ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ်
ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့
စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ
မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက
တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ
အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့
သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ
ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး
အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။
အော် ... ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။
ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။
ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ။
လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး
ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့
ခင်ဗျားကိုဆုတောင်းပေရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။ သေချာတာတစ်ခုက
ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်းပေးနေပါတယ်။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း
ထပ်ပြောလိုက်တယ်။ နွားက ၀ိုး ... ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့်
နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်စိုက်ပြီး အိမ်ထဲကို
ပြန်ဝင်လာခဲ့တယ်။
အော် ... လယ်သမားကြီးရဲ့ ကြွက်ထောင်ချောက်ကို ငါ တစ်ကောင်တည်း
ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင်
တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့
ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့
အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။
ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်ရတယ်။
အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။
အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ်
လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာ
ကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။
ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။
အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့
နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။
သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။
နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ
ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို
စီစဉ်ရတော့တယ်။
ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ
စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့
မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ
ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ်
ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ မျက်စိဒေါက်ထောက်ပြီး ဂရုတစိုက်
ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း အားပေးပြီး အစွမ်းကုန် ကူညီတတ်ဖို့
လိုပါတယ်။ ကျနော်တို့ အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက
တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့
စကားပါ။
ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူတွေအတွက် ဥပမာပေးရာမှာတော့
နီးစပ်မှုရှိပါတယ်။
"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်...
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"
"If you are neutral in a situation of injustice,
you have chosen to side with the oppressor."
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
Thursday, October 30, 2008
ဒေါသစိတ်
ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်
။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။

Labels:
ဖတ်စရာ၊မှတ်စရာ
ခုနှစ်ရက်သားသမီးများအတွက်ဗေဒင်
သူငယ်ချင်းတို့ရေ.. ဗေဒင်ကိုယုံလား? ယုံတဲ့သူငယ်ချင်းတွေရော..
မယုံတဲ့သူငယ်ချင်းတွေရော...ဖတ်ကြည့်ကြပါနော်..ဟဲဟဲ
သူငယ်ချင်းတို့ရေ... ကိုယ့်ရဲ့ကံတရားကို သိချင်တယ်ဆိုရင်တော့...
ဆေးတက္ကသိုလ်(မကွေး)က သူတွေရေးထားတာ...
ဘယ်လိုကြည့်ရမလဲဆိုတာ ပြောပြမယ်... ကိုယ့်ရဲ့ မွေးရက်ကို
ဂဏန်းတစ်လုံးတည်းဖြစ်အောင်ပေါင်းပါ.....
ဥမပါ... (အဲလေ..မှားလို့).. ဥပမာ.. သင်သည် ၁၂ ရက်နေ့တွင်မွေးပါက ၃
ဂဏန်းဇာတာရှင်ဖြစ်သည်။ (ဟဲဟဲ.. ဗေဒင်ဆရာလေသံနဲ့ပြောကြည့်တာ...)
ကဲ.. ကိုယ့်ရဲ့ ကံကြမ္မာဘယ်လိုလာမလဲဆိုတာ ကြည့်ကြရအောင်နော် .. ငယ်ချင်းတို့... ဟဲဟဲ
၁ ဂဏန်းသမားများ
သင်သည် တစ်ဘ၀လုံး သူများတစ်ကာ၏ တစ်တစ်ခွခွဆဲဆိုခြင်းကိုခံရတတ်သည်။
တစ်ကိုယ်ရေတည်း နေထိုင်ရတတ်သည်။ တစ်လောကလုံးက တစ်ဖက် ကိုယ်ကတစ်ဖက် ဖြစ်နေတတ်သည်။
ပညာရေး - စာမေးပွဲကို တစ်တန်းတစ်ခါကျဖြင့် ဖြေရလောက်အောင် ထူးချွန်ပြောင်မြောက်မည်။
စီးပွားရေး - တစ်ရက်တစ်ခါ နေရာပြောင်း တောင်းစားရမည်။
အချစ်ရေး - အိမ်ထောင်ရှိသူ ကလေး တစ်ယောက် အဖေ (သို့မဟုတ်) အမေ နှင့် ဖူးစာဆုံရတတ်သည်။
ယတြာ - သစ်တစ်ပင်ပင်၏ အောက်တွင် တစ်ကိုယ်လုံးတွင် အ၀တ်အစား မပါပဲ လက်ညှိုးတစ်ချောင်းထောင်ပြီး
တစ်လောက လုံးတွင်ငါတစ်ယောက်တည်း ဟု တစ်ကြိမ်ကျယ်ကျယ်အော်ပေးပါ။
၂ ဂဏန်းသမားများ
သင်သည် ဤနှစ်ဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း၊
နှာပွခြင်းတို့ကို နှစ်ရှည်လများ ခံစားရပေအံ့။
ပညာရေး - နှစ်နှစ်ခြိုက်ခြိုက် အိပ်ခြင်းပညာကို လေ့လာရတတ်သည်။
စီးပွားရေး - နှစ်ရှည်လများက အကြွေးများကိုပြန်ရကိန်းရှိသည်။
အချစ်ရေး - နှမချင်းမစာနာတတ်သူ၏ ဆွဲလားရမ်းလားလုပ်ခံရတတ်သည်။
ယတြာ - မိမိနှာခေါင်းနှစ်ပေါက်ကို လက်နှစ်ချောင်းဖြင့်ပိတ်၍
အချစ်ဆုံးသူငယ်ချင်းကို မျက်နှာချင်းဆိုင်ကြည့်ကာ " နင့်သတင်းတွေ
ငါကြားနေရတယ် " ဟု မဲ့ကာရွဲ့ကာဖြင့် မာန်ပါပါပြောပါလေ။
၃ ဂဏန်းသမားများ
ကိုယ့်ကိုယ်ကို သုံးမရဘူးဟုထင်ပြီး စိတ်ဓါတ်ကျနေတတ်သည်။ သံစူးခြင်း၊
သန်းတွယ်ခြင်း၊ သေးမထွက်ခြင်းတို့ကို ခံစားရတတ်သည်။
ပညာရေး - အသုံးမကျအောင်နေထိုင်နည်းကို ဆရာသမားသုံးဦးမှ လမ်းညွှန်တတ်သည်။
စီးပွားရေး - သူခိုးခိုးခံရတတ်သည်။ တန်ဖိုးရှိပစ္စည်းကို ပစ္စလတ်ခတ်သိမ်းထားပါ။
အချစ်ရေး - သုံးပွင့်ဆိုင်ဇာတ်လမ်းလေးဖြစ်တတ်သည်။
သုံးဘီးကားမောင်းသူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
ယတြာ - တစ်ကိုယ်လုံးဆေးနီတို့ပါ။ ပြီးလျှင် လမ်းသုံးခွဆုံရာသို့သွား၍
ခြေတစ်ဖက်ကို ထောက်ရပ်ကာ
လက်နှစ်ဖက်ကိုလေထဲသို့ဆန့်တန်းပြီးခေါင်းငိုက်စိုက်ချထားပါ။
လည်ပင်းတွင်အောက်ပါ ဂမ္ဘီရအနောက်တိုင်းအင်းချပ်ကိုဆွဲထားပါ။
လူတကာ၏မေတ္တာစေတနာကို ခံစားရပါလိမ့်မည်။
HIV (+)
၎ ဂဏန်းသမားများ
လက်အောက်ငယ်သားများ၏ မလေးမခန့်လုပ်ခြင်းကို အောင့်သက်သက်ခံရတတ်သည်။
လိပ်ခေါင်းထွက်ခြင်း၊ လက်တုန်ခြင်း၊ လှုပ်မရခြင်းတို့ဖြစ်တတ်သည်။
ပညာရေး - လစ်လျှင်လစ်သလိုကြိုးစားပါ။
လွယ်လွယ်ကူကူအောင်မြင်ပါလိမ့်မည်။ လေးစားအောင်နေ၍
ကွယ်ရာတွင်မဟုတ်တာမှန်သမျှလုပ်သောပညာရပ်ကို သင်ကြားရတတ်သည်။
စီးပွားရေး - အလစ်သုတ်ခံရတတ်သည်။ ဈေးဝယ်လျှင် အလေးခိုးခံရတတ်သည်။
အချစ်ရေး - လေးလုံး(မျက်မှန်တပ်သူ) တစ်ဦးနှင့် ဖူးစာဆုံတတ်သည်။
မုဆိုးဖို၊ မုဆိုးမတစ်ဦး၏ လေးစားစွာဖြင့် ချစ်ခွင့်တောင်းခံရတတ်သည်။
ယတြာ - လစ်ပိုတစ်လုံးသောက်ပြီး လိပ်ဥ(၄၄)လုံးစားကာ
လေးထပ်တိုက်ပေါ်မှနေ၍ လေးဘက်ထောက်၍ " အားလုံးကို လေးစားပါတယ် " ဟု
အသံဝါကြီးဖြင့်လေးကြိမ်တိတိအော်ပါ။
၅ ဂဏန်းသမားများ
ဘ၀တစ်သက်တာတွင် ရေလိုက်ငါးလိုက်အနေရဆုံးဖြစ်သည်။
အမြင့်ရောက်ကိန်းရှိသည် ( ဥပမာ- ငါးထပ်တိုက်ပေါ်)။
ပညာရေး - ငါးပါးသီလကို စနစ်တကျချိုးဖောက်သော ပညာရပ်ကိုတတ်မြောက်လိမ့်မည်။
စီးပွားရေး - ငါးစိမ်းသည်အလုပ်ဖြင့် အကျိုးပေးမည်။
အချစ်ရေး - ငှက်ဆိုးထိုးသံကဲ့သို့ အသံရှိသူနှင့်ဖူးစာဆုံတတ်သည်။
ငါးခူပြုံးပြုံးတတ်သူ ငါးဦး၏ အီစီကလီလုပ်ခြင်းကို ငါးရက်ခန့်
သည်းခံရတတ်သည်။
ယတြာ - ငါးကြော်ဝယ်စားပြီး ငါးယောက်မြောက်တွေ့သည့်ကောင်မလေးကို
ငါးမန်းအကြည့်ဖြင့်ကြည့်၍ "ကကြီးဖင်မှာ ပွေးတွေနဲ့၊ ခခွေးဖင်မှာ
ပွေးတွေနဲ့၊ " ဟူ၍ "က"မှ "င" အက္ခရာအထိဆိုပါ။ လက်တွေ့ဆိုကြည့်ပါ။
ထူးခြားပါလိမ့်မည်။
၆ ဂဏန်းသမားများ
ခြောက်သွေ့စွာ အထီးကျန်ဖြစ်နေတတ်သည်။ ယောက်ျားစင်စစ်မှနေ၍
ခြောက်သွားခြင်း၊ ခြုံးပွဲချငိုချင်နေခြင်းတို့ဖြစ်တတ်သည်။
ပညာရေး - ခြုံးခြုံးကျလောက်အောင် ကြိုးစားပါ။ ချက်ချင်းအောင်မြင်မည်။
နတ်ကတော်သင်တန်း၊ အလှဖန်တီးရှင်သင်တန်းကိုတက်ရတတ်သည်။ ခြောက်လှန့်၍
ညာစားသောပညာရပ်များတတ်လွယ်သည်။
စီးပွားရေး - စီးပွားရေးကံကောင်းနေပြီဖြစ်၍ ခြင်းတောင်းရက်ခြင်း၊
ခြင်ထောင်ချုပ်ခြင်း၊ ခြင်ဆေးခွေထုတ်လုပ်ခြင်းစသည့်လုပ်ငန်းများမှ
အူခြောက်လောက်အောင် အမြတ်ရရှိမည်။ အကောင်းများပြေပျောက်၍
အဆိုးများရောက်လာပါလိမ့်မည်။
အချစ်ရေး - ခြောက်နေသောချစ်သူနှင့် ခြောက်ရက်ကြာစကားများရတတ်သည်။
တက်မတတ်၊ ချက်မတတ်ငိုတတ်သူတစ်ဦးနှင့် ဖူးစာဆုံတတ်သည်။ ချစ်သူ၏
နာကျည်းမှုဖြင့် ခြောက်လုံးပြူးနှင့် အပစ်ခံရတတ်သည်။
ယတြာ - ချုံထဲတွင် ချိန်းတွေ့နေသာ ချစ်သူနှစ်ဦး၏ကြားထဲသို့
၆ကျပ်သားခန့် ရှိသော ချီးထုပ်ကိုပစ်ထည့်ပြီး "အချား.. အချား" ဟု အော်၍
အာခြောက်သည်အထိ ပြေးပါ။
၇ ဂဏန်းသမားများ
အခွန်မဆောင်နိုင်သဖြင့် အဖမ်းခံရတတ်သည်။ မျက်ခွံဖွင့်မရခြင်း၊
ခွံ့ကျွေးမှစားနိုင်ခြင်း၊ ခါးနာခြင်း၊ ခွက်လက်ဆွဲချင်စိတ်ပေါက်နေခြင်း၊
ခုနှစ်ရက်သားသမီး၏ သတ်ပစ်ချင်လောက်အောင် မေတ္တာထားခြင်းကို ခံရတတ်သည်။
ပညာရေး - ခိုးချမရဖြစ်တတ်သည်။ ခိုးကူးနေစဉ် အခန်းစောင့်ဆရာမမှ
လက်ပူးလက်ကြပ်မိတတ်သည်။ ခုနှစ်ရက်သားသမီးကို ဒုက္ခပေးသော အတတ်ကိုရတတ်သည်။
အချစ်ရေး - ခုနှစ်သက္ကရာဇ်တူတူ မွေးဖွားသူနှင့် ဖူးစာဆုံရမည်။
ချစ်သူ၏အနှစ်မပါသော အခွံစကားများကို ငြီးငွေ့လာမည်။ ခွက်ထိုးခွက်လန်
ရယ်တတ်သူတစ်ဦးကို တိတ်တခိုး ချစ်မိလာတတ်သည်။
ယတြာ - ခုံပေါ်တက်၍ ခါးတောင်းကို မြှေုာက်အောင်ကျိုက်ပြီး မယ်ဒလင်တီးကာ
အက်ဆစ်အဖွဲ့၏ အခန်း(၇) သင်ခန်းစာသီချင်းကို
တွံတေးစိုးအောင်ကီးဖြင့်ဆိုပါ။
၈ ဂဏန်းသမားများ
ယခုနှစ်လုပ်သမျှ တလွဲဖြစ်လာမည်။ အသည်းရောင်ဘီပိုးစစ်၍ negativeပြရာ
ဝမ်းသာနေစဉ် HIV positive ၀င်ကြောင်းသတင်းကြားရတတ်သည်။ ချစ်သူထံမှ
အဖြေရသည့်နေ့တွင် ကိုယ့်ချစ်သူကို မိမိထက်ပိုချစ်သူက ကားတင်ပြေးတတ်သည်။
ပညာရေး - ရှစ်ပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ ခဏခဏပြင်ဝတ်တတ်သော အကျင့်ရမည်။
စီးပွားရေး - ရှဥ့်မွေးမြူရေးလုပ်ငန်းမှ အမြတ်ရတတ်သည်။
ခြေရှစ်ချောင်းရှိသော သတ္တ၀ါများ(ဥပမာ-ဂဏန်း၊ ပင့်ကူ) စသည်တို့ကို
သိပ္ပံနည်းကျ မွေးမြူရင်း သန်းပေါင်းများစွာ(ဆံပင်ထဲတွင်) ချမ်းသာမည်။
အချစ်ရေး - အရှက်မရှိသူတစ်ဦး၏ ရှိခိုးကာ ချစ်ခွင့်တောင်းခံရတတ်သည်။
ရှုပ်ပွေသောချစ်သူကြောင့်စိတ်ညစ်ရတတ်သည်။
ယတြာ - ချစ်သူကို ဥသျှစ်သီးကျွေးပြီး ရှိခိုးကာ ရှက်ပြုံးပြုံး၍
"shit" ဟု ရက်ရက်စက်စက်အော်ပါ။
၉ ဂဏန်းသမားများ
န၀င်းသမားများအဖို့ ယခုနှစ်ဂမ္ဘီရဆန်သော အဖြစ်အပျက်များနှင့်
ကြုံရတတ်သည်။ အထက်မှ ပုဂိုလ်များ(ထန်းတက်သမား၊ ပန်းရံ) တို့၏
လာရောက်ဆက်သွယ်မှုကိုခံယူရမည်။ ဓါတ်စီးသူကို ထိမိ၍ဓါတ်လိုက်သည်။
ဓါတ်တိုင်ပေါ်မှ ဓါတ်မီးသီးသည် သင့်ခေါင်းပေါ်သို့ ဒုတ်ဒုတ်ထိကျတတ်သည်။
ပညာရေး - ကိုးကွယ်ရာမရှိဖြစ်ပြီး စာမေးပွဲကျတတ်သည်။
ပတ်ဝန်းကျင်မကောင်း၍ ကံအကြောင်းမလှဖြစ်တတ်သည်။ ကုန်းကုန်းကွကွလုပ်ရသော
ပညာရပ်ကို သင်ကြားရတတ်သည်။
စီးပွားရေး - ကုန်သမျှ ပြန်ရမည်။ ရသမျှ ပြန်ကုန်သည်။
အချစ်ရေး - ကွက်စိတ်ဆရာတစ်ဦးနှင့်
အိမ်ထောင်ရက်သား(ရက်ပိုင်းမျှသာ)ကျတတ်သည်။
ကွက်ကြည့်ကွက်ကြည့်လုပ်တတ်သူတစ်ဦးကြောင့် ရင်ခုန်ရတတ်သည်။
ယတြာ - ကိုကာကိုလာ သောက်နေသူတစ်ဦးကို ကတ္တရာစေးဖြင့်သုတ်၍
"ကိုးကွယ်ပါ၏" ဟုပြောကာ ကျောကုန်းကို ကုတ်ပေးပါ။

ဗေဒင်
အေးချမ်းစွာရှင်သန်ခြင်း
တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊
သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့်၊
အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီး
ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက
"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင် မဟုတ်လေတော့
အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့ ထင်းရှူးပင်ကြီးက
ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ" လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။
အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။ စပျစ်ပင်ကြီးကလည်း
သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊
အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို သေလုမျောပါး ဖြစ်သွားရတာပဲ"
လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က
သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊ အပွင့်က ရနံ့လေးတွေကလည်း
သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း) လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။
ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ၊
တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့ ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ"
လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်မှာ
စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်… ၀က်သစ်ချပင်လို မဖြစ်စေချင်ဘူး…
ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး…
အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့
နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ
ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ
ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်… .
ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် .... သူတဖက်သားကို အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို့ မဆိုလိုနိုင်ပေမဲ့ .... မတုရင် တုလို့ မရတာတွေ အများကြိီးပါရှင် .. ဒါကြောင့် ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင် ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...
ဒီပုံပြင်လေးကတော့ ဟာသလေးနဲ့ ဆုံးမထားတဲ့ ရိုးရိုးရှင်းရှင်းပုံပြင်လေးပါ ပဲရှင် .. လွယ်ကူလွန်းတဲ့ အတွက်သဘောပေါက်လဲ လွယ်ကူလှပါတယ် ဖတ်ကြည့်ကြအုံးနော် ...

ကိုယ့်ကိုကိုယ် အရင်ပြင်
တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ… မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်" ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့" လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး… အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့် အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်ရမယ်။"
ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့ ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင် အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းလေးပေါ့ရှင်..

အသည်းကွဲသူ
တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို "ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။
အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။
အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး "ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင် ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

ဒေါသ
တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့ လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။ အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့ ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။
အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက် ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့ အမျိုးသမီးကို မြင်တော့ "ခုနားက မင်းအပြုအမှုကို ရှင်းပြစမ်းပါဦး" လို့ မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ် ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ "ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။ အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့ ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ" လို့ ပြန်ပြောလိုက်တယ်။

Hans Christian Andersen၏ ပုံပြင်များ
တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။
အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။
အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။
ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။
ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။
အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့
ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။
Share

အရည်အချင်းနှင့် လက်တွေ့
လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။
တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။
တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။
တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။
ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။
"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြန်ဖြေလေသည်။
ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။
"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။
ပန်းတစ်ပွင့်က ပြောပါတယ်....
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

Friday, October 17, 2008
မြ ရဲ့ လ
လပြည့်ညသည် ကြည့်နေရင်းမှာပင် တရိပ်ရိပ် မြင့်တက်လာ၏။ လ၏ ရှေ့ ဆီတွင် ပါးလျားသော တိမ်လိပ်တန်းတစ်ခု
တရွေ့ ရွေ့  ဖြတ်ကျော်လျက်ရှိသည်။ ပြာမှောင်သာ ကောင်းကင်ပြင်တွင် ကြယ်ကလေးများ ဟိုတစ်စု သည်တစ်စု ပေါ်လာပြီ။
ကောင်းကင်ပြင်ကို အဆုံအစမမြင်ရပါ။ မိုးကုပ်စက်ပိုင်းခြမ်း၏ ရှေ့ ပိုင်း သုံးပုံနှစ်ပုံကိုသာ မြင်ရပါသည်။ ကျွန်တော့်Aထက်က
ကောင်းကင်နှင့် ကျွန်တော့်အနောက်က ကောင်းကင်ကို ကျွန်တော် မမြင်ရပါ။ ဤဒေသမှာလူတွေ၏ အမြင်ဆိုင်ရာ ကျယ်ပြန့် မှု
မြင်ကွင်းပြင်ကို ကန့် သတ်ထားသော အရာများစွာ ရှိပါသည်။ ပက်လက်ကုလားထိုင်ပေါ်မှာ သော်လည်းကောင်း၊ ခုတင်
သို့ မဟုတ် တန်းလျား ထိုင်ခုံတစ်ခု ပေါ်မှာသော်လည်းကောင်း ပက်လက်လဲလျောင်းသည့်အခါ မိမိမျက်နှာမူရာ တည့်တည့်ရှိ
အထက်အရပ် မြင်ကွင်းသည် ကောင်းကင်ပြင် မဟုတ်ဘဲ မျက်နှာကျက် အုတ်အမိုး တစ်ခုဖြစ်နေသည့်အခါ တစ်ခါတစ်ခါ
တော်တော် ကသိကအောင့် ဖြစ်ရပါသည်။
တကယ်တော့ ယခု ကျွန်တော်အာရုံထဲမှာ ရှိနေသည့်တိမ်၊ ကြယ်ပွင့်၊ လနှင့် ကောင်းကင်ဟူသော အရာများကို
ဘယ်တုန်းကမျှ ကျွန်တော် သတိတရ ဂရုတစိုက်ထားခဲ့မိသည် မဟုတ်ပါ။ ကျွန်တော်အထက်တွင် ကောင်းကင်ပြင်ကြီး
ရှိနေသည်ဟူသော အသိပင် ကျွန်တော့်မှာ မရှိခဲ့ပါ။ မြို့ ပြ၏ စီးပွားရေး နှင့် လူမှုရေး သံသရာမှာ စိတ်ပါလက်ပါ လှည့်ပတ်
နေထိုင်ရင်း ကျွန်တော်နှင့် သဘာဝတရားသည် ဝေး၍ဝေး၍ လာခဲ့သည်။ ဒါကိုလည်း ကျွန်တော် စိတအနှောင့်မယှက် မဖြစ်ခဲ့။
ကြယ်တွေ၊ လတွေကို မမြင်ရလို့ လည်း မတမ်းတတတ်ခဲ့။ ကျွန်တော့်အလုပ်ကလည်း လတွေ၊ ကြယ်တွေ၊ တိမ်တွေနှင့်
တော်တော်လေး ဝေးပါသည်။ ဘဏ်လစ်မစ်တတ် ဋ္ဌာနခွဲတစ်ခုမှ ၀န်ထမ်းတစ်ယောက်သည် ငွေစုစာအုပ်များ၊ စာရင်းအင်းများ၊
ငွေစက္ကူများနှင့် လူမျက်နှာများ၊ လက်များကိုသာ တစ်နေ့ ပြီးတစ်နေ့  တွေ့ မြင်ရင်းနှီးနေခဲ့ရသည်ဖြစ်ရာ စိတ်ကူးသက်သက်
အရာများစု ထင်ရလောက်အောင် မိမိနှင့် ဝေးလံသော ထိုသဘာဝတရားကို လျစ်လျူရှုခဲ့သည်မှာ မထူးဆန်းပါ။ ထူးဆန်းသည်မှာ
ယခုအခါ ထိအရာများကို သတိတရ ရှာဖွေေ စာင့်ကြည့် တတ်လာခြင်းပင် ဖြစ်သည်။
လပြည့်လတစ်ခု မိုးကုတ်စက်ဝိုင်းမှာ စတင်ထွက်ပေါ်လာချိန်မှစ၍ ခပ်မြင့်မြင့် ကောင်းကင်သို့  နေရာယူချိန်အထိ
ကျွန်တော် စောင့်ကြည့် ငေးမောနေခဲ့သည်ကို ကျွန်တော့် ရုံးမှ လုပ်ဖော်ကိုင်ဖက်များ၊ ကျွန်တော့် အခန်းနီးချင်းများ၊ ကျွန်တော့်
သူငယ်ချင်းများ သူတို့သိသွားလျှင် တော်တော် အံ့သြကြပါလိမ့်မည်။ ကျွန်တော် ရူးသွပ်သွားပြီးဟု မထက်ရက်သူများသည်
ကျွန်တော် ခပ်ကြောင်ကြောင်ဖြစ်သွားပြီဟု ထင်ကြပါလိမ့်မည်။
ခင်ဗျားတို့  ကျွန်တော်နှင့် ပေါင်းသင်းဆက်ဆံနေရာတွင် စိတ်သန့် စေလိုသော စေတနာဖြင့် ကျွန်တော် ဤကိစ္စကို ရှင်းလင်း
ပြောပြလိုပါသည်။ သို့ သော် ဤကိစ္စမှာ ကျွန်တော် ကိုယ်တိုင်ပင် မရှင်းလင်းသေးသော ပြဿနာဖြစ်၍ ခင်ဗျားတို့ ကို ကျွန်တော်
ယခုအချိန်မှာ မရှင်းပြနိုင်သေးပါ။ လသည် လူသားများကို ဆွဲဆောင်နိုင်ပါသလား။ ဆွဲဆောင်နိုင်သည်ဆိုလျှင် မည့်သည့်
ဂုဏ်သတ္တိများဖြင့် ဆွဲဆောင်နိုင်ပါသနည်း။ မည့်သည့် အတိုင်းအတာအထိ ဆွဲဆောင်လေ့ ရှိပါသနည်။
ပြောရပါလျှင် လသည် ကျွန်တော့် အတွက် အလွန်ခက်ခဲသော ပုစ္ဆာ တစ်ပုဒ်ဖြစ်၏။ ထိုပုစ္ဆာကို ကျွန်တော့်Aား
မေးခဲ့သူမှာ ကျွန်တော့်ဇနီး ဖြစ်ပါသည်။
* * *
ကျွန်တော့ ဇနီးသည် အရာရာတွင် ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူဖြစ်၏။ သူမကို သက်သက်ညှာညှာ ပြောရလျှင် ဂန္ထာ၀င်
အမြင်ရှိသူဟု ခေါ်နိုင်မည် ထင်ပါသည်။ ဘယ်လောက်များ ဂန္ထာ၀န် ဆန်လိုက်သလဲဆိုလျှင် နာမည်ကိုက ခင်မြမြ… တဲ့။ သူ့ ကို
ကျွန်တော်က မြဟု ခေါ်ရပါသည်။
ကျွန်တော်တို့  ဇနီးမောင်နှံသည် တစ်ယောက်ကို တစ်ယောက် အလွန်ချစ်မြတ်နိုးကြပါသည်။ မြသည် တောမြို့ကလေး
တစ်ခုတွင် မွေးဖွားကြီးပြင်းခဲ့၏။ ကျွန်တော်နှင့် လက်ထပ်ပြီးသော အခါ ကျွန်တော် နေထိုင်ရာ မြို့တော်ကြီးသို့  လိုက်ပါလာ
ခဲ့ပါသည်။ မြို့တော်ကြီးသို့  ရောက်ခါစ ကာလများ၌ မြသည် ဘ၀ကို ကျေနပ်ပျော်ရွှင် ခဲ့သည်ဟု ကျွန်တော် ထင်ပါသည်။ အမခန်း
လှပထူးဆန်းသော အဆောက်အအုံများ၊ မိုးသို့  ထိလုမတတ် မြင့်မားသည့် တိုက်ကြီးများ၊ နှစ်ထပ်မော်တော်ကားလမ်းများ၊
ယာဉ်သွားလာရန် ဆောက်ထားသည့် တံတားကြီးများ၊ မြစ်ကူးချောင်းကူး တံတားကြီးများ၊ ခံညား လှပသည့် ရုပ်ရှင်ရုံကြီးများ၊
အားကစားကွင်းနှင့် ဘူတာရုံကြီးများကို မြသည် တအံ့တသြ ငေးမောခဲ့ဖူးသည်။ အဝေးပြေး ကားဂိတ်စခန်းသို့  ရောက်စဉ်
လေယာဉ်ကွင်းဆီမှ အသံကျယ်လောင်စွာ မြည်ဟိန်းပြီး ကောင်းကင်သို့  တက်လာသည့် ဂျက်လေယာဉ်ကြီးများကို
အထိတ်တလန့် ၊ ထို့ နောက် သဘောကျစွာ မော့ကြည့် ပြုံးရယ်ခဲ့ဖူးသည်။ လေအေးပေးစက် ထပ်ထားသည့် ဆလွန်းကားကို
သဘောကျစွာ ကျေနပ်ခဲ့ဖူးသည်။ ကြီးကျယ်ခမ်းနားသော ကုန်တိုက်ကြီးများတွင် လိုချင်သမျှ ပစ္စည်းတို့ ကို အမျိုးအမည်
