။ ခဏအကြာမှာတော့ ခုနကစားထားတဲ့ ဟင်းတော်တော်များများ ဒုတိယအကြိမ် (Second Round) ရောက်လာပြန်ပါတယ်။ “ချပေးမယ့်ဟင်းတွေကလည်း မပြီးသေးဘူးလား မသိဘူး၊ ထပ်နေပြီ။ ဒီမှာ ဗိုက်တင်းနေပြီ” ဆိုပြီးစိတ်မရှည်ဖြစ်လာကြတော့တယ်။

စားရေးသူကိုယ်တိုင်က ပြီးရင်မှာမယ့်ဟင်းတစ်ပွဲကို နာမည်အလွတ်မှတ်ထားလိုက်တယ်။ ခွင့်ပြုရင်မှာမလို့အဆင်သင့်ပြင်ထားတာလေ။ ဟင်းတွေက ထပ်မမှာပဲတစ်ပွဲပြီးတစ်ပွဲလာလာချပေးနေကြပါတယ်။ ချပေးတဲ့ဟင်းတွေကလည်း မကုန်နိုင်တော့ဘူး၊ စားလည်းမစားချင် ကြတော့ဘူး။ အားလုံးမစားပါဘူးလို့ပြောခဲ့တဲ့ အမဲသားကိုလည်း ပန်းကန်လိုက် ပြည့်ပြည့်မောက်မောက် လာချပေးထားပါတယ်။ နောက်မစားချင်တဲ့ဟင်းတစ်ပွဲဖြစ်တဲ့ ပုစွန်ကို ကော်ပြန့်ထဲထည့်ပြီးကြော်ထားတဲ့ “ပုစွန်ကော်ပြန့်ကြော်လည်း” ပထမတစ်ပွဲတောင်အနိုင်နိုင် စားထားကြတာ နောက်တစ်ပွဲလာချပေးထားသေးလေရဲ့။ နောက်ဆုံးမှတရားခံပေါ်တော့တာ။ သူတို့က မမှာပဲနဲ့ ချပြီးသမျှပြန်ပြန် လာချနေတာဘာကြောင့်ပါလဲမှတ်ရင် ဟိုဖက်ဝိုင်းကမှာလေသမျှအကုန် ဒီဖက်ဝိုင်းကိုလည်း တူညီစွာလာချပေးနေတာလေ။

ခုနကမန်နေဂျာကြီး ဒုတိယတစ်ကြိမ် ကြွမြန်းပြီးလာရှင်းတာလေ။ ပြီးတော့ သတိပေးချက် (warning) တွေနဲ့ချိုချိုသာသာလေး အပြစ်တင်သွားလေရဲ့။ “ဒါဒီHotel မို့လို့နော်။ ကျွန်တော်တို့ဒါလျော့ပေးထားတာ၊ အမှန်ဆိုဒီဟင်းတွေအကုန်ကုန်အောင်မစားနိုင်ရင် နှစ်ဆ(double charges) အလျော်ပေးရတယ်” တဲ့။ သူပြောတဲ့အဓိပ္ပါယ်က ကိုယ်ဟာကိုယ်လောဘကြီးပြီးမှာပြီး မစားနိုင်ပဲဒီအတိုင်း ထားခဲ့ရင် သူတို့လည်းနောက်လူတွေစားဖို့ပြန်သုံးလို့မရ၊ ဖြန်းပစ်ရာကြလို့ ဒဏ်ပေးတဲ့အနေ နဲ့ (double charges) ကောက်တယ်ဆိုတဲ့သဘောပါ။ သူပြောသလို ကိုယ်ဟာကိုယ်မှာပြီးမစားနိုင်ရင် ဒီလိုပြောခံရတာလက်ခံနိုင်ပါသေးတယ်။ အခုဟာက အလားကားနေရင်း မကြည်တဲ့မျက်လုံးတွေနဲ့ အခြောက်တိုက်ပြောခံလိုက်ရတယ်လေ။ “ဒါဆိုရင် ဟိုဖက်ကမှာတဲ့ဟင်းတွေကို ဒီဘက်ဝိုင်းကို မချဖို့ရယ် အမဲသားမချဖို့ရယ် ကြိုပြောထားရဲ့ နဲ့ဘာလို့လာချလဲ” လို့ဝိုင်းပြောတော့ “ကဲကဲ၊ မစားဟင်းတွေပြော၊ လာသိမ်းလိုက်ဦး” ဆိုပြီး သူ့လူတွေကိုမှာတယ်။ အမဲသား နဲ့ ကော်ပြန့်က လုံးဝကိုထိမထားတော့ ပြန်သိမ်းခိုင်းလိုက်တယ်။ ကျန်တာတွေက မကုန်ကုန်အောင်စားနေရတော့ တ၀က်ကျော်ကျော်လောက် ကျန်သေးတော့ ပြန်သိမ်းရလဲခက်၊ စားမကုန်ပဲဒီအတိုင်းထားလိုက်တယ်လေ။ ပြီးမှ စားချင်တဲ့ဟင်းတစ်ပွဲနဲ့ အသီးအနှံမှာလိုက်တယ်လေ။ ဟင်းကတော့လုံလောက်အောင်ချပေးပါတယ်။ အသီးအနှံကိုတော့ အနည်းငယ်ပဲချပေးပါတယ်။ အဲဒါနဲ့ ၂း၃၀ ရောက်တော့အားလုံးကစားကွင်းသွားဖို့ ပြန်ထွက်ကြပါတယ်။ ခက်တာကအထွက်မှာ မကြားချင်တဲ့စာကားတစ်ခုထပ်ကြားလိုက်ရလို့လေ။ အဖွဲ့ထဲက တခြားသူတွေမကြားလိုက်လို့ သိအောင်လိုက်ပြောရသေးတယ်။ မိန်းမကြီး တစ်ယောက် က double ချက်မကောက်လိုက်ရလို့မကျေနပ်ပြောကျန်ခဲ့တဲ့အသံလေ။