စုံလင်စွာ တွေ့ မြင်ဝယ်ယူရသဖြင့် ကလေး တစ်ယောက်လိုပင် သဘောကျခဲ့ဖူးသည်။ မှန်နံရံများ၊ မှန်တံခါးများဖြင့် လေေAးစက်
တပ်ထားသည့် ကျွန်တော့်ရုံးခန်းကို တစ်ရက်လိုက်လာစဉ် ကျေနပ်နှစ်သက် သွားခဲ့ဖူးသည်။
ထို့ ကြောင့်လည်း မြသည် မြို့တော်ကြီးမှာ ကျွန်တော့်ဇနီးအဖြစ် လူရာဝင်ရခြင်းအပေါ် ပျော်ရွှင်နှစ်သိမ့် နိုင်လိမ့်မည်ဟု
ကျွန်တော် ထင်ခဲ့၏။ ရိုးသားဖြောင့်မှန်သော ဇနီးတစ်ယောက်ကို ရရှိထား ရခြင်းအပေါ် ကျွန်တော်ကလည်း
ဂျူး မြ ရဲ့ လ
NNN
ဂုဏ်ယူကျေနပ်နိုင်လိမ့်မည်ဟု ကျွန်တော်ထင်ခဲ့၏။ သို့ သော် ကျွန်တော့် အထင်များ မှားယွင်းခဲ့သည်။ အဲဒါကိုလည်း ကျွန်တော်
ချက်ချင်းမသိခဲ့။ တဖြည်းဖြည်းချင်း ကာလ ကြာမြင့်လာမှ အနည်းအပါး ကျွန်တော် ရိပ်မိခဲ့ရခြင်း ဖြစ်ပါသည်။
မြAပေါ် ကျွန်တော် စိတ်ပျက်ရခြင်းမှာ မြသည် တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်ရသည့် ဘ၀နှင့် ဘယ်လိုမျှ နေသားကျ
မလာခြင်းကြောင့် ဖြစ်သည်။ Eည့်ခန်း၊ အိပ်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်းဟူ၍ ကျွန်တော်က တတ်နိုင်သမျှ အခန်းဖွဲ့ 
ပေးခဲ့သော်လည်း မြ၏စိတ်က ကျဉ်းကျပ်နေသည်။ အ၀တ်လှန်းစရာ နေရာတွေ အများကြီးရှိပါလျက် ထမင်းစားခန်းနှင့်
မီးဖိုခန်းမှာ ကြိုးတန်းတန်း၍ အ၀တ်လှန်းချင် လှန်းသည်။ အိပ်ခန်းထဲမှာ မီးပူတိုက်လျှင် ရပါလျက်နှင့် ကဉ်းကျပ်သည်ဟုဆိုကာ
ဧည့်ခန်း ဆက်တီခုန်များကို ဘေးသို့ ရွှေ့ ၍ ကြမ်းပြင်မှာ မီးပူတိုက်ချင် တိုက်သည်။ ကျွန်တော်နှင့် အတူ ဧည့်သည်ပါလာ၍လည်း
မြသည် သူမ၏
အလုပ်ကို နေရာရွှေ့ရန် စိတ်ကူးတတ်သူ မဟုတ်ချေ။ ကျွန်တော် ဧည့်ခန်းထောင့်မှာ မြေAိုးဖြင့် စိုက်ပျိုးထားသော
ဂမုန်းပင်ကြီးကို မြက ရယ်မောနေတတ်သေး၏။
“ ဒါ… သစ်ပင်တဲ့လားကွယ်။ ဒါကြီးကဖြင့် အစ်ကို ဧည့်ခန်းမှာ ရှုပ်နေရုံပဲ”
ကျွန်တော် မျက်စိပသာဒ ဖြစ်သည်ဟု ထင်သောအရာများကို မြက မနှစ်သက်။
“ မြ …. ဒီစင်က အဲလို ပစ္စည်းတွေ ပွရှုပ်နေအောင် တင်ဖို့  မဟုတ်ဘူးကွ”
ကြိမ်စစ်စစ်ဖြင့် ပြုလုပ်ထားသော နံရံကပ် သုံးဆင့်စင်ကလေးပေါ်တွင် မြသည် လက်လှမ်းမီသမျှ ပစ္စည်းများကို စုပြုံ
တင်ထားတတ်၏။ မျက်မှန်အဲလို၊ လက်သည်းညှပ်လို အရာဝတ္ထုမျိုး၊ လက်ပတ်နာရီလို၊ ဆေးပုလင်းလို၊ စိတ်ပုတီးလို၊
စတတ်ပ်လာလို၊ Aရာဝတ္ထုမျိုးတွေကို စင်ပေါ်မှာ ဖြစ်သလို မြင်မကောင်း ရှုမကောင်း တင်ထားတတ်၏။
“ စင်ဆိုတာ ပစ္စည်းတင်ဖို့  မဟုတ်ဘူးလား။ အစ်ကိုရဲ့။ ဒါဖြင့် အစ်ကို့ စင်က ဘာတင်ဖို့  ထားတာတုံး”
ပန်းစိုက်Aိုးကလေး တစ်ခုတလေ သို့ မဟုတ် ပန်းပုရုပ် တစ်ခုတလေ တင်နိုင်ရန်ထားသော စင်ဖြစ်သည်ဟု ပြောလျှင်
မြက မျက်မှောင်ကြုပ်လေသည်။ ကျွန်တော့်စကားကို လက်မခံနိုင်သလို အမူအရာပင် ဖြစ်သည်။
“ မြ … အဲဒါတွေ ရှင်းလိုက်စမ်းပါကွာ… နောက်ကိုလဲ အဲဒီလို မတင်ပါနဲ့ ”
သို့ သော် သုံးလေးပတ် ကြာသောအခါ စင်ပေါ်မှာ ပစ္စည်းမျိုးစုံ ရောက်နေပြန်တော့သည်။
ဆံပင်အုပ်ထူပြီး ရှည်လျားသော မြအတွက် ကျွန်တော့် တိုက်ခန်း၏ ရေချိုးခန်း ကျဉ်းကျဉ်းကလေးမှာ
ခေါင်းလျှော်ရခြင်းသည် ဆင်းရဲဒုက္ခပင် ဖြစ်သည်။ ထိုဒုက္ခသည် မြ၏ဒုက္ခ မဟုတ် ကျွန်တော်၏ ဒုက္ခ ဖြစ်သည်။ ရေချိုးခန်း
ကြမ်းပြင် ရေထွက်ပေါက်မှာ တပ်ထားသော သံဆန်ခါကလေးတငွ် အမှိုက်စများ၊ ဆံပင်မျှင်များ၊ ရှုပ်ထေွး ပိတ်ဆို့ နေသည့်အခါ
ရေသည် ကြွေပြာ ကြမ်းပြင်ပေါ်မှာ ခြေမျက်စိ လျှံနေတော့သည်။
“ မြ … လာပြီး ”
သံဆန်ခါမှာ ကပ်ငြိနေသော အရာများအားပြ၍ ရှင်းလင်း သန့် စင်ခိုင်းသောအခါ မြသည် အနည်းငယ် တွန့်ဆုတ်စွာ
နာခံ၏။ တစ်ခါတစ်ခါ သံဆန်ခါမှ ကျော်၍ ဘာပစ္စည်းတွေ ဘယ်လို ၀င်ရောက်သွားသည် မသိရဘဲ ရေထွက်ပေါက် လုံးဝ ပိတ်ဆို့
နေတတ်သေး၏။ ကျွန်တော် ကြိုးစား ပြင်ဆင်၍ မရသောအခါ ရေပိုက်ပြင်သမား ခေါ်ယူရသည်။ ထိုကိစ္စအတွက် မြသည်
တရားခံ ဖြစ်သည်ဟု ကျွန်တော်က အပြစ်တင်လိုဟန်ကို မြက ရိပ်မိ၏။
“ ကျွန်မတို့ ဆီမှာတော့ ရေချိုးရင် ရေက ကျောက်ပြားပေါ်ကနေ လျှံကျပြီး မြေကြီးပေါ်က မြောင်းအတိုင်း
သစ်ပင်တွေဆီသွားတာပဲ။ ရေချိုးလို့ လည်း ကောင်းမှကောင်း၊ အ၀တ်လျှော်လို့ လည်း ကောင်းမှကောင်း၊ အ၀တ်လှန်းလို့ လည်း
ကောင်းမှကောင်း။ ခုလို ကျဉ်းကျဉ်းကျပ်ကျပ်နဲ့  ကျွန်မ အလုပ်မလုပ် တတ်ဘူးလေ။ ဒါလောက်ကလေး ဖြစ်တာပဲ အစ်ကို
ကံကောင်းတယ်မှတ်ပါ။”
မျက်စောင်းထိုးလျက် ရယ်မောတော့ ကျွန်တော့်ဒေါသတွေ ပြေလျော့ ကျခဲ့ရတာပါပဲ။
“ မင်းတို့  တောနဲ့ တော့ လာမနှိုင်းနဲ့ ပေါ့ မြရာ….”
အစားအသောက် ချက်ပြုတ်ပြင်ဆင်ရာတွင် မြသည် ကျွန်တော့်အတွက် နည်းနည်းမျှ ရင်ခုန်ကျေနပ်ဖွယ် မကောင်းသည့်
အိမ်ထောင်ရှင်မ တစ်ပါး ဖြစ်သည်။ ပရက်ရှာကွတ်ကာ ပေါင်းအိုး ၀ယ်ပေး ထားပါလျက် ဘဲပေါင်း မပေါင်းတတ်၊ ဟင်းကို
နူးအိနေအောင် ချက်ပေးသော်လည်း အနံအရသာကို ကျွန်တော် မနှစ်သက်။ မြသည် ဟင်းတိုင်းမှာ နနွင်းမှုန့် တွေ ၀ါထိန်
နေအောင် ထည့်တတ်သည်။ ယုတ်စွအဆုံး အစိမ်းကြော် ကြော်ရာတင်ွပင် နနွင်းမှုန့်  ၀ါထိန်နေတတ်၏။ တရုတ်ဟင်း၊
မြန်မာဟင်းနှင့် နိုင်ငံခြားဟင်းအထိ (ချက်ပြုတ်နည်းမျိုးစုံ) စာအုပ်များကို ဖတ်စေခဲ့သော်လည်း ကျွန်တော့်ဇနီးသည် တစ်ခုမှ
ဖြစ်မြောက်အောင် အကောင်အအထည် မဖော်နိုင်။ မိမိ မျိုမကျသော ဟင်းတချို့ ကို နှစ်သက်ဟန်ဆောင်တတ်သည်အထိ
ကျွန်တော်က သဘောထားမကြီးနိုင်။ ထိုအခါ မြနှင့် ကျွန်တော်သည် အသေးအဖွဲ ကိစ္စကလေးများမှ အစ သဘောထား ကွဲလွဲရန်
ဖြစ်လာခဲ့သည်။
“ မြ …. ကိုယ် ခဏခဏ သင်ရတာလည်း မောနေပြီ၊ ဘောင်းဘီကို ဘေးတိုက် မီးပူမတိုက်ရဘူး။ ဟောဒီလို ရှေ့နောက်
တိုက်ရတယ်။ ဖယ်ဖယ် မင်းမလုပ်တတ်ရင် ဖယ်…. ”
ကျွန်တော် တစ်ခါတစ်ခါ မြကို တော်တော်စိတ်ပျက် ရ၏။
“ ဘယ်သူက မွေးကတည်းက တတ်မှာလဲ မြရယ်၊ မင်းမှတ်ထားဖို့ ပြောတာပါ။ တစ်ခါမရရင် နောက်တစ်ခါပေါ့…
စိတ်ဝင်စားရင် တတ်သွားတာချည်းပဲ။ မင်း စိတ်မ၀င်စားလို့  မင်းမတတ်တာတွေပဲ”
ကျွန်တော်က အပြစ်တင်လျှင်လည်း မြက ထုံပေပေ အပြုံးဖြင့် ငြိမ်နေမြဲဖြစ်၏။ မြ စိတ်ကသိကအောက် ဖြစ်သွားမှာ
မဟုတ်ပါဘူး.. ဟု ကျွန်တော် ထင်ခဲ့သည်။ သို့ သော် မြသည် လျှို့ ဝှက်တတ်သူ ဖြစ်လေသလား ကျွန်တော် မသိနိုင်ပေ။
မြသည် ကျွန်တော့်အပေါ် တစ်စုံတစ်ရာ ညည်းညူ လာသမျှသည် ကျွန်တော်နှင့် မပတ်သက်စေရဘဲ
အခြားကိစ္စများအပေါ် စွပ်စွဲ ညည်းညူမှုများသာ ဖြစ်၏။
“ အစ်ကိုတို့  ရန်ကုန်က ဈေးသည်တွေက သိပ်အလေးခိုးတာပဲနော်။ မိုက်ရိုင်းလိုက်တာလဲ ပြောမနေနဲ့  တော့။ လူကို
အ-အ များ မှတ်နေသလား မသိဘူး ”
တစ်ခါတစ်ရံ မြဈေးသွားလျှင် ဈေးသည်နှင့် ရန်ဖြစ်လာတတ်သေးသည်။
“ ဟာဒီလောက် စကေားဝိုင်းလေးထဲမှာ မဖြစ်စလောက် ကုန်ပစ္စည်းကို ရင်းပြီး တစ်နေ့ တစ်နေ့  တစ်ရာ့ ငါးဆယ်၊ နှစ်ရာ
မြတ်အောင် ရောင်းနေကြမှတော့ ဘယ် ကောင်းနိုင်ပါ့မတုံး၊ အစ်ကိုရဲ့….။ အားလုံး သခိုးတွေ ဖြစ်ကုန်ရောပေါ့။ တန်ရာတန်ကြေး
ပေးဝယ်နေရတဲ့ ဈေးဝယ်တွေကို စော်ကားနေတာပဲ ”
မြသည် အသားငါးကို လက်ဖြင့် ဆကြည့်ခြင်း၊ မျက်စိဖြင့် မြင်ရခြင်းတို့ ဖြင့်ပင် အလေးချိန်ကို မှန်းဆတတ်သူ ဖြစ်သည်။
သမာဓိ ချိန်ခွင်သို့  မကြာခဏ သွားရောက် ချိန်တွယ်သူမှာ မြ တစ်ယောက်သာ ရှိမည်ထင်၏။
“ ဒီကလူတွေ မသိကြလိုများလားဟင် အစ်ကို ” ဟု မြက စိတ်ရှုပ်စွာ မေးဖူး၏။
“ ဘယ် မသိဘဲ ရှိပါ့မလဲ မြရာ။ သိမှာပေါ့။ ဒါပေမယ့် အားလုံးဟာ ကိုယ့်အလုပ်ကိစ္စတွေ မပြီးမှာ စိုးရိမ်နေရတဲ့ လူတွေ။
ခပ်သွက်သွက်လာ၊ ခပ်သွက်သွက်ပြန်။ ဒါတွေကို အချိန်ကုန်မခံနိုင်လို့ ပဲ ဖြစ်မှာပေါ့။ ”
ကျွန်တော် မသိနိုင်သော ကိစ္စွအတွက် ကျွန်တော် မသိသော အိမ်ရှင်မများ၏ စိတ်ဓာတ်ကို ကိုယ်ချင်းစာပြီး ခန့် မှန်း
ပေးမိတော့ မြက မျက်မှောင်ကြုတ်၍ ခေါင်းယမ်း နေခဲ့ပါသည်။
“ အစ်ကိုတို့  ရန်ကုန်က လေကလဲ မလတ်ဆတ်ဘူးနော်။ ကျွန်မတို့  မြို့ မှာဆို လေက သိပ်လတ်ဆတ်တာပ၊ဲ
လယ်ကွင်းတွေစီက ဖြတ်လာတဲ့လေ၊ တောင်ကုန်းတွေဆီက ဖြတ်လာတဲ့လေ၊ မြစ်ပြင်ဆီက ဖြတ်လာတဲ့လေ၊ အေးစိမ့်နေတာ
အစ်ကိုရဲ့။ အခုဖြင့် ကျွန်မ အသက်ရှူရတာ မကောင်းဘူး။ ဆေးလိပ်တွေကလည်း သောက်လိုက်ကြတာ တစ်မြို့လုံး Aဆိပ်တွေ
ပြန့် နေပြီး ထင်တယ်”
ကျွန်တော်သောက်လက်စ စီးကရက်ကို မျက်စောင်းထိုး၍ ပြောတတ်သေး၏။
“ ကိုယ် ဆေးလိပ် သောက်တာ မြ မကြိုက်ဘူးလား ”
သမီးရည်းစား ဘ၀တုန်းကလို ရင်ခုန်မှုမျိုးဖြင့် ကျွန်တော်က စနောက် ရယ်မောလိုသည့်Aခါ မြက မျက်နှာထား
တည်တည်ဖြင့် ခေါင်းယမ်းခဲ့သည်။
“ အစ်ကို့ ကို Uီးတည်ပြောနေတာ မဟုတ်ပါဘူး။ လူအားလုံး ကိုယ့်ကိုယ်ကို ဖျက်ဆီး နေကြတာကို မမြင်ချင်လွန်းလို့ ပါ”
မြသည် မြို့ တော်ကြီးနှင့် ပတ်သက်သမျှ မကောင်းသည့် အရာများအကြောင်း ပြောလိုသည့်အခါတိုင်း မြို့ တော်ကြီးကို
ကျွန်တော် ပိုင်ဆိုင်သကဲ့သို့  စွပ်စွဲတတ်သည်။ အစ်ကိုတို့  မြို့ကြီး…. တဲ့။
“ အစ်ကိုတို့ မြို့ မှာ ကောင်းကင်မှာ ကြယ်တွေ နည်းနည်းလေးရယ်နော်။ ကျွန်မတို့ ဆီမှာတော့ ကြယ်တွေ အပြည့်ပဲ
အစ်ကိုရဲ့….”