အခုဆိုစကားလုံးအသစ်တိုးလာပြီလေ။ “double charge” တဲ့။ သူငယ်ချင်း အချင်းချင်းနောက်ပြောင်လို့လဲရ တယ်လေ။ အဲဒီမှာ စားရင်း အချင်းချင်းနောက်ခဲ့ကြသေးတယ်။ သူတို့အချဉ်ထည့်စားဖို့ ချပေးထားတဲ့ ပန်းကန်ငယ်လေးတွေထဲက ငရုတ်သီးထည့်ထားတဲ့ ပန်းကန်ကိုပြပြီး “ ဟေ့၊ အဲဒီငရုတ်သီးတွေ ကုန်အောင်မစားရင်” “double charge” ၊ ဖန်ခွက်ထဲကသောက်ရေတွေကျန်ခဲ့ရင်လည်း “double charge” ဆိုပြီးတော့လေ (အလိုရှိသလိုသုံးကြပေါ့နော်) :P

စာဖတ်တဲ့သူတွေက နံပါတ် ၈ ၀ိုင်းကသူတွေကစိတ်ကြီးတယ်၊ ဆိုးတယ်ဆိုပြီး ကောက်ချက်ချလည်းချပေါ့နော်။ မကျေနပ်ပဲပြန်ခဲ့ရတာ တော့အမှန်ပဲ။

အဲဒီစားသောက်ဆိုင်ကအပြန် ဆော့မယ်ဆိုပြီး “Utopia” ကိုလည်လည်ထွက်ခဲ့ကြပါတယ်။ စားရေးသူက အဲဒီမှာတော့ဘာဆိုဘာမှမဆော့ ခဲ့ပါဘူး။ စုံလည်းမစုံဘူးလေ။ ဒါပေမယ့် “Melody World” ဆိုတဲ့ “Karaoke” ခန်းလေးမှာ သီချင်းလေးညည်းတာမဟုတ်ဘူးနော်။ ဆိုတာလည်းမဟုတ်ဘူး။ တခါမှမလုပ်ဖူးတဲ့ အသံကုန်သီချင်းအော်ဆိုခဲ့တာပါ။ အစကတော့ လေးယောက်ပေါင်းအော်ကြတာ။ နောက်တော့ ခြောက်ယောက်ဖြစ်သွားရော။ အရင်တုန်းက “Karaoke”ဆိုရင်ကောင်းကောင်းဆိုပါတယ်။ အခုဟာက သီချင်းဆိုဖို့ ထွက်လာတာမှ မဟုတ်တာ။ ဆော့ကြဖို့လေ။ ဆော့စရာဘာမှလည်းမရှိတော့ ဆိုတဲ့ဘက်ရောက် သွားတာ။

အဲဒီအခန်းရဲ့အနောက်ကျောဘက်မှာမှန်အကြည်အလုံပိတ်ထားတဲ့အခန်းငယ်တစ်ခုရှိတယ်။ အဲဒီအခန်းထဲမှာယောကျာ်းလေးတွေစက်ကိုင် တွယ် (control) လုပ်တဲ့အခန်းလို့မှတ်ယူရတယ်။

ပထမတော့လေးရောက် အပြတ်အော်ကြမယ်ဆိုပြီးဝင်သွားကြတယ်။ မဆိုခင်အပြင်မှာ ဆိုမယ့်သီးချင်းကို စာရင်းကြိုပေးရတယ်လေ။ အစကတည်းကဆိုဖို့လာတယ်ဆိုတဲ့ရည်ရွယ်ချက်မရှိလို့ သီးချင်းအေးအေးလေးတွေလုံးဝမရွေးပဲ မြူးကြွနေတဲ့သီချင်းတွေပဲပေးလိုက် တယ်လေ။ ဒါတောင်မှ မနည်းစဉ်းစားပေးရတယ်၊ သူချင်းနာမည်တွေမမှတ်မိလို့၊ အကုန်လုံးရတယ့်ဆိုမှ စာရင်းပေးတာလေ။ ဒါမှ သြော်လို့ကောင်းမှာကိုး။ သြော် ဒါနဲ့ပြောဖို့ကျန်ခဲ့တယ်။ ၁၅ ယောက်ဆိုတာ အကုန်လုံးကမိန်းကလေးတွေပဲလေ။ ယောကျာ်းလေးဆိုလို့ ရှားရှားပါးပါးတစ်ယောက်ပဲ။ သူက ဆိုဖို့ လုံးဝလိုက်မလာပါဘူး။

ဒီလေးယောက်ရဲ့ပထမဦးဆုံးလက်ရွေးစဉ်တေးကဘာလို့မှတ်လဲ။ ကော်နီသီချင်းလေ။ သိကြပါတယ် အကုန်လုံး။ “ကိုကိုချစ်” တဲ့။

ဘာရယ်မဟုတ်ပါဘူး။ အော်လို့ကောင်းမယ့်တီးလုံးမြူးတဲ့ သီချင်းတွေပဲဆိုဆိုခဲ့တာပါ။ အားရပါးရ မတ်တပ်ရပ်ပြီး လေးယောက်ပေါင်းအော်ကြ တာလေ(ကော်နီသီချင်းကို)

ဟီး.. စောစောကပြောပါကောလား။ ကျောဘက်မှာ စက်တွေကိုင်တွယ်တဲ့အစ်ကိုကြီးတွေကအနောက်ကနေ မတ်တပ်ရပ်ကြည့်ပြီး ရီနေကြပါလေရဲ့။ သူတို့ကိုစောင်းဆိုတယ်များအောက်မေ့နေကြလားမသိဘူး။ ဟင်း………….