“ အရူးမ ”
ကောင်းကင်သည် ကမ္ဘာကြီးတွင် သည်တစ်ခုသာ ရှိသည် မဟုတ်လား။ ကျွန်တော်တို့ မြို့ က ကောင်းကင်နှင့် မြတို့ 
မြို့က ကောင်းကင် တစ်ခုတည်းပဲ မဟုတ်လား။
သို့ သော် မြ ပြောတာ မှန်သည်။ ကျွန်တော်တို့ မြို့ တော်ကြီးတွင် လူဦးရေ ထူထပ်မှု၊ သစ်ပင်နည်းပါးမှု၊
စက်ရုအညစ်အကြေး အငွေ့ များ၊ မော်တော်ကား အိပ်ဇောအငွေ့ များ၊ ဆေးလိပ် အငွေ့ များ၊ ညှော်ငွေ့ များ များပြားမှု၊
ဓာတ်ငွေ့ များများပြားမှု စသည့် အချက်များကြောင့် ကောင်းကင်တွင် မှိုင်းများဖြင့် ပြည့်ကျပ်နေနိုင်သည်။ ကောင်းကင်က
တိမ်မျာ၏ အောက်ပိုင်းတွင် ဓာတ်ငွေ့ မှိုင်းများဖြင့် ပိတ်ဆို့ နေနိုင်သည်။ ထိုအခါ ကျွန်တော်တို့ သည် အာကသတွင်း
တည်ရှိနေသာ ကြယ်များကို အတိုင်းအဆ မရှိ ထိုးဖောက် မြင်နိုင်စွမ်းမည် အဟုတ်ပေ။
“ အစ်ကိုတို့ မြို့ မှာ လူတွေ ပြုံးတဲ့ အခါ မျက်လုံးက မပြုံးဘူးနော်။ ပါးစပ်ကပဲ ပြုံးကြတယ် ”
ရှာရှာဖွေဖွေ မြ ကပြောတော့ ကျွန်တော် ရယ်မော ပစ်လိုက်သည်။ ကျွန်တော်သည် ဘ၀မှာ အရေးထားဆုံးက
စာရင်းများ၊ ဂဏန်းများ၊ ငွေစက္ကူများသာ ဖြစ်၏။ လူတွေ၏ အပြုံးကို ခွဲခြား စစ်ရန်လည်း ကျွန်တော့်မှာ အချိန်မရပေ။ ကျွန်တော့်
ပတ်ဝန်းကျင်မှ လူတွေကလည်း ကျွန်တော့် အပြုံး၊ ကျွန်တော့် မျက်လုံးကို ခွဲခြမ်းစိတ်ဖြာရန် အချိန်မရပေ။ ကျွန်တော်တို့ 
အားလုံးသည် အရာရာကို အချိန်လု၍ ပြီးစီးအောင် ဆောင်ရွက် လုပ်ကိုင်နေကြရသူများ ဖြစ်သည်။
ကျွန်တော့ ဇနီးကတော့ ကျွန်တော် ရုံးသွားနေစဉ် တချိန်လုံး တိုက်ခန်းမှာ အကူမိန်းကလေး တစ်ယောက်နှင့်
ပျင်းရိငြီးငွေ့ စွာ ကျန်နေခဲ့သည်ဆိုတော့ သူမမှာ တွေးစရာ ကိစ္စများ များပြားလိမ့်မည်။ နားမလည်နိုင်စရာ ကိစ္စများ
များပြားလိမ့်မည်။ စိတ်ကူးမှန်းဆ စရာ ကိစ္စများလည်း များပြားလိမ့်မည်။ ကျွန်တော် ထိုက်သင့်သလောက်
သဘောပေါက်ထားခဲ့ပါသည်။ သို့ သော် ကျွန်တော့် သိရသလောက်တော့ ကျွန်တော် နှင့် သမီးရည်းစားသက် သုံးနှစ်၊
အိမ်ထောင်သက် သုံးနှစ် စုစုပေါင်း ခြောက်နှစ်ကာလ ကြာမြင့် ခဲ့သည့်တိုင်အောင် ကျွန်တော့် ဇနီး မြ သည် စိတ်ကူးရင်တတ်ခဲ့သူ
မဟုတ်ပါ။
* * *
တစ်ခါတုန်းက ညနေချမ်းအချိန် ကျွန်တော် ရုံးမှ အပြန်၌ ကျွန်တော်တို့ အခန်း ၀ရန်တာကို မော့ကြည့် လိုက်သောအခါ မြကို
ဝရန်တာမှာ ရပ်လျက်ရှိသည်ကို မြင်ရသည်။ အရာရာကို ရိုးစင်းစွား တွေးတတ်သူ မြ၏ ကိုယ်စား မြ၏ အတွေးကို ကျွန်တော်နားလည် လိုက်သည်မှာ မြသည် ပျင်းရိငြီးငွေ့ စွာဖြင့် ခင်ပွန်းသည်ကို မျှော်နေခြင်း ဖြစ်လိမ့်မည်.. ဟူ၏။ သို့ သော် ကျွန်တော့်
အထင် မှားခဲ့ပါသည်။
“ မြ … ဘာလုပ်နေတာလဲ။ ကိုယ်နောက်ကျလို့ လား။ ၁၅ မိနစ်လောက်ပဲ နောက်ကျတာပါ မြရဲ့ ”
“ မဟုတ်ပါဘူး အစ်ကိုရဲ့… ကျွန်မ ဟောဟိုက တိမ်တွေကို ကြည့်နေတာပါ ”
မြ၏ မသိနားမလည်စွာ ရိုးအမှုကို ကျွန်တော် ရယ်မောမိသေး၏။ လည်ပတ်ပါးနပ်သော မိန်းမဆိုလျှင် ခင်ပွန်းသည်၏
စိတ်ခံစားမှု နူးညံ့နှစ်သိမ့်နိုင်အောင် ရေလိုက်ငါးလိုက် လျှောချကာ လိမ်ညာပေးမိ ပေလိမ့်မည်။ မြကတော့ ဖြောင့်မှန်သည်ဟုပင်
ချီးကျူးရမှာလား မသိ။ နားမလည်ရန်ကောဟု အပြစ်ဆိုရလေမလား ကျွန်တော် မတွေးတတ်ပါ။ ကျွန်တော့်ဇနီးသည် တိမ်တွေကို
ချစ်ရလောက်အောင် စိတ်ကူးယဉ်တတ်သူ မဟုတ်ကြောင်း ကျွန်တော် သိနေ၍ ပို၍ပင် နားမလည်နိုင်အောင် ဖြစ်ရပါသည်။
ထွေထွေထူးထူးလည်း ဆက်လက် မမေးမြန်းမိပါ။
တလောစီက ကျွန်တော့် ဇနီးသည် သူမှရောက်ခဲ့ဖူးသော သို့ မဟုတ် နေထိုင်ခဲ့ဖူးသော တောမြို့လေးများအကြောင်း
စိတ်လိုလက်ရ ပြောပြနေခဲ့သည်။
မြပြောပြသော မြို့ကလေးသည် လူဦးရေ လေးငါးထောင်သာ ရှိသော မြို့သေးသေးလေး ဖြစ်သည်။ ပတ်ဝန်းကျင်တွင်
လယ်ကွင်းများ၊ ယာခင်းများရှိသည်။ လူအများသည် စပါးစိုက်ခြင်း၊ ဆန်းကြိတ်ခြင်း၊ ၀ါစိုက်ခြင်း၊ ပြောင်း၊ ပဲ၊ နှမ်းတို့ 
စိုက်ပျိုးခြင်းတို့ ဖြင့် အသက်မွေးကြသည်။ ဟောင်းနွမ်းသော ပျဉ်ထာင်အိမ်ကြီးများသည် ရေနံချေး၀၀ သုတ်ထားသဖြင့်
မည်းနက် တောက်ပစွာ ခိုင်ခံ့နေ၏။ တိုက်ဆိုလျှင်လည်း ထုတည် ထူထဲသော အုတ်နီးတိုက်အဟောင်းများ ဖြစ်၏။ ဈေးသည်
နံနက်ခင်းမှာသာ စည်ကားပြီး နေ့ လယ်၊ ညနေတို့ တွင် ဈေးရောင်းသူရော၊ ၀ယ်သူပါ မရှိသလောက်ပင် ဖြစ်သည်။
“အဲဒီမှာ ဈေးသည်တွေက အလေးမခိုးဘူး အစ်ကိုရဲ့။ အားလုံးက ကျွန်မတို့ ကို သိနေကြတယ်။ အားလုံးက သူ့ ထက်ငါ
အလေးမှန်မှန်နဲ့  ပိုပိုသာသာ ချိန်ပေးတတ်ကြတယ်။ သူတို့  အပြုံးတွေက နှစ်ပေါင်းဆယ်နှစ် ဆယ့်ငါးနှစ် ရင်းနှီးလာတဲ့
အပြန်အလှန် မိတ်ဆွေတေရွဲ့ အပြုံးစစ်စစ်တွေလေ ”
မြို့ သေးသေးလေးတွေ လူတိုင်းက မြကိုသိပြီး မြကလည်း လူတိုင်းကို သိပေလိမ့်မည်။ ကျွန်တော် မြို့တော်ကြီးမှာ
နေထိုင်ရခြင်း အကြောင်းရင်းများစွာထဲတွင် ၀င်ငွေကောင်းခြင်း၊ ဘ၀ရပ်တည်မှု တိုးတက်ရန်နည်းလမ်း များပြားခြင်း၊
လူမှုရေးအဆင့်အတန်း မြင့်မားခြင်းတို့ နှင့် အတူ မိမိအား လူတွေက မသိခြင်း၊ မိမိကလည်း လူတွေကို မသိခြင်းဆိုသည့်
အကြောင်းရင်း တစ်ခုလည်း ပါဝင်၏။ မိမိကို မသိသောလူများ၊ မိမိက မသိသော လူများအကြားတွင် ကျွန်တော်သည် ဘ၀ကို
လုံခြုံစွာ၊ လျှို့ ဝှက်စွာ၊ ထို့ ပြင် ငဲ့ကွက်စရာမရှိစွာ ဖြောင့်ဖြောင့်တန်းတန်း နေနိုင်ခဲ့သည်ဟု ကျွန်တော် ကျေနပ်ခဲ့၏၊ မြ နှင့်
ကျွန်တော် နှစ်သက်မှု တော်တော်များများတွင် ဆန့် ကျင်ဘက် ဖြစ်နေခဲ့သည်။
“နောက်ပြီး မြတို့ မြို့မှာ ထောင်မရှိဘူး Aစ်ကို။ ရဲစခန်းတော့ရှိတယ်။ အချုပ်ခန်း သေးသေးကလေး ရှိတယ် ”
ကျွန်တော် ရယ်မိသည်။
“ အဲဒါ သခိုးဓာပြ မရှိဘူးလို့  ကြွားချင်တာလား မြရဲ့။ မြတို့  မြို့မှာ မရှိပေမယ့် မြတို့ ဆီက လူဆိုးလူကောက်တွေကို
တခြားမြို့မှာ ရှိတဲ့ ထောင်ကို ပိုပေးနေတာကိုး”
“ မဟုတ်ဘူး အဲဒီလို ဆိုလိုချင်တာ မဟုတ်ဘူး။ မြတို့ မြို့မှာ ထောင်ဟာ အရေးမကြီးဘူး။ အဲဒါကို ပြောမလို့ ”
လူဦးရေ လေးငါးထောင်ရှိသည့် မြို့မှာ ထောင်ဟာ အရေးကြီးနေလျှင်တော့ ထိုမြို့သည် အမေရိကန်ရုပ်ရှင်ကားတွေ
ထဲကလို ဒုစရိုက်မြို့ကလေးသာ ဖြစ်တော့မှာပေါ့။ သို့ သော် ကျွန်တော် ဘာမှ မပြောပါ။ မြ ဘာပြောချင်သလဲဆိုတာကို ကျွန်တော်
သိဖို့  မကြိုးစားခဲ့မိပါ။
“ ကျွန်မတို့ မြို့မှာ ရေစက်ကနေ ရေဝေတာမဟုတ်ဘူး အစ်ကို ၊ မြေကြီးထဲကနေ တိုက်ရိုက်တူးယူရတာ၊ ရေတွင်းတွေ
အများကြီး ရှိတယ်”
“ အဲဒီတော့ ”
“ အဲ့ဒီတော့ ရေဟာ သန့် စင်နေတာပေါ့ ။ ဘာသံချေးအနံ့  မှ မရှိဘူးလေ၊ ကြည်နေတာပဲ။ နောက်ပြီး
လျှပ်စစ်မီးမလာလို့  မော်တာ မလည်နိုင်တာမျိုး၊ ရေမတင်နိုင်တာမျိုး လဲ မရှိဘူးပေါ့”
“ ရေကိုတွင်းထဲက နေ ဘာနဲ့  ခပ်ယူသလဲ၊ တွင်းက ဘယ်လောက်နက်လဲ”
ကျွန်တော် မြကို စ-နောက် ချင်စိတ်ဖြင့် ခပ်တည်တည် မေးခဲ့၏။
“ ကုန်း အနိမ့်အမြင့်ကို လိုက်လို့ ပေါ့ အစ်ကိုရဲ့။ တချို့  ရေတွင်းတွေက အတောင် ၂၀ လောက် နက်တယ်။ တချို့ 
နေရာတွေမှာ လေး ငါး ခြောက် တောင်နဲ့  ရေထွက်တယ်လေ။ ရေကို ငင်ယူတော့ ရေပုံးမှာ ကြိုးတပ်ပြီး ငင်ယူရတာပေါ့။ တချို့ 
တွင်းတွေမှာ ဘေးတိုင် နှစ်တိုင်စိုက်၊ အထက်မှာ တန်းပစ်ပြီး စက်သီးချိတ်ထားလို့ ရတဲ့ နေရာကလေးတွေ ရှိတယ်။
ကိုယ့်စက်သီးနဲ့  ကိုယ် ရေပုံးကြိုးလျှောချပြီး ရေငင်လို့  ရတယ်။ တချို့ တွင်း တွေက စက်သီးတိုင် မပါဘူး။ ဒီတော့ ဒီအတိုင်း
လက်နဲ့  ငုံဆွဲငယ်ယူရတာပဲ”
“ ဒီတော့ မြတို့ လက်တွေ နားမှာပေါ့။ ဘယ်လောက် ပင်ပန်းလိုက်တဲ့ ဘ၀လဲနော်”
ကျွန်တော်က သနားဂရုဏာ သက်ဟန်ဖြင့် မသိဆိုးဝါးစွာ မှတ်ချက်ချတော့ မြက ပြုံးလေ၏။
“ အို .. အဲဒါ ပျော်စရာ ကောင်းပါတယ် အစ်ကိုရဲ့။ တကယ်လို့  လက်အနာမခံနိုင်ဘူး။ ငွေကြေးလည်း တော်တော်