နောက်လည်းလှည့်တော့ သူတို့နဲ့ပတ်ပင်းတိုးတာလေ။ ဆိုရင်းတန်းလန်းနဲ့ အကုန်လုံးထိုင်ချလိုက်ရတယ်။
ဒီတစ်ခါပဲဒီလိုဆိုဖူးတဲ့ဟာ။ နောက်ဆိုအရင်လိုပဲကျောက်ရုပ်ပြန်နေတော့မှာကို ဒီနေ့ပဲ အော်မယ့်အဖော်ရှိတုန်း အော်ဆိုရတာကို သူတို့ကြောင့် အခွင့်အရေးမဆုံးစေဘူး ဆိုပြီးပြန်မတ်တပ်ရပ်ပြီးဆိုကြတယ်။ အခန်းထဲက ပြောတာတွေ သူတို့အကုန်ကြားမယ်လို့ထင်တယ်။ အကုန်လုံးမတွေ့ရတော့ဘူး၊ လူရှင်းသွားပြီး တစ်ယောက်ပဲသူ့ computer ကိုခပ်တည်တည်နဲ့ထိုင်နှိပ်နေတာတွေ့ရတယ်။
အင်း..ဒီလိုပဲဖြစ်ရမှာပေါ့။

အသံတွေဝင်ပြီး နောက်ဆော့မယ့်တစ်နေရာကိုထွက်ခွာကြတယ်။အဲဒီမှာတော့ မူးပေ့၊ ကြမ်းပေ့ဆိုတဲ့ အရာတွေပဲစီးခဲ့တယ်။ ပင်လယ်ဓားမြ၊ ရိုလာကိုစတာ၊ မိုးပျံရထား နဲ့ တိုက်ကားတွေလေ။ အဲဒီထဲမှာ ရိုလာကိုစတာသွားတဲ့အသံကအရမ်းကြမ်းတယ်၊ နဲနဲတော့လန့်သွားတယ်။ ကောင်မလေးတစ်ယောက်တောင် ဒါစီးပြီးငိုသွားလေရဲ့ ။ သီချင်းဆိုတုန်းကတော့ ဒီလိုပုံလား ဆိုပြီး ဆိုခဲ့တဲ့ခေါင်းစဉ်တွေပြန်ရွတ်ပြီးစရသေးတယ်။

ဟိတ်..လာဖတ်ပြီးရီမနေနဲ့ဦး ကရော်ကရော်
ဒါနဲ့ဘယ်သူလဲမသိဘူး၊ ပင်လယ်ဓားမြစီးပြီး ဆင်းမယ်ဆင်းမယ်နဲ့ ဆင်းမရလို့ အရှေ့ကသူကို ကယောင်ကတမ်းနဲ့လည်ပင်းထညှစ်တဲ့သူလည်း ရှိသေးတယ်တော့် :P

ဟီး॥ သူများတွေကိုသာလိုက်ပြောနေတာ၊ ကိုယ့်အလှည့်ကျတော့ မိုးပျံရထားမှာဂျွန်းပြန်သွားပါလေရော။ ဆန်ပြုတ်မပြုတ်မိလို့တော်သေး။ မူးတဲ့အရှိန်က တစ်ညလုံးပဲ။ နောက်နေ့အထိမူးတူးတူးနဲ့ ဖျားချင်သလိုလိုတောင်ဖြစ်သွားတယ်။

ဒါပေမယ့် အဲဒီနေ့က စိတ်ညစ်နေမယ့်အချိန်မပြောနဲ့ ဆွေမျိုးနာမည်ရုတ်တရက်လာမေးရင်တောင်မေ့နေဦးမှာ။ ဂျွန်းပြန်နေရလို့လေ။

ကဲကဲ..စိတ်ညစ်နေတဲ့သူတွေဖတ်ပြီး ဂျွန်းပြန်အောင်လိုက်မလုပ်ကြနဲ့အုံးနော်။ ဆန်ပြုတ်မကြိုက်ဘူး ငယ်ငယ်ကတည်းက :D

Friday, July 25, 2008

စိတ်၏အနှစ်သာရ၊ စိတ်၏ထွက်ပေါက် (သို့) စိတ်ချမ်းမြေ့ခြင်းတန်ဖိုး

“စိတ်”ဆိုတဲ့အရာဟာ လူတို့ရဲ့အလွန်အရေးပါအချက်အချာကြလှတဲ့အရာတစ်ခုသာဖြစ်ပါတယ်။ လူတို့ဟာစိတ်ဆောင်ရာသို့သာ လိုက်လံအကောင်အထည်ဖော်လုပ်ဆောင်နေကြရတာဖြစ်လို့လေ။ လှုပ်ရှားမှုတစ်ခုကိုပြုတိုင်းပြုတိုင်း စိတ်၏ဖြစ်တည်မှုပြီးမှ ကိုယ်အမူအရာနဲ့ စိတ်၏စေခိုင်းရာအတိုင်းပြုမူပြီး အဓိပ္ပာယ်ပါဝင်တဲ့ လှုပ်ရှားမှုတွေ၊ ပြောဆိုမှုတွေကိုဖြစ်ပေါ်စေလာတယ်လေ။ စိတ်ဟာ အမူအရာအသီးသီး တိုင်းရဲ့ အရှင်သခင်ဖြစ်လို့လည်းယူဆနိုင်ကြပါတယ်။။

လူတိုင်းအတွက် အရေးကြီးဆုံးအရာဝတ္ထုကိုပြောပါဆိုလျှင် စိတ်သည်ပင်လျှင်ပဓာနကျပါတယ်။ စိတ်သာမရှိတော့ရင်တော့ လူတွေဟာဘယ်အမူအရာတွေကိုမှ မပြုမူ၊ မပြောဆိုနိုင်ကြတော့ပါဘူး။

လောကမှာစိတ်ချမ်းမြေ့တဲ့သူ၊ စိတ်ဆင်းရဲတဲ့သူဆိုပြီးအမျိုးမျိုးကွဲပြားနေကြပါတယ်။ စိတ်ချမ်းမြေ့နေတဲ့သူတွေမှာတော့ အစစအရာရာ တက်တက်ကြွကြွရွှင်ရွှင်လန်းလန်းနဲ့လုပ်ဆောင်နိုင်ပေမယ့် စိတ်ဆင်းရဲနေရတဲ့သူတွေကတော့ စိတ်သွားတိုင်းကိုယ်မပါဆိုသလို လုပ်ဆောင်ချက်တိုင်းဟာလည်း မလွဲမရှောင်နိုင်သာလို့သာလုပ်နေရတယ်၊ အခုချက်ချင်းသာဖြစ်တည်သမျှအကုန်ရပ်ပစ်လို့ရမယ်ဆိုရင် မိမိရပ်နေတဲ့နေရာမှာတင် နိဂုံးချုပ်၍သေဆုံးသွားချင်တော့သည်။ ဘယ်အရာနှင့်မှထပ်မဆုံဆည်းချင်တော့တာအမှန်ပင်။

ဘာဖြစ်လို့ဒီစိတ်၏အဓိပ္ပာယ်ကို ဖွဲ့ဆိုမိလည်းဆိုရင် စာရေးသူကိုယ်တိုင်ပင် စိတ်မချမ်းမြေ့မှုကို တာရှည်စွာအဏုစိတ်ခံစားဖူးလို့ဖြစ်ပါတယ်။ ဘယ်လောက်အဏုစိတ်လည်းဆိုရင် တစ်ရက်တာ ရုတ်တရက် ဖြစ်ပေါ်သောအနည်းငယ်မျှသာဖြစ်တဲ့ စိတ်ချမ်းသာမှုတစ်ခုကို ဖျက်ခနဲခံစား မိလိုက်တာနဲ့ အဲဒီ စက္ကန့်ပိုင်းလေးဟာ အလွန်တန်ဖိုးရှိလာတဲ့ စိတ်မိတ်ဆွေလေးဖြစ်သွားတယ်။ စိတ်ဆင်းရဲခြင်းဆိုတာကြီး ကိုခံစားမှုမှာလည်း အနု၊ အလတ်၊ ဂိတ်ဆုံးဆိုပြီး ကိုယ်ကိုယ်တိုင်ဘယ်အဆင့် အခြေအနေမှာရောက်နေပြီ လည်းဆိုတာကိုလည်း သေသေချာချာတွေ့မြင် ခဲ့တယ်လေ။ အဲလိုအခါမျိုးမှာလည်း စိတ်ဖျေဖျောက်ရာ သမာဓိ၊ ၀ိပဿနာတို့ကိုရံဖန်ရံခါပဲလုပ်မိနိုင်ခဲ့ပါတယ်။ နေ့စဉ်အတွက် ယခုအထိ တာဝန်ကျေအောင် မလုပ်နိုင်သေး ပါဘူး။ တကယ်တမ်းသေလောက်အောင်စိတ်ညစ်လာပြီဆိုရင်လည်း ကိုယ့်ကိုယ်ကိုကယ်တင်နိုင်တာ ဤအရာတွေပဲလေ။ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေ အရေးမပါဘူးလို့ လည်းမဆိုလိုဘူးနော်။ တကယ်ကိုယ်ခင်တွယ်တဲ့သူ၊ ချစ်ခင်ရင်းနှီးတဲ့သူတွေရှိရင်လည်း စိတ်အနားခိုရာရလှပါတယ်။ တာရှည်အတွက်မဟုတ်သော်ငြားလည်း အချိန်တော်တော်အတွက် သူတို့တွေနဲ့ပေါင်းသင်း ဆက်ဆံခြင်းဟာလည်း စိတ်ချမ်းမြေ့ခြင်းဆိုတဲ့ တန်ဖိုးရှိတဲ့စက္ကန့်လေးတွေကိုပိုင်ဆိုင်နိုင်ပါတယ်။

စိတ်ရဲ့အနှစ်သာရဆိုတာဟာလည်း စိတ်ရဲ့ချမ်းမြေ့ခြင်းလို့ဆိုနိုင်တဲ့အပြင် မိမိရဲ့တစ်နေ့တာ တိုင်းအတွက်တန်ဖိုးရှိတဲ့အရာတွေကို ပြုလုပ်ဆောင်ရွက်ခြင်းလည်းဖြစ်တယ်။ ပြုလုပ်ဆောင်ရွက်တယ်ဆိုတာ ကလဲကိုယ့်စီပွားရေးတစ်ခုတည်း သည်းကြီးမည်းကြီး အောင်မြင်အောင် ကြိုးပမ်းနေတာကိုမဆိုလိုပါဘူး။ စက္ကန့်တိုင်းပြုပြင်ပြောင်းလဲနေတဲ့စိတ်တွေကို အချိန်ပြည့်မဟုတ်တောင် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းလေးပဲဖြစ်ဖြစ် ဖြစ်ချင်းစိတ်ရဲ့ ပျက်မှုခဏတာကိုမြင်လိုက်ရုံနဲ့ပဲ ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်တဲ့ စိတ်အနှစ်သာရကိုပိုင်ဆင် လိုက်တယ်ဟုမှတ်လိုက်ပါ။ ဘာလို့စိတ်အနှစ်သာရလို့ခေါ်တာလဲဆိုရင် လူတွေရဲ့ စိတ်တွေထဲမှာ နေ့စဉ်နေ့တိုင်း စက္ကန့်တိုင်း စက္ကန့်တိုင်း ရှုပ်ထွေးမှုတွေရှိနေတတ်တာကြောင့်ဖြစ်တယ်။ ဒီလိုသာ စိတ်အနှစ်သာရဆိုတဲ့ ဖြစ်စိတ်လေးတစ်ခုကုန်ခန်းပျောက်ဆုံး သွားတာမြင်တာများနေရင် ကိုယ်ခံစားနေရတဲ့စိတ်ရှုပ်ထွေးမှု၊ စိတ်မချမ်းသာခြင်းတို့ဟာလည်း ကိုယ့်အတွက်ဘာမှရေးကြီးခွင်ကျယ် မဟုတ်တဲ့ မြူမှုန်လေးတစ်မှုန် လောက်တောင်တန်ဖိုးမရှိတဲ့ အရာဖြစ်သွားရပါတယ်။

စိတ်မချမ်းမြေ့မှုအနည်းငယ်သာ ခံစားဖူးသောသူမှာတော့ ဒီစိတ်အကြောင်းကို ရေးကြီးခွင်ကျယ် ပြောနေသည်ဟုထင်နေပေလိမ့်မည်။ စာရေးသူကဲ့သို့ စိတ်နှင့်ထပ်တူထပ်မျှ သော်လည်းကောင်း၊ အများစုသော် လည်းကောင်း စိတ်မချမ်းမြေ့မှုကို ခံစားဖူးသူတွေမှာတော့ အထိုက်အသင့်တော့ နားလည်ပေးနိုင်မည်လို့ ယုံကြည်ပါတယ်။

ကိုယ်နဲ့ထပ်တူ (သို့) သာလွန်စွာစိတ်ညစ်ဖူးသူ၊ စိတ်ညစ်နေကြသူများမှာ စာရေးသူအကြံပေး အားပေးမှုကြောင့် စိတ်ချမ်းမြေ့မှုအရသာကို ခံစားသိရှိနိုင်မယ်ဆိုရင် အလွန်ပင်ကျေနပ်ဝမ်းမြောက်မိပါသည်။