သင့်သင့် ရှိတယ်ဆိုရင် ကိုယ့်အိမ်မှာ မော်တာနဲ့  စုပ်ယူတဲ့ အ၀ီစိတွင်းတွေ တူးနိုင်သားပဲ”
မြတို့ မြို့တွင် သစ်ပင်ကြီးများသည် ကြီးမားလှ၏။ လူတစ်ယောက် လက်ဖြင့်ဖက်၍ မနိုင်အောင် အဆမတန်ကြီးမားသော
ပင်စည်ကြီးများ ရှိကြသည်။ သစ်ရိပ် ၀ါးရိပ်ဖြင့် မြို့သည် ငြိမ်းချမ်းအေးမြလှ၏။ တစ်ဖက်မှာ တောင်တန်း၊ တစ်ဖက်မှာ မြစ်၊
ရာသီကတုသည် နှစ်သက်စဖွယ် ရှိသည်။
“ ကျွန်မတို့ မြို့မှာ ဆောင်းကတုက ဆောင်းကတုနဲ့  တူအောင် အေးတယ် အစ်ကို။ နွေကတုမှာတော့ သစ်ရွက်တွေ
တကယ် ကြွေကြတယ်။ တောင်လေ တကယ်လာတယ်။ လေဟာ ခြောက်သွေ့ ပြီး လတ်ဆတ်နေတာ၊ သစ်ပင်ရိပ်ကြောင့်သာ
သိပ်မပူဘဲ အေးစိမ့်နေတာကိုး”
ရာသီဥတု သုံးမျိုးတွင် ထင်ရှားကွဲပြားစွား တွေ့ မြင်ရသော သက်ဆိုင်ရာ ရှုခင်းများကို ကျွန်တော့်ဇနီးက
မှန်းဆမြင်ယောင်သော မျက်လုံးများဖြင့် ပြောပြခဲ့ပါသည်။
“ မြ … ဒီမှာ နေရတာ မပျော်ဘူးလား”
ကျွန်တော် မြအား စူးစိုက်စွာကြည့်ရင်း မေးမိတော့ မြက ကျွန်တော့်ကို ပြုံးရယ်ကာ ခေါင်းယမ်းပြခဲ့၏။
“ အို… အဲလို အဓိပ္ပါယ်နဲ့ ပြောတာ မဟုတ်ပါဘူး အစ်ကိုရယ်”
ယခုမှ ကျွန်တော် သတိထားမိသည်။ မြသည် ဤနေရာမှာ နေရတာ ပျော်ပါသည်ဟုတော့ မဖြေခဲ့ပါ။ ကျွန်တော် မြကို
စိတ်မတွေ့ သည့်အခါ ဆူပူကြိမ်းမောင်းမိသည့် အဖြစ်များစွာကို ယခုအခါ ပြန်လည် စဉ်းစားပုံဖော်ကြည့်မိတော့ မြ၏
မျက်ရည်များတွင် နာကြည်းမှုများ မပါဝင်ပါဘူးဟု စိတ်သက်သာရာ ရမိသည်။
ကျွန်တော်နှင့်မြ ကတောက်ကဆ စကားများပြီးလျှင် ကျွန်တော်ကသာ ဗြုန်းခနဲ အလျှော့ပေးပြီး
ထထွက်သွားရသည်ချည်းပင် ဖြစ်ပါသည်…. ဟု ကိုယ့်ကိုယ်ကို လုံခြုံစွာ ဆင်ခြေပေးမိ၏။ ညဥ့်နက်မှ အိမ်သို့  ပြန်ဝင်လေ့ရှိပြီး
အိမ်သို့  ရောက်သည့်အခါတိုင်း ကျွန်တော့်ဒေါသတွေက ပြေပြီးပြီ။ မြကို ပုံမှန်အတိုင်း နူးညံ့သာယာစွာ စကားပြောဖို့  အဆင်သင့်
စိတ်ထားမျိုးဖြင့် ကျွန်တော် အိမ်ပြန်လာလေ့ရှိပါသည်။ သည့်အတွက် ကျွန်တော်သည် ကိုယ့်ကိုယ်ကို သဘောထားကြီးမြင့်သော
ယောက်ျားအဖြစ် ကျေနပ်ဂုဏ်ယူလေ့လည်း ရှိပါသည်။ သို့ သော် ယခုအချိန်ကျမှ ကျွန်တော် မှန်းဆပုံဖော် တွေးမိပြန်သည်မှာ
ကျွန်တော်နှင့် စကားများ ရန်ဖြစ်ပြီးနောက် ကျွန်တော် အိမ်မှ ထွက်ခွာသွားသော အချိန်တိုင်း မြသည် သူမ၏ ဒေါသများ၊
နာကြည်းမှုများ၊ ၀မ်းနည်းမှုများကို ဘယ်လို ဖြေဖျောက် လမ်းလွှဲယူသလဲ။ ယောက်ျားနှင့် မျက်နှာခြင်းဆိုင် ရန်တွေ့ 
ဖြေရှင်းချင်သေးသော သူမရင်ထဲမှ စကားများကို ဘယ်မှာ သွန်ချ၍ ပြီးဆုံးစေခဲ့သလဲ။ ဒါတွေကို ကျွန်တော် မသိပါ။
ကျွန်တော်သိသည်မှာ ကျွန်တော် ဒေါသပြေပြီး အိမ်ပြန်ရောက်လာချိန်တွင် မြသည် ၀ရန်တာမှာ ထွက်၍ မတ်တတ်ရပ်ပြီး
ကောင်းကင်သို့  မော့ကြည့် နေတတ်၏။ ကောင်ကင်မှာ တိမ်တွေရှိချင်ရှိမည်။ သို့ မဟုတ် လခြမ်းကွေးကလေး ရှိချင်ရှိမည်
သို့ မဟုတ် လပြည့်ဝန်း ရှိချင်ရှိမည်။ သို့ မဟုတ် ကြယ် အနည်းအပါး ရှိချင်ရှိမည်။
“မြ” ဟု ကျွန်တော် စတင်နှုတ်ဆက်သည့်အခါ မြသည် ဘာမျှ နာကျင်မှုမရှိ ပကတိ ရှင်းလင်းသော မျက်နှာပေးဖြင့်
“အစ်ကို” ဟု ညင်သာစွာ ထူးတတ်သည်။ ကျွန်တောက လက်နှစ်ဖက် ကမ်းလျက် ပြုံးပြလိုက်သည့် အခါ မြသည် ကျွန်တော်တို့ 
နှစ်ဦးအကြားဘာမျှ အတားအဆီး မရှိခဲ့ဘူးလေဟန်ဖြင့် ကျွန်တော့် ရင်ခွင်ထဲသို့  အလိုက်သင့် ၀င်ရောက်လာတတ် လေသည်။
အိမ်မှ ဆင်းဆင်းချင်း လှေကား အချိုးအကွေ့ များမှ တွေ့ ရာ အုတ်နံရံကို လက်သီးဖြင့် ထိုးလျက် ဒေါသကို
လမ်းကြောင်းလွှဲပစ်ရသော ကျွန်တော့်အဖြစ်ကို မြမသိ။ ထို့ အတူပင် ကျွန်တော်မရှိသည့် အချိန်ကာလ အတွင်း မြ၏ ဒေါသ
တို့ ကို ဘယ်အရာဖြင့် လမ်းကြောင်းလွှဲပစ်ခဲ့ရသလဲဟု မြကို ကျွန်တော် မမေးမိ။ မမေးမိခဲ့ပါ။ ပထမပိုင်း ကာလများဆီကတော့
မိန်းမတစ်ယောက်၏ ဒေါသကို လမ်းကြောင်းလွှဲပေးစရာ ပစ္စည်းကိရိယာ အစုံအလင် မီးဖိုချောင်ထဲမှာ ရှိသည်ဟု စိတ်ချထားခဲ့၏။
မြသည် ကြက်ဥများကို ပေါက်ခွဲပစ်နိုင်သည်။ ဖန်ခွက်များ၊ ကြွေပန်းကန်များကို ပေါက်ခွဲပစ်နိုင်သည်။ သို့ သော် နောက်ပိုင်းမှာ
ထို့ သို့ မဟုတ်မှန်း ကျွန်တော် သိလာခဲ့သည်။ မြသည် ကျွန်တော့်အပေါ် သက်ရောက်နေသည့် သူမ၏ ဒေါသအတွက်
ဘယ်အရာဖြင့် အစားထိုးပေးခဲ့သလဲ။ ဘယ်အရာအပေါ် လမ်းလွှဲ ပေးအပ်ခဲ့သလဲ။ ကျွန်တော် မသိနိုင်တော့သည့်
အခြင်းအရာသာ ဖြစ်ပါသည်.
ဝရန်တာမှာ မျှော်ကြည့် မော့ကြည့်တတ်သည့် မြ၏ အကျင့်ကို ကျွန်တော် အိမ်ပြန်ချိန်အား စောင့်မျှော်ရာမှ ရသည့်
အကျင့်ဟုပင် ကျွန်တော် ထင်ခဲ့သည်။
* * *
မြို့တော်ကြီးကို မြ စိတ်ကုန်လာသည်ကို ကျွန်တော် သိသောအခါ မြ၏ စိတ်အပြောင်းအလဲအတွက် ခရီးထွက်ရန် ကျွန်တော်
ကြိုတင်ကြံစည်ပြီး မြကို အနီးကပ် အချိန်ရောက်မှ ဖွင့်ပြောခဲ့သည်။
“ မြရေ… ကိုယ်တို့  ဟောဒီမြို့ကြီးကနေ ဆယ်ရက်လောက် ထွက်ပြေးကြစို့ လား။ မြသွားချင်တဲ့ တောင်းတန်းတွေ၊
လယ်ကွင်းတွေ၊ မြစ်တွေဆီ၊ နောက်ပြီး လတ်ဆတ်တဲ့ လေတွဆီကို သွားကြမယ်”
ကျွန်တော် မျှော်လင့်ထားသည်က မြသည် မျက်ဝန်းများ တောက်ပလျှက် တအံ့တသြ ကြည်နူးပျော်ရွှင်စွာ
ရယ်မောပေလိမ့်မည် ဟူသည့် အဖြစ်အပျက်။ သို့ သော် တကယ်တမ်းကျတော့ မြသည် မထူးခြားသော သာမန်Aပြုံးကလေးဖြင့်
လက်ခံခဲ့သည်။
“ မြတို့ ရွာကလေးကို သွားလည်ချင်သလား မြ”
မြက ဖြည်းညင်စွာ ခေါင်းခါယမ်းပါသည်။
“ အဲဒီမှာ အဖေသည် မရှိတော့ဘူး အမေလည်း မရှိတော့ဘူးလေ အစ်ကို။ ကျွန်မ တွယ်တာစရာ ဘာမှ မရှိတော့တာ၊
ကျွန်မရဲ့ မြို့ကလေးဟာ တခြားမြို့ကလေး သုံးလေးဆယ်လိုပါပဲ။ ပိုပြီး မထူးခြားနိုင်ပါဘူး။ အစ်ကို သွားချင်တဲ့ မြို့ကို
သွားကြတာပေါ့”
ကလော၊ ပင်းဒယ၊ မန္တလေး၊ စစ်ကိုင်း နှင့် ပုဂံ၊ ညောင်ဦးမြို့များသို့  ခရီးထွက်ရန် ကျွန်တော် ဆုံးဖြတ်လိုက်ရပါသည်။
ရထားခရီးစဉ်၊ ကားခရီးစဉ်နှင့် မြ၏ စိတ်ကြည်လင်မှု အတွက် သင်္ဘောခရီးစဉ်ကိုပါ ထည့်၍ စီစဉ်လိုက်ပါသည်။
တောင်ပေါ်ဒေသ ရှုခင်း၊ အညာရှုခင်း၊ ဘုရားစေတီပုထိုးများ ရှုခင်းနှင့် အတူ အဆုံးမရှိ ကျယ်ပြန့်  လှသော
ကောင်းကင်ပြင်နှင့် မရေတွက်နိုင်အောင် များပြားပြည့်နှက်နေသော လင်းလက်သည့် ကြယ်ကလေးများ၏ ရှုခင်းသည်
မြကိုသာမက ကျွန်တော့်ကိုပင် ကြည်နူး လှိုက်လှဲစေခဲ့သည်။ ပြန်တွေးကြည့်တော့ ထိုခရီးကာလ ဆယ်ရက်သည်
ကျွန်တော်နှင့် မြအကြားမှာ ဘာရန်စကားမှ မဆိုရသော၊ ဘာဒေါသမှ မထွက်ရသော ချမ်းမြေ့ ဆိတ်ငြိမ်သည့် အဖိုးတန်ကာဘ
ကလေးပဲ ဖြစ်သည်။
နောက်နှစ်တွေမှာလည်း သည့်ထက်ပို၍ ရက်အားရအောင် စီစဉ်ပြီး မြနှင့် ကျွန်တော် နှစ်ယောက်အတူ
ခရီးထွက်ကြမည်။ ဆယ်ရက်တာမျှ ငြိမ်းချမ်းကြည်နူးစွာ အသစ်ဖြစ်တည်သော ချစ်ခြင်းဖြင့် ကျွန်တော်တို့  နှစ်ယောက်သည်
လာမည့် တစ်နှစ်တာကာလကို ရင်ဆိုင်ရန် ခွန်အားသတ္တိများကို ရရှိပေလိမ့်မည်။
ထိုအတွေးသည် ကျွန်တော့်ရင်ထဲမှာသာ တိုင်တည်ဆုံးဖြတ်လျက် မြကို မပြောမိသော အတွေးဖြစ်သည်။ မြကို
ဘာကြောင့် မပြောမိပါလိမ့်ဟု ပြန်တွေးကြည့်တော့လည်း ရေရေရာရာ မသိ။ ပြောဖို့  စဉ်းစားပြီး မပြောလိုက်မိတာလား။
သို့ မဟုတ် ပြောဖို့ ကို သတိမရတာလား၊ ကျွန်တော် မခွဲခြားနိုင်ခဲ့ပေါ။
ကျွန်တော် ဘယ်တော့မျှ မမေ့နိုင်တော့မည့် ညတစ်ညရှိသည်။ ထိုညသည် ကျွန်တော်တို့  ခရီး၏ နောက်ဆုံးည
ဖြစ်သည်။ ပုဂံ ညောင်ဦးမှ အပြန်တွင် ကျွန်တော့် ဆွေမျိုးများ ရှိသော မြို့သေးသေးကလေး တစ်မြို့မှာ ကျွန်တော့်ဆန္ဒဖြင့်
တစ်ရက် ၀င်နားခိုကြသည်။ ထိုကာလသည် ကျွန်တော်နှင့်မြ၏ ဘ၀မှ နှုတ်ယူ၍ ပြန်နှုတ်ယူလိုက်ချင်သော ကာလကလေး
ဖြစ်၏။ တကယ့် အဖြစ်မှန်တွင် ကျွန်တော်တို့ သည် မိမိတို့ ဘ၀မှ မည်သည့် ဂဏန်းတစ်လုံးကိုသော်မျှ နှုတ်ယူခွင့် မရနိုင်ပါ။
ကျွန်တော်တို့ တည်းခိုသည့် အိမ်သည် ခြံဝိုင်းကျယ်ပြန့် ပြီး ခြေတံရှည် သစ်သားအိမ်ကြီး ဖြစ်သည်။