အတွေးအခေါ်ယူဆချက်များမတူသော်ငြားလည်း အချိန်ပေး၍ဖတ်ရှုပေးသည့်အတွက် အထူးကျေးဇူး တင်မိပါသည်။

Wednesday, July 23, 2008

ကျိန်စာ

ညကမြန်မာရုပ်ရှင်တစ်ကားကြည့်ဖြစ်တယ်။ ဇာတ်ကောင်တွေက ကျော်ရဲအောင်၊ လွင်မိုး၊ မိုးမိုးမြင့်အောင် နဲ့ ခိုင်သင်းကြည် တို့ပါတဲ့ ဇာတ်ကားလေးပါပဲ။ အစကတော့ အဲဒီကားလေးကို အစ်မတစ်ယောက်တည်းကြည့်နေတာပါ၊ သူကရုပ်ရှင်ကြည့်ရင် သူနဲ့အဖော်လိုက်ကြည့်တာကြိုက်တယ်။ Lilly က အဲဒီအချိန်မှာ Blog စရေးနေတာ၊ အသံကြားတာနဲ့ နည်းနည်း ကြည့်လိုက်အုံးမယ်ဆိုပြီး အစအဆုံးကြည့်ဖြစ်သွားတာပါပဲ။

ဇာတ်လမ်းကတော့ ပျော်စရာဇာတ်လမ်းတော့မဟုတ်ဘူး၊ အဆင်မပြေတဲ့အိမ်ထောင်စုနှစ်ခုအကြောင်းပေါ့။ ကြည့်ဖူးကြမလား တော့မသိဘူး။

ပြောချင်တာက ကျော်ရဲအောင် နဲ့ မိုးမိုးမြင့်အောင် တို့ရဲ့ဇာတ်လမ်းလေးထဲက အကြောင်းအရာတစ်ခုကိုပြောချင်တာပါ။

ဇာတ်လမ်းလေးကဘယ်လိုလဲဆိုတော့ မိုးမိုးမြင့်အောင်က တစ်နေ့မှာကက်ဆက်ခွေတွေကိုရှင်းရင်း သူမ မသိတဲ့အခွေတစ်ခုကို သွားတွေ့တယ်၊ ဘာရယ်လို့တော့မဟုတ်ပါဘူး ဖွင့်ကြည့်လိုက်တော့ ပပအမည်ရှိတဲ့မိန်းမတစ်ယောက်က သူ့ယောကျာ်းကို ကိုကိုလို့ခေါ်ပြီး "ကိုယ်ကိုယ့်ရဲ့ အနမ်းတွေကိုတန်ဖိုးထားနေဆဲပါ" ဘာညာနဲ့ ပြောထားတော့ မိုးမိုးမြင့်အောင်အကြီးအကျယ်ဒေါသထွက်ပြီး ဝမ်းနည်း ပက်လက်ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ သူ့ယောကျာ်းရောက်လာပြီး ယောကျာ်းတို့ထုံးစံအတိုင်း မင်းကိုဘယ်သူရှင်းခိုင်းလို့ ဒါတွေ ရှင်းရတာလဲဆိုပြီး ဦးအောင်ဟောက်တော့တာပေါ့။ ဘာမှလဲမရှင်းဘဲဝူးဝါးဝူးဝါးနဲ့ပဲပြီးသွားတယ်။ နောက်နေ့မှာမို့မို့မြင့်အောင်က သူ့ယောကျာ်းဖောက်ပြန်တာဟုတ်မဟုတ်သိရအောင်ဆိုပြီး plan တစ်ခုစီစဉ်တယ်။ ပရိတ်သတ်ကိုတော့ဝှက်ထားတာပေါ့နော်၊ Lilly ကကြိုအသိပေးထားတာပါ။ ဘာလဲဆိုတော့ ဟိုပပဆိုတဲ့အမျိုးသမီးရဲ့ အစ်ကိုတော်ဆိုလားပဲ သူ့ညီမကိုအရှက်ရအောင်လုပ်တယ်ဆိုပြီး လျော်ကြေးတောင်းတဲ့ခြိမ်းခြောက်စာ ဓားမြောင်စိုက်ပြီးအိမ်ရောက်လာပါတယ်ဆိုပြီး ယောက်ျားကိုပြတာပေါ့နော်။

ကဲပါ Lilly လိုရင်းပြောချင်တာက အဲဒီ ပပဆိုတဲ့အမျိုးသမီးက သူယောကျာ်းရဲ့ငယ်ရည်းစားလေ။ နှစ်အတော်ကြာတွဲပြီးမှ သူ့ကိုမယူရ ကောင်းမလားဆိုပြီးသူ့ကို ကျိန်စာတုက်ခဲ့တာလေ။ အဲဒီကျိန်စာက "ရှင့်မှာတွယ်တာရမယ့်ရင်သွေးဘယ်တော့မှမရပါစေနဲ့ "ဆိုပြီး အငြိုးတကြီး နဲ့ ကျိန်စာတုက်ခဲ့တယ်လေ။

မို့မို့မြင့်အောင်က အရင်က ခနခန စတတ်တဲ့ အကျင့်ရှိတယ်လေ၊ ကလေးရှိနေပါပြီဆိုပြီးစတော့ တကယ်လည်းရှိရောမယုံတော့ဘူးလေ။ ဘယ်လိုငိုပြီးပြောပြော ကျော်ရဲအောင်က သူ့ကို ကလိန်ကျရကောင်းမလားဆိုပြီး တွန်းတောင်တွန်းချပစ်တယ်။ တကယ်တော့လုံးဝမယုံရတဲ့ အကြောင်းရင်းက သူ့မိန်းမကြောင့်မဟုတ်ပါဘူး၊ မိန်းမကိုပဲဖိပြီး အပြစ်တင်ငေါက်ငမ်းခဲ့တယ်။ အမှန်က သူ့ရည်းစားယောင်း ရဲ့ကျိန်စာကိုပဲစိတ်ထဲမှာစွဲနေလို့လေ။ နောက်ဆုံးမှာ အဲဒီကိုယ်ဝန်ဟာ တကယ်ပဲပျက်ကျသွားခဲ့ပါတယ်။ ယောကျာ်း သူ့ကိုအပြစ်တင် ဟောက်တဲ့တစ်နေ့မှာ မူးပြီးလှေကားပေါ်ကလိမ့်ကျပြီးပျက်သွားတာပါ။