ရေနံချေးသုတ်ထားပြီး မည်းနက်ခိုင်ခံ့သော အိမ်ကြီးဖြစ်သည်။ မြ အလွန်သဘောကျသော အိမ်အမျိုးအစား ဖြစ်သည်။
ထို့ ထက်ပို၍ မြကို အံ့သြရွှင်လန်းစေသည့် (ဟု ကျွန်တော် ထင်ခဲ့သော) အရာမှာ ခြံဝိုင်းရှေ့ က ရေတွင်းကြီးပင် ဖြစ်သည်။
ရေတွင်းကြီးသည် အချင်း ငါးပေနီးပါး ကျယ်ဝန်း၏။ ရေတွင်းပေါင်မှာ ထုထည် ထူထဲစွာ နိမ့်သော ဘိလပ်မြေ
ကိုင်ထားသည့် ပေါင်ဖြစ်သည်။ ရေတွင်း နှုတ်ခမ်းပေါင်သည် ကျွန်တော့်လက်နှင့် ထိလိုက်သောအခါ အေးစိမ့်သည့် အတွေ့ ကို
ပေး၏။ သမံသလင်း အရောင်သည် လရောင်အောက်မှာ ပြောင်လက် ချောမွတ်နေလေသည်။ လူတွေ ပွတ်တိုက်ပါများ၍
ချောမွတ်နေသော ရေတွင်းနှုတ်ခမ်းကို ကျွန်တော် လက်ထောက်မှီပြီး ရေတွင်းထဲ ငုံကြည့်လိုက်သောအခါ ဟိုးအောင်ခြေရှိ
ရေပြင်၌ လပြည့်လ၏ အရိပ်ကို မြင်ရသည်။ ထို့ နောက် ကျွန်တော့်မျက်နှာအဖြစ် ခပ်မည်းမည်း အရိပ်၊ ထို့ နောက် မြ၏ အရိပ်။
မြကလည်း ကျွန်တော် ငုံကြည့်သလိုပင် ငုံ့ ကြည့်လျက် ရယ်မောလိုက်သည်။ မြ၏ ရယ်သံသည် ရေတွင်း၏ နက်ရှိုင်းမှု၊
လုံခြုံမှုကြောင့် လိုဏ်သံပေါက်ကာ ထူးဆန်းသော ရယ်သံတစ်ခုပမာ ထင်ရသည်။ ကျွန်တော် မြကို လှည့်ကြည့်လိုက်သည်။
“ ဘာရယ်တာလဲ မြ”
မြက ပြုံးလျက် ကျွန်တော့်ကို ကြည့်၏။
“ ကျွန်မ ငယ်ငယ်တုန်းကပေါ့… ငယ်ငယ်ဆို တော်တော်လေးကို ငယ်တုန်းကပါပဲ။ ကောင်းကင်လဟာ ဘာလဲလို့ 
မသိတတ်အောင် ငယ်သေးတဲ့ အရွယ်ပေါ့။ အဲဒီတုန်းက လကို သိပ်လိုချင်ခဲ့တာ”
ကျွန်တော် ခပ်ဟက်ဟက် ရယ်မောမိသည်။
“ လိုချင်ပေမယ့် လက ဝေးလွန်းတယ်ဆိုတာတော့ သိနေသတဲ့ အစ်ကိုရဲ့… အဲဒီလိုနဲ့  တစ်နေ့ ကျတော့ အဖေက
ကျွန်မကို ချီပြီး ကျွန်မတို့ အိမ်ရှေ့ က ရေတွင်းကြီးထဲကို ငုံ့ ကြည့်ရတော့ ရေတွင်းထဲက လကို မြင်တာကိုး။ ဒီတော့
ကောင်းကင်က လဟာ သိပ်ဝေးတယ်။ အဖေ ယူပေးနိုင်မှာမဟုတ်ဘူး။ ရေတွင်းထဲက လကတော့ နီးတယ်။ ရေပုံးကြိုးနဲ့ 
ငင်ယူရင် အဖေယူပေးလို့  ရမှာပဲလို့  တွက်သတဲ့။”
မြ၏ အသံမှာ ကလေးတစ်ယောက်ကို ပုံပြောပြနေသည့် အသံမျိုး ဖြစ်သည်။ ကျွန်တော်သည် ရေတွင်း
အုတ်သမံသလင်းပေါင်ကို မှီလျက် မြ၏ မျက်နှာကို ခပ်ဆဆ ငေးကြည့်နေမိသည်။
“ အဲဒီတော့ အဖေ့ကို ယူခိုင်းတာပေါ့။ အဖေက ရယ်လိုက်တာ မပြောပါနဲ့တော့။ ဒါပေမယ့် အဖေက ကျွန်မကို
အလိုလိုက်ပါတယ်။ ရေဖြည့်ထားတဲ့ ဗာလီချိုင့်သေးသေးကလေး မြေကြီးမှာ ချပေးပြီး အဲဒီထဲမှာ ပေါ်နေတဲ့ လကလေးကို
ကျွန်မကို ပေးရော၊ ကျွန်မက ငြင်းသတဲ့။ ဒီလက သေးသေးလေး၊ ရေတွင်းထဲက လက အကြီးကြီးလို့  ပူဆာသတဲ့။”
မြက တစ်ချက်ရယ်ပြန်သည်။
“ အဲဒီတော့ အဖေက ကျွန်မကို ဘယ်လောက် အလိုလိုက်သလဲဆိုရင် ရေတွင်းထဲကလကို ကျွန်မ အမိန့် အတိုင်း
ရေပုံးနဲ့  ခပ်ခပ်ပေးတာ ရေတွင်းဝလည်းရောက် ရေပုံးထဲက လကလည်း ပျောက်၊ ရေတွင်းထဲမှာ လကကျန်နေ၊ အဲဒီလို ထပ်ကာ
ထပ်ကာ ရေငင်ပြီးမှ ကျွန်မကို ဖေဖေက ချော့ရသတဲ့”
“ ဒါဖြင့် မြက တော်တော်ဆိုးခဲ့တာပေါ့နော်။ တော်ပါသေးရဲ့ မြရယ်၊ အခုနေများ ရေတွင်းထဲက လကို ယူခိုင်းရင်
ကိုယ်တော့ ဒုက္ခပဲ”
မြ ကျွန်တော့်ပခုံးကို မှီနွဲ့ ကာ ရယ်မောသည်။
“ အို… အစ်ကို့ ကိုတော့ ရေတွင်းထဲက လကို မပူဆာတော့ပါဘူး။ ကောင်းကင်က လကိုပဲ ပူဆာတော့မှာပေါ့”
ကျွန်တော့်မြက စနောက်တတ်လေသည်ဟု ကျွန်တော် သဘောကျစွာ ရယ်မောခဲ့ပါသည်။
ထိုညက ကျွန်တော်တို့ နှစ်ယောက် ကြည်နူးစွား အိပ်မျောကျ သွားခဲ့သည်။ အနည်းဆုံးပေါ့လေ၊ ကြည်နူးစွာ အိပ်မော
ကျသွားခဲ့သည်ဟု ကျွန်တော် ထင်ပါသည်။
သို့ သော် နောက်တစ်နေ့  နံနက် အရုဏ်တတ်ချိန်တွင် ကျွန်တော့်ဘေးမှာ မြမရှိ။ အိမ်သာမှာ တောမြို့များ၏
ထုံးစံအတိုင်း အိမ်နှင့် ခပ်လှမ်းလှမ်းတွင် ရှိသဖြင့် အိမ်သာသို့  သွားလိုလျှင် ကျွန်တော့်ကို နှိုးရန် မြကို မှာထားခဲ့သည်။ သို့ သော်
ကျွန်တော် လိုက်သွားသော အခါတွင်လည်း ထိုနေရာမှာ မြမရှိ။ အိမ်ရှေ့  မျက်နှာသစ် ရေချိုးရာ ရေတိုင်ကီများ၊ စဥ့်အိုးများရှိရာ
နေရာမှာလည် မြမရှိ။
“ မြရေ”
တစ်အိမ်လုံး နိုးသွားသောအခါ မြကို နေရာအနှံ့  လိုက်ရှာကြသည်။ အိမ်ပတ်ဝန်းကျင် တစ်ခုလုံး ဘယ်နေရာမှ မြမရှိ။
ကျွန်တော် နားမလည်နိုင်မှုသာ များလျှက် စိုးရိမ်သောက က တဖြည်းဖြည်းမှ ၀င်ရောက်လာခဲ့သည်။
“ မြ …”
နောက်ဆုံးမှာတော့ ကျွန်တော် ဘယ်လိုမှ မထင်မှတ်ခဲ့သော အဖြစအပျက်ကို ချောက်ချားနာကျင်စွာ ကျွန်တော်ရင်ဆိုင်
လိုက်ရသည်။ ရေစိုရွှဲနေသော မြ၏ အလောင်းကို ကျွန်တော် မြင်လိုက်ရသောအခါ ကျွန်တော်သည် သောကနှင့်
နာကျင်ကြေကွဲမှု၊ ချောက်ချား တုန်လှုပ်မှုတို့ ဖြင့် သတိလက်လွတ် ဖြစ်သွားခဲ့ရပါသည်။
မြ ဘာဖြစ်သွားခဲ့သည်ဟု ကျွန်တော် မသိပါ။
၆ နှစ်တိုင် ရင်းနှီးခဲ့သော မြမှာ ဘာစိတ်ရောဂါမရှိကြောင်း ကျွန်တော်သာလျှင် အသိဆုံး ဖြစ်ပါသည်။ မြသည်
ဘယ်တုန်းကမှ ခပ်ကြောင်ကြောင် စရိုက် ရှိသူလည်း မဟုတ်။ မြသေသွားရင် အစ်ကို သိစေ့မယ့်… ဟူသည့် နာကြည်းစကား
တစ်ခွန်းသော်မှ ဒေါသအလျောက် ပြောဆိုခဲ့ခြင်းမရှိ။ အများတကာလို စာကလေး တစ်ကြောင်းတစ်လေမှလည်း
ထားရစ်ခဲ့ခြင်းမရှိ။ ကျွန်တော်နှင့်မြသည် ညအိပ်ရာဝင်သည်အထိ ရန်စကား တစ်ခွန်းသော်မှ မဆိုခဲ့ကြ။ မြ စိတ်အနှောင့်မယှက်
ဖြစ်မည့် စကား တစ်ခွန်းသော်မှ ကျွန်တော်ကလည်း မပြောခဲ့မိ။ ကျွန်တော်တို့ နှစ်ယောက် စိတ်လက်ပေါ့ပါးစွာ
ရယ်မောခဲ့ကြသည် မဟုတ်လား။
ဖြစ်နိုင်သည်မှ ရေတွင်းပေါင်နှုတ်ခမ်းသည် လိုအပ်သည်ထက်ပို၍ ချောမွတ်နေခြင်း၊ သာမန်ရှိသင့်သည့် အမြင့်ထက် ပို၍
တော်တော်နိမ့်နေခြင်း၊ ရေတွင်းဘေးက အောက်ခြေ အုတ်သမံတလင်းသည် ရေညှိတက်၍ ချောနေခြင်း…. ထိုအချက်များအရ
မတော်တဆ ပြုတ်ကျခဲ့သည်ဟု ကျွန်တော်တို့  ကောက်ချက်ချရပါလိမ့်မည်။ ချစ်လှစွာသော ဇနီးသည် တစ်ယောက် အိပ်ရာထဲမှ
ထသွားသည်ကို မသိလိုက်လေခြင်း၊ အလန့် တကြား အော်လိုက်သည့် အာမေဍိတ်သံကိုပင် မကြားလိုက်လေခြင်းဟု နောင်တနှင့်
ဂျူး မြ ရဲ့ လ
NNN
ရှက်ရွံ့ မှုများစွာဖြင့် ကြေကွဲ တုန်လှုပ်သွားရသော ကျွန်တော်သည် မြ၏ ဖြစ်နိုင်ခြေများကို တွက်ချက်စဉ်းစား၊
အဓိပ္ပါယ်ကောက်ရန် ဘယ်တော့မှ ခေါင်းအေးအေး၊ သွေးအေးအေး တည်ငြိမ်နိုင်တော့မည် မဟုတ်ပါ။
မည်သို့ သေဆုံးသည်ဖြစ်စေ ကျွန်တော့်ဇနီးကတော့ သေဆုံးခဲ့ပြီ။ ကျွန်တော့်ကို တစ်ယောက်တည်း ထားရစ်ခဲ့ပြီ။
မည်သို့ သေဆုံးသည်ဖြစ်စေ ကျွန်တော့်ဇနီးသည် ရေတွင်းဆီသို့  ကျွန်တော် မသိလိုက်ပဲ နောက်တစ်ကြိမ်သွားဖို့ 
ကြိုးစားခဲ့ပြီ။ ဘာကြောင့် သွားခဲ့ပါသလဲ။ ကျွန်တော် မသိပါ။ ကျွန်တော် မြကို နားလည်ခဲ့သည်ဟုများ တစ်ခါတုန်းက
ကိုယ့်ကိုယ်ကို ထင်ခဲ့မိပါသလား။ ဒါဆိုလျှင် ကျွန်တော်သည် အလွန် မှားယွင်းသော လူတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။
ကျွန်တော်သည် လောကကြီးထဲမှာ ပျော်ရွှင်တတ်သော လူတစ်ယောက် ဖြစ်ခဲ့သလားဟု ကိုယ့်ကိုယ်ကို
ပြန်မေးကြည့်မိသည်။ ကျွန်တော် ယခင်က ဘယ်လို ခံစားချက်ရှိခဲ့မှန်း ကျွန်တော် မသိနိုင်တော့ပါ။ ယခုအခါ အတိတ်ဘ၀နှင့်
ပတ်သက်သည့် မှတ်ဥာဏ်များ ကျွန်တော့်ထံမှ ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ပါပြီ။ ဘယ်အချိန်မှစ၍ မှတ်ဥာဏ်တွေ
ပျောက်ကွယ်ခဲ့ပါသလဲ။ ကျွန်တော် မှန်းဆကြည့်မိသမျှတော့ ၀ရန်တာမှနေ၍ ကောင်းကင်ကို မော့ကြည့်သည့် အလေ့အကျင့်ရပြီး
သိပ်မကြာမီမှာပင် ကျွန်တော်၏ မှန်ဥာဏ်များ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။
ကောင်းကင်ဆီမှ ကျွန်တော်ဘာကို စောင့်ကြည့်ခဲ့ပါသနည်။ တိမ်တွေလား၊ ကြယ်တွေလား၊ လကိုလား၊
လောလောဆယ် ကျွန်တော် မြင်နေရသည်မှာတော့ လပြည့်လပင် ဖြစ်ပါသည်။
လသည် လူသားတစ်ယောက်၏ မှတ်ဥာဏ်ကို ဖျက်ဆီးပစ်တတ်ပါသလား။ မည်သည့် ဂုဏ်သတ္တိများဖြင့်
ဖျက်ဆီးလိုက်ပါသနည်း။ မည်သည့် အတိုင်းအတာအထိ ဖျက်ဆီးလေ့ ရှိပါသနည်။
ပြောရလျှင်တော့ လသည် ကျွန်တောအတွက် အလွန်ခက်ခက်သော ပုစ္ဆာတစ်ပုဒ် ဖြစ်ပါသည်။
[ ၁၉၉၆ခု၊ ဇန်န၀ါရီလ၊ ကလျာ မဂ္ဂဇင်း]

ဂျူးဝတ္ထုတိုများ
Thursday, October 16, 2008
ငါးမျှားခြင်း
ငါးမျှားခြင်း၏အဓိကရည်ရွယ်ချက်မှာ ငါးရဖို့မဟုတ်ပါ။
ဤနေရာသည် တစ်မြို့လုံးတွင် အေးဆေးတိတ်ဆိတ်သောနေရာဖြစ်သည်။ ထို့အ့ပြင် သစ်ရိပ်ဝါးရိပ်ဖြင့် အုပ်ဆိုင်းထူထပ်သောနေရာလည်းဖြစ်သည်။ မြို့၏အစွန်အဖျားရှိတောအုပ်ဘေးတွင် နက်ရှိုင်းသောရေကန်တစ်ခုရှိနေသည်မှာ သူ့အတွက်အားတက်စရာပင်ဖြစ်သည်။ ထိုရေကန်တွင်ငါးများရှိနေသည်မှာလည်း သူ့အတွက်ကံကောင်းခြင်းပင်ဖြစ်သည်။
သူသည်နှစတော်တော်များများပင် ငါးမျှားခြင်းနှင့် ရင်းနှီးကRမ်းဝင်ခဲ့သည်။
ပထမဦးဆုံးအကြိမ်ဤနေရာသို့ ငါးလာမျှားစဉ်က သူ့အသက် ၄၈နှစ်သာရှိသေးသည်။ ယခု သူ့အသက် ငါးဆယ့်လေးနှစ်ရှိပြီ။
သူသည် ဖြောင့်မှန်ရိုးအသော အထက်တန်းစာရေးကြီးဖြစ်၏။ ကောက်ကွေ့မှု၊ လှည့်ပတ်မှုကို မုန်းတီးသူ၊ လိုက်လျောညီထွေနေခြင်းနှင့်လည်း မရင်းနှီးသူ မှန်ကန်စွာပြုမူဆောင်ရွက်တတ်သူလည်းဖြစ်သည်။
သှူု့အိမ်သည် ဤကန်နှင့်မိုင်ဝက်ခန့်ဝေးသောနေရာတွင်ရှိသည်။ ရုံးဆင်းသည်နှင့်တစ်ပြိုင်နက် အိမ်ပြန်ရောက် လက်ဆွဲအိပ်ချကာ ငါးမျှားတံနှင့်ကရိယာတန်ဆာပလာများယူဆောင်လျက် ဤနေရာသို့ထွက်လာနေကျဖြစ်သည်။
လမ်းတစ်လျှောက်တွင် ဈေးဆိုင်ကလေးများ၊ လက်ဖက်ရည်ဆိုင်များ၊ အကြော်အလှော်ဆိုင်များကို ဖြတ်သန်းလာခဲ့ရသည်။ ရယ်မောသံများ၊ စကားသံများ၊ နွားနီု့ညှီနံ့များ၊ လက်ဘက်ခြောက်နံ့များ၊ ဆီကြော်ညှော်နံ့များကို သူနည်းနည်းမQ စိတ်မ၀င်စားပါ။ သူစိတ်ဝင်စားသည်က အုပ်ဆိုင်းသောတောအုပ်နှင့် ရေကန်ကြီးသာဖြစ်သည်။ ပူအိုက်သောနွေရာသီများတွင် အ၀တ်အစားတွေကို သစ်ပင်အောက်မှာ ပုံထားပြီး သူရေဆင်းချိုးနိုင်သေးသည်။အေးစိမ့် ချမ်းမြသော ဆောင်းရာသီများတွင် သစ်ရွက်ခြောက်များကို မီးရှို့ပြီး မီးလှုံနိုင်သေး၏။ မိထားသောငါးများကို ကင်၍ စားနိုင်သေး၏။ ဤနေရာလောက် သူ့အတွက်နားခိုစရာကောင်းသောနေရာ ဘယ်မှ မရှိပါ။
_ _ _ _ _ _
သူ့တွင် သူ့သြဇာမတည်သော သားနှစ်ယောက်ရှိသည်။ အ၀တ်အစား အသစ်အဆန်းမှန်သမQ မက်မောသော သမီးတစ်ယောက်ရှိသည်။ သူလုပ်ကိုင်သမျှကို အပြစ်ရှာအပြစ်မြင်၍ တဖျစ်တောက်တောက် ညည်းညူပူဆာတတ်သော ဇနီးတစ်ယောက်ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတော့ သူသည် တက်ကြွသော လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ အောက်တန်းစာရေးရာထူးမှ အထက်တန်းစားရေးရာထူးတက်ခွင့်ရရန် အလွန်မျှော်လင့်ပျော်ရွှင်ခဲ့သည်။ လက်ထပ်ခြင်း။ အိမ်ထောင်သားမွေးပြုခြင်းသည် လူ့လောက၀တ္တရား၊ မဖြစ်မနေဆောင်ရွက်ရမည့်အရာများဟု ယူဆကာ ထိုအရာများအတွက် ပြင်ဆင်ခဲ့သည်။ သူသည် အရာရာကို ရိုးရိုးရှင်းရှင်းသာတွေးတတ်သည်။ ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးတော့လည်း ပျော်ရွှင်နေခဲ့၏။
တကယ်တော့ အိမ်ထောင်ရေးဆိုသည်မှာ သူလိုလူမျိုးအတွက် မဖန်တီးမပြုလုပ်သင့်သော အရာတစ်ခုသာဖြစ်ကြောင်း နှစ်ပေါင်းများစွာနောက်ကျပြီးမှ သူသိခဲ့သည်။ အိမ်ထောင်ပြုခြင်း၏နောက်တွင် မလိုချင်သော ဗီဇစရိုက်များ ပါလာသည့် သားသမီးများလည်း မွေးတတ်သေးကြောင်း သူယခုမှသိသည်။ ထိုသားသမီးများ လိမ်မာရေးခြားရှိဖို့၊ ပညာတတ်ကျွမ်းဖို့၊ ကိုယ်ကျင့်သိက္ဓာကောင်းမွန်ဖို့ကို သူဘယ်လိုမှ မတတ်နိုင်ပဲရှိနေသည်။
သမီးကြီးသည် ရုပ်ရည်သင့်တင့်၏။ အလှအပကို အလွန်အကျွံမက်မော၏။ ငယ်ရွယ်စဉ်ကတည်းက ပညာထက်အလှပြင် ပစ္စည်းကရိယာများကို ပို၍တန်ဖိုးထားတတ်၏။ အတန်းထဲတွင် စာမေးခံရပြီး မဖြေနိုင်ခြင်းထက် ဆံပင်တွင် ကလစ်ရောင်စုံဖဲကြိုးရောင်စုံ မဆိုးနိုင်ခြင်းကို ပို၍ရှက်၏။ ဆယ်တန်းကျပြီး ရပ်ကွက်ဈေးကလေးတွင် ကုန်စိမ်းရောင်းသောအလုပ်ကို သမီးလုပ်သောအခါ သူမအံ့သြသော်လည်း ဖခင်ကို ခြေရာတိုင်းလာသောအခါ သူအံ့သြမိသည်။ ဖအေရှေ့မရှောင် မအေရှေ့မရှောင် တစိမ်းယောက်ျားလေးများနှင့် ရင်းရင်းနှီးနှီးပုတ်လိုက်ခတ်လိုက် နေတာကို သူအံ့သြမိသည်။ ဆုံးမပြုပြင်ဖို့ကြိုးစားတိုင်း လူမှုဆက်ဆံရေးကို အဖေနားမလည်ပါဘူးဟု ပြောခံရသောအခါ သူရှက်လာ၏။ ဗိုင်းကောင်းကျောက်ဖိ ရှက်ကြောက်တတ်သော သမီးမိန်းကလေးကို လိုချင်သော ဖခင်သည် ရဲတင်းကလက်သော သမီးကိုသာ ရခဲ့၏။
ဝပ်ရှော့တွင်အလုပ်လုပ်သည့် သားကတော့ တစ်မျိုး။ ရုပ်ရည်လေးသင့်တင့်တာကို အခွင့်ကောင်းယူလျက် မိန်းကလေးများနှင့် ရှုတ်ရှက်ခတ်နေ၏။ ထိုသားကြောင့် သူမကြာခဏ ရပ်ကွက်လူကြီးအိမ်ရောက်ရ၏။ သမီးရှင်များ၏ လက်ညှိုးထိုးမာန်မဲမှုကို မကြာခဏခံရ၏။ မိန်းကလေးများကို ဖျက်ဆီးသူဟု နာမည်ပျက်ရနေသည့်သားကို လမ်းမှန်ပြုပြင်ပြောင်းလဲပေးဖို့ သူကြိုးစားဖူးသည်။ အဖေကလဲ ဘာမှမသိပဲနဲ့ ။ ဒါ ကျွန်တော့်အပြစ်ချည်းမဟုတ်ဘူးဗျ။ သူတို့ကိုယ်က အလိုတူအလိုပါတွေ။ ဟု ပြန်ပြောတာကို နားထောင်လျက် ပါးစပ်အဟောင်းသားဖြစ်နေခဲ့ရသည်။ ကိုယ်ကျင့်တ၇ားအကြောင်း ဆွေးနွေးဖို့ကြိုးစားတိုင်း သူအရှုံးပေးခဲ့ရသည်။
သားသမီးမကောင်း မိဘခေါင်းဟူသော စကားပုံရှိသော်လည်း သူ့ဇနီးကြောင့် စကားပုံအသစ်ဖြစ်၏။ သားသမီးမကောင်း ဖခင်ခေါင်းဟူသောပုံစံမျိုး ဖြစ်နေအောင်ပင် သူ့ခေါင်းပေါ်ပုံကျနေခဲ့သည်။ ဤကိစ္စအားလုံးမှာ သူ့တာဝန်သာဖြစ်သည် ..တဲ့..။ သူ ခေါင်းတရမ်းရမ်းနေရုံမှလွဲ၍ ဘာမှ မတတ်နိုင်ပါ။
သူ့ဇနီးမှာ ပုံပျက်လုနီးပါးဝနေသော မိန်းမကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းမကြီးသည် ညအိပ်လျှုင် ကျယ်လောင်စွာဟောက်တတ်သည်။ သွားကြိတ်တတ်၏။ အိမ်နေရင်း ၀တ်သည့် ထမိန်တစ်ထည်ကို မလျှော်ဖွတ်ပဲ တစ်ပတ်လောက်ဆက်တိုက်ဝတ်တတ်သေးသည်။ လက်သည်းမှန်မှန် မညှပ်ပဲ လက်သည်းကြားမှာ ချေးတွေဖြင့် ထမင်းဟင်းချက်တတ်သူ၊ ထမင်းစားတတ်သူဖြစ်၏။ ထမင်းစားလျှင် လက်ခုံထိ ထမင်းဟင်းပေကျံအောင် အားရပါးရနယ်ဖတ်တတ်သူဖြစ်၏။ အိမ်က ယောက်ျားအသုံးမကျသည့်အကြောင်းကို ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ် လည်ပတ်အတင်းပြောတတ်သူဖြစ်၏။ ဟင်းကို နည်းနည်းနှင့်ကောင်းအောင်မချက်တတ်ပဲ ဗုံးပေါလအောချက်ပြီး သွန်ပစ်တတ်သူဖြစ်၏။ တစ်ခွက်ပင်ဖြစ်စေ အရသာရှိရှိချက်ဖို့ သူပြောလျှင်တော့ မဖြစ်စလောက်လစာကလေး..ဟူသောစကားဖြင့် ရန်တွေ့တတ်သူဖြစ်၏။ လခထုတ်ရက်တိုင်း လခရင်းကို တပြားမကျန်သူအပ်သည့်အခါ စိတ်မပါ့တပါ၊ မယူချင့်ယူချင်ပုံစံဖြင့် သက်ပြင်းချကာ ယူတတ်သည်။
ဟိုဘက်အိမ်ကလူကတော့ မိန်းမကို တစ်လ သုံးလေးထောင်အပ်တာ ဟု အောက်ကလိအာသံဖြင့် သူ့ဒေါသကို ဆွပေးတတ်သေး၏။ ဟိုဘက်အိမ်ကလူက သူ့လိုပင် အထက်တန်းစာရေး။ စာရေးချင်းအတူတူ ဘာ့ကြောင့်သူ့ထက်ငွေပိုရသနည်း။ တွေးကြည့်လျှင် တနည်းသာရှိ၏။ မလုပ်ကောင်းတဲ့အလုပ်တွေ လုပ်နေလို့ဖြစ်မှာပေါ့ကွာ ဟု အေးအေးဆေးဆေးဖြေရှင်းတော့ သူ့မိန်းမက မျက်လုံးပြူးကြည့်၏။ ဒီခေတ်မှာ မလုပ်ကောင်းတဲ့အလုပ်ဆိုတာ မရှိဘူးတော့၊ အားလုံးလုပ်နေကြတာပဲ ဟု ရန်တွေ့သည်။ ဒါဖြင့်လည်း မင်းသွားလုပ်ပေါ့ကွာ ဟု သူပြီးရာပြီးကြောင်းတစ်ခွန်းသာ ပြောမိသည်။ သူ့မိန်းမက ဗြုန်းကနဲ ခြေဆောင့်နင်းကာ ထွက်သွား၏။
ညနေတိုင်း အရက်မူးကာ မျက်ထောင့်နီနီကြီါ်ဖြင့် ပြန်ပြန်လာတတ်သော သားဖြစ်သူကတော့ အိမ်မှာ လူပိုသက်သက်ုဖြစ်သည်။ ဘာအလုပ်မှလည်းမရှိ။ အလုပ်လည်း မမြဲ၊ မပင်ပန်းပဲအသက်ရှင်ချင်သည့်အပြင် အရက်သေစာသောက်စားဖို့အတွက်ပါ အိမ်မှ ပိုက်ဆံကို ဖြုန်းသေးသည်။ မှန်မှန်ပေးနေသော ညီထံမှ တစ်ခါတစ်လေမရလျှင် ညီအစ်ကိုချင်းထိုးကြိတ်သည်အထိ ရန်ဖြစ်တတ်သေးသည်။ ဖအေ၊ မအေကိုလည်း ငဲ့ညှာရကောင်းမှန်းမသိချေ။