နောက်ကျိန်စာတစ်ခုက မို့မို့မြင့်အောင်က ဟိုပပ ဆိုတဲ့အမျိုးသမီးကိုကျိန်ခဲ့တဲ့ကျိန်စာလေ။ နင့်ကြောင့်ငါတို့အိမ်ထောင်ရေးအဆင်မပြေသလို "နင်လဲ နင့်ယောကျာ်းနဲ့အရှင်လတ်လတ်ကွဲပါစေ" ဆိုပြီးကျိန်တုက်ခဲ့တာလေ။

ဒီအကြောင်းတွေကို ကျော်ရဲအောင်က သူ့မိန်းမကို နင့်စနက်ကြောင့်ပပ ယောကျာ်းကွဲပြီဆိုပြီး အပြစ်တင်လို့မူးလဲပြီးလှေကားပေါ်ကပြုတ်ကျ တာလေ။

Lilly သိချင်တာက ကျိန်စာက အရင်ကတည်းကတကယ်ရှိပြီးတကယ်ထိတယ်ဆိုတာသိတယ်။ ဒါပေမယ့် အဲလိုလူတစ်ယောက်ကိုမုန်းတိုင်း မှန်တာတွေသစ္စာဆိုပြီးသူများဘဝပျက်အောင်လုပ်လို့ရတာကြောက်ဖို့မကောင်းဖူးလားလို့၊ အမှန်တော့ကိုယ်အတတ်ကံကြောင့်ဖြစ်ရတဲ့ဟာကို။ အဲဒါထက်ပြောချင်တာက ကိုယ်မနာလိုတိုင်း ဒီလိုပဲကျိန်တိုက်နေရင် အကုန်မခက် ပေဘူးလား။ ကျိန်တိုင်းထိတာ တကယ်ဟုတ်ရဲ့လားဟု မယုံချင်တာ။ ကိုယ်ကသူများကိုရည်ရွယ်ချက်နဲ့ထိခိုက်တာမဟုတ်ပေမယ့် သူကနာကျည်းပြီးကျိန်တိုက်လိုက်ရင် မခက်ပေဘူးလားဟင်။

ကျိန်တိုက်ခံရမှာကြောက်တာကို မေ့နေတာတော်တော်ကြာပါပြီ။ အဲဒီကားကြည့်ပြီးပူပူနွေးနွေးပြန်ဖြစ်သွားတာ။

စာဖတ်ပရိတ်သတ်တွေကောဘယ်လိုထင်မြင်ကြလဲဟင်၊ အတွေးအမြင်လေးတွေကိုလည်း share ပေးပါဦးလို့  

အများစုသောအပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ

၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။

၂။ ဇီဇာကြောင်တတ်သည်။

၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။

၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။

၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။

၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။

ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုးရွေးရခက်နေတတ်သည်။

ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။

၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။

၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။

၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။

၁၂။ မိုးလေ၀သလို ခန့်မှန်းရခက်တတ်သည်။

၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။

၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။

၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။

၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။

၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။

၁၈။ လူစိမ်းများကိုအားမကိုးဟန်ပြသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။

၁၉။ သီချင်း၊၀တ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။

၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။

၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။

၂၂။ ဒိုင်ယာရီလိုစာအုပ်မျိုးကို ရေးဖို့ထက်သိမ်းထားဖို့ စိတ်ဝင်စားသူများဖြစ်တတ်ကြသည်။

၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။

၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။

၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။

၂ရ။ အစိုးရိမ်ကြီးတတ်၊ပူပင်သောကကြီးတတ်ကြသည်။

၂ဂ။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည်။

၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်ကို ပိုပြီးကြောက်တတ်ကြသည်။

၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။

၃၁။ သရဲ ၊တစ္ဆေ ထက် လူ ကို ပိုကြောက်တတ်ကြသည်။

၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။

၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ်လပ်လပ် အိပ်ချင်ကြသည်။

၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။

၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်ကို ချစ်မြတ်နိုးသူများဖြစ်တတ်ကြသည်။

၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။

၃ရ။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ၀န်လေးနေတတ်သူများဖြစ်သည်။

၃၈။ သူတို့အချစ်ကို အဝေးမှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။

၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထားသောအရာများ များပြားနေတတ်သည်။

၄၀။ မိမိအားနည်းချက်ဟုထင်သောအရာများကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။

၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကို အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။

၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည်။

၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြသည်။

၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။

၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူများဖြစ်တတ်သည်။

၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။

၎ရ။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။

၎ဂ။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။

၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။

၅၀။ ဘ၀တူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။

၅၁။ ဘ၀ရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။

၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။

၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။

၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။

၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။

၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော်နေတတ်ကြသည်။

၅ရ။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။

၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကို ရှာဖွေတတ်သည်။

၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။

၆၀။ အပြစ်ရှာမြန်တတ်သည်။

၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။

၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည်။

၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။

၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကြေနပ် နေတတ်ကြသည်။

၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။

၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင် ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။

၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။

၆ဂ။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။

၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။

၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။

၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည်။

၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။

၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။

၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။

၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။

၇၆။ နောက်ကျောမလုံတတ်ကြချေ။

၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။

၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။

၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။

၈၀။ သနပ်ခါး(မိတ်ကပ်)၊ပေါင်ဒါ(ခေါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။

၈၁။ အချော့ကြိုက်တတ်ကြသည်။

၈၂။ စိတ်ကောက်မြန်တတ်ကြသည်။

၈၃။ စိတ်ပြေဘို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။

၈၄။ အားလျှင် ခြေသည်း၊လက်သည်း သ နေတတ်ကြသည်။

၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။

၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။

ဂရ။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံးစကားကိုတွင်တွင်သုံးတတ်သည်။

၈၈။ လူပျိုကြီး၊အပျိုကြီးဖြစ်ကြောင်း မကြေညာသော်လည်း သိနေစေချင်ကြသည်။

ကိုယ်တွေ့သင်ခန်းစာ

သင်ခန်းစာရတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ခံစားတွေ့ကြုံပြီးမှ သြော်ဒီလိုပါလားဆိုပြီး လက်တွေ့နားလည်သွားကြပါတယ်။ အခုလည်းLilly လည်းကိုယ်တိုင်သိပြီးမှ သြော်ဒီလိုကြီးလားဆိုပြီး ကလိကလိနဲ့ အူကြောင်ကြောင်နိုင်သွားရပါတယ်။

ပြီးခဲ့တဲ့ အပတ် July 16 ရက်နေ့ကပေါ့ ခိုက်ပိုက်နှိုက်ခံရတာ 3ရက်မြောက်နေ့မနက်ရောက်တော့မှသိလိုက်ရတယ်။ မနက်စောစောရုံးသွားမလို့လုပ်တုန်း ပိုက်ဆံအိပ်ရှာမတွေ့တော့မှ အမေကပြောပါလေရော ကားပေါ်မှာခါးပိုက်နှိုက် ခံရပြီနေမှာပေါ့တဲ့။ ဒါပေမယ့်ဘယ်လိုမှမယုံနိုင်ခဲ့ဘူး၊ ဒီလိုလည်းတစ်ခါမှမဖြစ်ဖူးဆိုတော့လေ။ နောက်ဆုံးတော့တကယ်ကိုလက်ခံလိုက်ရတယ်။

အဲဒီနေ့က Lillyရဲ့ ပြဿဒါးနေ့ကြီးပေါ့၊ အဲဒီမနက်ကပဲ ရုံးသွားဖို့အိမ်ကထွက်သွားတယ်၊ Lillyနေတဲ့လမ်းကို တ၀က်လောက်ရောက်အောင်လျှောက်ပြီးတော့ စိတ်ထဲမှာ ငါတော့ လမ်းမှာဖိနပ်ပျက်သွားရင်အရှက်တော့ကွဲပါပြီ လို့စဉ်းစားမိလိုက်တယ်၊ ပြီးတော့ငုံ့အကြည့်တစ်စက္ကန့်တောင်မကြာလိုက်ပါဘူး ပျက်သွားပါလေရော၊ အဲဒါနဲ့ ရှေ့မျေက်နာနောက်ထားပြီးအိမ်ပေါ်ပြန်ပြေးတက်ပြီး ဖိနပ်လဲတာ အမောကိုဆို့သွားတာပဲ၊ ပြီးမှbus ကားစီးပြီး ပိုက်ဆံအိတ်အနှိုက်ခံရတာပေါ့နော်။

ဘယ်လိုကြီးလည်းဆိုတော့ bus ကားစီးရင်အမြဲလိုလိုနေရာရတယ်လေ၊ အိမ် နဲ့ ရုံးနဲ့ကလည်း သိပ်မဝေးပါဘူး၊ နီးနီးလေးပါ။ သို့သော်လည်း Time card မှင်နီဒဏ်မခံရလေအောင် အမြဲလိုလိုအမောဆို့နေအောင်လာရတယ် ဟူး.(နီးတယ်ဆိုပြီးနောက်ကျတဲ့

ရောဂါစွဲကပ်နေလို့ပါ) 2 minutes အလိုမှရောက်တဲ့နေ့လည်းအများကြီး ဟီး:D

စိတ်မှာ ဒီနေ့တော့ဘယ်နှစ်မိနစ်စောရောက်မှာလည်းဆိုပြီးရင် ရင်မနေရတာပေါ့၊ မှတ်တိုင်ရောက်ခါနီးဆင်းဖို့ အ၀မှာသွားတန်းစီတာပေါ့၊ အဲမှာ ပိန်ပိန်နဲ့ မိန်းမတစ်ယောက် 40 လောက်ရှိမယ်တူတယ် အနားကိုအူယားဖားယားနဲ့ကပ်လာတယ်၊ သြော် သူအရေးလိုလို့မြန်၂ ဆင်းချင်တာလိုပဲမှတ်လိုက်တာပေါ့၊ ဒါပေမယ့် တစ်ချို့သူတွေဆင်းချင်တာကလည်း မအောင့်နိုင်မအီးနိုင် လူကိုတွန်းတိုက်ပြီး အရင်ဦးအောင် နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုပြီး အလုအယက်ဆင်းကြတယ်လေ၊ အဲလိုပဲမှတ် လိုက်မိတာပေါ့။ အဲဒီwoman ကလေလူကိုလာကပ်တာ Super Glue လားအောက်မေ့ရတယ်၊ အိုက်ရတဲ့အထဲ ဘာကြီးပါလိမ့်၊ ရိုးရောရိုးသားရဲ့လားဆိုပြီးသတိထားစောင့်ရှိခဲ့ပါတယ်။ ပူတာနဲ့မနေနိုင်ဘူး၊ သူနဲ့ကွာအောင်ရွေ့ပစ်တယ်၊ အဲဒါလည်းရပါဘူး၊ အရွယ်မတူတဲ့နှစ်ယောက်အမွှာမွေးထားလားမှတ်ရတယ်၊ အမွှာပူးကလည်းပါလာတယ်လေ၊ တော်၂တင်းတာ၊ စိတ်မနည်းလျှော့လိုက်တယ်၊ မြန်မြန်လည်းခုန်ဆင်းပစ်ချင်ခဲ့တယ်။

မီးရဲ့အမွှာပူးကလေ အောက်ရောက်တော့သူဟာသူ Operation လုပ်ပြီးကွာသွားတယ် :D

ခက်တည်တည်နဲ့ရုံးမှာပေါ့ ကံမကောင်းတဲ့နေ့ဆိုတာမသိဘဲ တစ်ခုပြီးတစ်ခုကမောက်ကမဲဖြစ်နေတာကို ဟာလို့မြင်ပြီးရီနိုင်

ခဲ့တယ်။ Coffee သောက်တော့လည်း ပြည့်၂မောက်ခွက်ကို(လက်)နဲ့အားရပါးရတ၀ ကြီးတိုက်လိုက်တာ Keyboardနဲ့table ကြီးက တ၀ကြီးသောက်လိုက်ရတယ်။ ကဲချစ်မိတ်ဆွေကြီးများဒီလိုတိုက်ဖူးလား ကိုယ့်ကီးဘုတ်တွေကိုကြင်ကြင်နာနာလေးနဲ့ J

အားကျပြီးမကြင်နာလိုက် နဲ့အုံးနော် :P

နောက်ပြဿဒါးတစ်ခုကိုတော့ပြေပြတော့ဝူး၊ သိသူဖော်စား၊ မသိသူကျော်သွားတဲ့ သိတဲ့သူတွေလည်းသိပြီးပြီ။ ဆိုင်များဆိုင် မလားလို့စကားပုံပါဘော်ဒါလုပ်လိုက်တယ်။ ဆိုင်တော့ဆိုင်ဝူး :P

ကဲကဲ နောင်ကိုကိုမမတွေဒီလိုမဖြစ်ရလေအောင် Lilly က ကိုယ်တွေ့ခံစားကြည့်ပြီး ခါးပိုက်နှိုက်ခံလိုက်ပါတယ် လို့သဘောထားလိုက်ပေါ့၊ (ကိုယ့်ဟာကိုယ်ဖြေသာအောင် နှိမ့်သိမ့်တာပါ)

အခုလည်းတကယ်ဖြေသာသွားပါပြီ၊ အစကတော့ ကလိကလိပေါ့ အခုတော့ ဂျလိဂျလိ

အခုဘ၀ဒီလိုဘတ်ခံရတာအရင်ဘ၀က ကိုယ်ကဘတ်ခက်လို့တဲ့ ဘုန်းဘုန်းဟောလေ့ရှိတယ်၊ Lilly က အရင်ဘ၀က ငဘတ်ထီးလား၊ ငဘတ်မလားဖြစ်ခဲ့လို့နေမှာပေါ့နော့် JJ

မှတ်သားဖွယ်ရာ

လူ၏တန်ခိုး

လူမှာရှိသောတန်ခိုးသည် အံ့ဖွယ်သောအရာတို့ကိုဖြစ်မြောက်စေနိုင်၏။

အခါများစွာနတ်များက အကြံပေးသည်ဟု မှတ်ထင်ရလောက်အောင် ထူးဆန်းလေသည်။

ခက်ခဲသောအလုပ်တစ်ခုနှင့်တွေ့သည့်အခါ အခက်အခဲကိုတကယ်နိုင်အောင်ဖြိုမည်ဟူသောစိတ်ရှိလျက် နည်းလမ်းပေါ်လာရ မည်ဟုယုံကြည်ကာ ထိထိရောက်ရောက်နည်းလမ်းကိုတောင့်တလျှင် တနည်းနည်း ဖြင့်ပေါ်ပေါက်လာရ၏။

ဤ ယနေ့အလုပ်

ဤ ယနေ့ လုပ်သောအလုပ်သည် မနက်ဖြန်ခါလုပ်ရမည်ဖြစ်သော သာလွန်ကြီးမားသောအလုပ်အတွက် လှေကကားထစ်သဖွယ် ဖြစ်စေရာ၏။

အပြစ်မဆိုနှင့်

လူတစ်ဖက်သားအား စိတ်လိုက်မာန်ပါ ကဲ့ရဲ့သဂြိုလ်လွယ်ကူစွာအပြစ်မဆိုနှင့်။ လူတစ်ယောက်အပြစ်တင်စရာအမှုကို ပြုလုပ်သည့်အခါ ရုတ်တရက်အပြစ်တင်မည့်အစား သူဘာကြောင့်ပြုလုပ်သည်ကို စဉ်းစားဆင်ခြင်ခြင်းသည် အပြစ်အကင်းဆုံးဖြစ်လေ သည်။

မကောင်းမှုကိုမုန်း

ငရဲကိုကြောက်သောကြောင့် မကောင်းမှုကို ရှောင်ကြဉ်သောလူကို ချီးမွမ်းဖို့မရှိ။ မကောင်းမှန်းသိသောကြောင့် မကောင်းမှုကိုမုန်းထားပြီး ကိုယ်ချင်းစာတရားနှင့်ရှောင်ကြဉ်မှမြင့်မြတ်လေသည်။

ဆိုးသွမ်းသူကိုမမုန်းအပ်၊ ဆိုးသွမ်းမှုကိုသာမုန်းရမည်။

လူမြင်အောင်၊ လူချီးမွမ်းအောင် ကောင်းမှုကိုပြုခြင်းထက် ကောင်းမှုသက်သက်ကိုနှစ်သက်သဘောကျ၍ ပြုခြင်းက ပိုမို၍မြတ်လေသည်။

ဆရာကြီးပီမိုးနင်းရဲ့ အဆုံးမစကားကို ဗဟုသုတအနေနဲ့ဖတ်လို့ရအောင်တင်လိုက်တာပါ၊ ကိုယ်တိုင်လည်းလိုက်နာရအောင်ပေါ့ :)

မိတ်ဆက်ခြင်း

ဟီး.. မိတ်သာဆက်ရတယ် အမှန်ကိုပြောလိုက်အုံးမယ်။ ဒီ Blog ကို account ဖွင့်ထားတာ February 2008 ကတည်းကပါ၊ ရင်တွင်းခံစားချက် တစ်ပုဒ်တင်ပြီး ဒီအတိုင်းပြစ်ထားတာကြာပြီ၊ ဖွင့်တောင်မဖွင့်တော့ဘူး။ စိတ်သွားတိုင်း ကိုယ်မပါဆိုတာ ဆိုတာဒါမျိုးနေမှာနော် စိတ်သာရှိပြီးမလုပ်ဖြစ်လို့လေ။ အခုတော့ senior မမတွေ ကိုကိုတွေက သူတို့ ဒဿနတင်ပြချက် တွေကိုဖတ်ဖတ်ပြီးလည်း မပေါက်ရင်မနေနိုင်တာကလွဲလို့ (စိတ်) :P

ဒါကြောင့် သနားကြင်ကြင်နာနာနဲ့အားပေးကြနော်လို့၊ သူ့ခမျာရူးနေလို့တွေးမိတွေးရာတွေကောက်ရေးနေတယ် သနားပါတယ်ကွယ် ဆိုပြီးအားပေးရင်လည်း ချိတ်ချိုးဝူး နော်