တောင်းဆိုးပလုံးဆိုးသာပစ်ရိုးထုံးစံရှိသည် သားသမီးဆိုးကို ပစ်ရိုးထုံးစံမရှိဟူသော စကားပုံကို ယခုမှပင် အခြေခံကျကျနားလည်ခွင့်ရသွား၏။ လက်စသတ်တော့ သားသမီးဆိုးဆိုတာ မွေးပြီးရင် ပစ်လို့မှ မရတော့ပဲကိုးဟု ယခုမှပင် သူသဘောပေါက်ရသည်။ သို့သော် သူ့အတွက် အားလုံးလွန်ခဲ့ပြီ။
_ _ _ _ _ _
သူ့ဘ၀တွင် အတွယ်တာဆုံးသောအရာမှာ ငါ့းမျှားတံဖြစ်၏။
တွန့်လိန်နေသော တီကောင်လေးကို ငါးမျှားချိပ်တွင် ဖေါက်ကနဲ ထိုးချိပ်လိုက်ရစဉ် သူအပိုင်နိုင်ဆုံးအရာမှာ ငါးမျှားခြင်းဖြစ်ကြောင်း သူ ၀မ်းပမ်းတနည်းသိရသည်။ နိုင်လွန်ကြိုးကို လက်ဖြင့် ဖွဖွထိသပ်နေရစဉ် ဤကြိုး၏ထိတွေ့မှုသည် သူ့အတွက် ကျေနပ်စရာဖြစ်သည်။ ကြိမ်တံ၏လက်ကိုင်ကို လျော့ရဲစွာ၊ သို့သော သတိရှိစွာ ကိုင်တွယ်ရင်း ရေပေါ်မှ ငြိမ်သက်ခြင်းကို စောင့်ကြည့်နေရစဉ်မှာတော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို သူအောင်နိုင်နေသည်။
လောကတွင် သူအောင်နိုင်သောသတ္တ၀ါမှာ ငါးသာဖြစ်၏။
ဤကန်ထဲတွင် ငါးမျိုးစုံရှိသည်။ သူ့ငါးမျှားချိပ်တွင် ငါးမျိုးစုံသူမိဖူးသည်။ ယောက်ျားလက်ဖျံလောက် တုတ်သော ငါးကြင်းကြီးများမှအစ လက်ညှိုးလုံးလောက်သေးသော ငါးစင်းလုံးလေးများအထိ သူ ရသည်။ ငါးမျှားသက် နှစ်ပေါင်းကြာလာသောအခါ သူ့လက်မှာ ကိုင်ထားသော ငါးမျှားတံအဖျားရှိ လှုပ်ရှားမှုကို မှန်ကန်စွာ ကောက်ချက်ချတတ်သွားသည်။ ကြိုးကလေး ဖေါ့တုံးကလေး ငြိမ့်ကနဲလှုပ်ရှားသွားသည်ကအစ သူကRမ်းကျင်စွာ အကဲဖြတ်တတ်သွားပြီး လQင်မြန်စွာ မှန်ကန်စွာ ဆွဲတင်နိုင်သည်။ ငါးစာကို လာဟတ်သော ငါးမှာ သူ့လက်မှ လွတ်ရသည်ဟူ၍ မရှိရအောင် ဤလုပ်ငန်းကို ကျွမ်းကျင်လာ၏။
ရေထဲစိုက်ထားသော ငါးမျှားကြိုးကို စူးစိုက်စွာကြည့်ရင်း စိမ်းမှောင်သောရေပြင်ပေါ်တွင် အတိတ်က အရိပ်များစွာ ထင်လာတတ်သည်။ တစ်ခါတစ်ရံတွင် နုပျိုသော လူငယ်တစ်ယောက်၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူဖြစ်၏) တစ်ခါတစ်ရံ မိန်းမငယ်တစ်ဦး၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူ့ချစ်သူဖြစ်၏)
ချစ်သူအကြောင်း ပြန်တွေးရသည်မှာ ခပ်ဝါးဝါးသာဖြစ်သော်လည်း ရင်ခုန်စရာကောင်းသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က သူ့ချစ်သူသည် တစ်ပတ်လျှိုဆံထုံးလေးနှင့် ခရေပန်းများ ဝေနေအောင်ပန်တတ်သည့်မိန်းကလေးဖြစ်၏။ လက်မောင်းလက်ဖျန်များ တောင့်တင်းပြီး ဖျတ်လတ်သော၊ ကျန်းမာသန်စွမ်းသော မိန်းကလေးဖြစ်၏။ ကြည်လင်တောက်ပသော မျက်ဝန်းကလေးများ၊ နီမြန်းသော နှုတ်ခမ်းပါးကလေးများဖြင့် စွဲမက်ဖွယ်ရာဖြစ်၏။ သူတို့နှစ်ယောက် ချိန်းတွေ့နေကျ လေးထပ်ဘုန်းကြီးကျောင်းထောင့်က ခရေပင်ကြီးကို သူမြင်ယောင်လာသောအခါ သူ စိတ်မှတ်မထင်ပြုံးမိသည်။
သနပ်ခါးနံ့သင်းသင်းလေးကို မွှေးကြူရင်း ခရေနံ့လေးကိုပါ ရှူရှိုက်မိသော တနံနက်ခင်းက သူ့ရင်တွေ တဖြတ်ဖြတ်ခုန်ခဲ့ရကာ၊ဘယ်လိုမှ မခွဲနိုင်အောင် ချစ်မြတ်နိုးစိတ်ဖြင့် မချင့်မရဲဖြစ်ခဲ့ရသည်။ ဆောင်းရာသီနံနက်ခင်းတိုင်း၊ မိုးရာသီညနေခင်းတိုင်း ခရေပန်းများက တဖြုတ်ဖြုတ်ကြွေလွင့်နေသည်။ ခရေပွင့်ကလေးများကို အလောတကြီးကောက်နေသော ကိုယ်လုံး ကျစ်ကျစ်ခဲခဲကလေးမှာ ငေးကြည့်၍ မ၀နိုင်အောင် လှနေခဲ့၏။ နှီးကြိုးကလေးဖြင့် သီကုံးပေးရန်ကတော့ သူ့တာဝန်ဖြစ်သည်။ သူသည် လက်ကိုင်ပုဝါထဲက ပန်းကလေးများကို စိတ်ရှည်လက်ရှည်သီပေးခဲ့ဖူးသည်။ သီပြီးသွားသော ပန်းကုံးကလေးများကို မိန်းကလေး၏ဆံထုံးမှာ စိုက်၍ ပန်ပေးရသည့်အရသာမှာ တမ်းတလွမ်းဆွတ်ဖွယ်ရာဖြစ်သည်။
သူသည် ခရေပင်ကြီးဆီသို့ မရောက်ဖြစ်တာ ကြာလှပြီ။
ခရေပင်ကြီးရှိရာ ဘုန်းကြီးကျောင်းသို့ပင် မရောက်ဖြစ်တာ ကြာလှပြီ။ တစ်နေ့နေ့မှာ သွားမည်ဟု ကြံရွယ်လျက် ဘယ်တော့မှ မရောက်ဖြစ်ခဲ့ပါ။ တစ်ခါတစ်ရံ ဥပုသ်ယူသော သူ့မိန်းမနှင့်အတူ လေးထပ်ဘုန်းကြီးကျောင်းသို့ လိုက်သွားရန်ကြိုးစားဖူးသည်။ သို့သော် ဘုန်းကြီးထံ သီလမယူမီ ၀ိုင်းဖွဲ့စကားပြောကြသည့် အုပ်စုများတွင် သူမပါ ၀င်ချင်ပါ။ အဖိုးတန်ပါတိတ် ထက်အောက်ဆင်တူဖြင့် ရွှေကြိုးများ၊ ကြယ်သီးများဖြင့် ဥပုသ်လာစောင့်သော မိန်းမကြီးငယ်များ၏ ကဲ့ရဲ့စကားတင်းဆိုဟန်များကို သူရှောင်ချင်သည်။ ရှင် အကုသိုလ်တွေချည်းနေ့တိုင်းလုပ်နေတာ တစ်ခါလောက် ကျွန်မနဲ့လိုက်ပြီး ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူပါလား။ ဟူသည့် မိန်းမ၏ တိုက်တွန်းချက်ကို ကြားရသောအခါ ကုသိုလ်ယူချင်စိတ်ကလေး လုံးဝ ကုန်ဆုံးသွားကာ မလိုက်တော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။
သည်လိုနှင့်ပင် အကုသိုလ်ကို ဆက်လုပ်ဖြစ်နေသည်။
သူသည် ငါးမျှားနေရင်းမှ လူအမျိုးမျိုး၏ပုံကို ဖေါ်ကာ အနိုင်ယူလို့ရသည်။ ဥပမာ သမာအာဇီဝကို နည်းနည်းမျှ စိတ်မ၀င်စားသည့် အရာရှိတစ်ဦး၏ ခပ်ထူထူ ခပ်လန်လန်နှုတ်ခမ်းများကို ရွံမုန်းစွာတွေးတောရင်း သူ ငါးကို စိတ်ပါလက်ပါမျှားသည်။ ရရှိလာသော ငါး၏ ဟစိဟစိပါးစပ်ကို အသေအချာကြည့်တော့ ထိုအရာရှိ၏ ပါးစပ်ကိုပင် မြင်တွေ့လိုက်ရလေသည်။ သူသည် ငါးမျှားချိပ်မှ ငါးကို ပျော်ရွှင်စွာ ဆွဲဖြုတ်ပြီး မြေပြင်ပေါ် ဘုတ်ခနဲ ပစ်ချလိုက်ဖူးသည်။ တစ်ခါတစ်ရံသူ့မိန်းမ၏ ပွစိပွစိ နှုတ်ခမ်းတို့ကို စိတ်ထဲမြင်ယောင်လျက် ဒေါသတကြီး ငါးကို မျှားသည်။ မိလာသော ငါး၏ပါးစပ်ကို သူကြည့်သောအခါ တကယ်ပင် သူ့မိန်းမ၏ ပါးစပ်ဖြစ်နေတတ်သည်။ သူသည် ရွှီကနဲလေချွန်လျက် ထိုပါးစပ်ကို အရသာခံ၍ ကြည့်နေတော့၏။ ငါးကလေးသည် ဖတ်လတ်ဖတ်လတ်နှင့် အစွမ်းကုန်ရုန်းကန် နေသည့်အခါမှာတော့ စိတ်မကောင်းဟန်ဖြင့်သက်ပြင်းတစ်ချက်ချကာ ငါးမျှားချိတ်မှ ငါးကို ညင်ညင်သာသာလေး ဆွဲဖြုတ်လိုက်သည်။ ထို့နောက် ရွရွလေးကိုင်ကာ သူနှင့် အဝေးဆုံးနေရာမှာ ချထားလိုက်ဖူးသည်။
ငါးမQားခြင်းဖြင့် သူ ဤနေရာမှာ ကြာကြာထိုင်၍ ငိုင်နေခြင်းအပေါ် မည်သူမျှသံသယမ၀င်အောင် ဖြေရှင်းပြီးသားဖြစ်သွားသည်။ သူသည် ငါးမျှားချင်ယောင်ဆောင်လျက် ရေထဲသို့ ငါးမျှားချိတ်နှစ်ချကာ နာရီဝက်တစ်နာရီလည်း မလှုပ်မယှက်ထိုင်နေလို့ရသည်။ မိန်းမကို မပြောဖြစ်သည့် စကားများကိုလည်း ခပ်တိုးတိုးရေရွတ်နေလို့ရသည်။ တစ်ခါတစ်ခါ ကံဆိုးစွာ အဆော့သန်သော ကလေးများ စပ်စုတတ်သော လူကြီးများရောက်လာလျှင် ရှူးတိုးတိုး။ ငါးလန့်သွားမယ် ဟူသော သတိပေးချက်ဖြင့် စကားမပြောအောင် မနှောင့်ယှက်အောင် တားဆီးနိုင်ခွင့်ရှိသေးသည်။ သူ့ကို ကောင်းကောင်း နှောင့်ယှက်တတ်သူမှာ ကန်စောင်းတွင်နေသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။
အဘိုးကြီးကတော့ ငါးမျှားခြင်းကို အကုသိုလ်အလုပ်ဟု ယူဆကာ သူ့ကို ကဲ့ရဲ့ ရှုတ်ချတတ်၏။ အဘိုးကြီးက ရေကန်ကမ်းစပ်ရှိ ကြာဖူးများကို ခဏခဏလာခူးသည်။ ဘာလုပ်ဖို့လဲဟု သူမေးတော့ ချက်စားဖို့ဟုပြော၏။ ကြာဖူးကို ချက်စားရသည်ဟု တစ်ခါမျှ မကြားဖူးပါ။ ဦးလေး.. ဟင်းမရှိရင် ဒီငါးတွေ ယူသွားပါလားဗျဟု သူ စိတ်လိုလက်ရပေးဖူးသည်။
သူသည် ဤငါးများကို စားသောက်ရန်၊ ရောင်းချရန် မျှားခြင်းမဟုတ်။ အစောပိုင်းနှစ်တွေတုန်းကတော့ ငါးများ၏ ပါးဟက်များကို ဖေါက်လျက် လေQာ်ကြိုးဖြင့်သီကာ တန်းလန်းဆွဲပြီး အိမ်ပြန်ရသည်မှာ ပျော်စရာ၊ နောက်ပိုင်းတော့ ထိုငါးများကြောင့်ပင် ဇနီးဖြစ်သူ၏ အပြစ်ရှာခြင်းကို ခံခဲ့ရသည်။ ဒီငါးမျိုးဖြင့်တော်..တနေကုန်အောင် သွားမျှားနေစရာမလိုပါဘူး။ ဈေးထဲမှာ တစ်ဆယ်သား နှစ်ကျပ်ရယ်၊ ဗိုက်ရိုက်ပြီးစားပါလေ့။ဟူ၍တစ်မျိုး။ ရှင့်ငါးတွေက အင်းစော်နံလှချည်လား။ ဘယ့်နှယ်စားမှာတုန်း ဟူ၍တစ်မျိုး၊ ဒီငါးမျိုးကိုမှတ်ထား၊ ငါးမောင်းမလို့ခေါ်တယ်။ ငါးထဲမှာ အရသာမရှိဆုံးငါးပဲဟူ၍တစ်မျိုး။ ငါးခုံးမလိုငါးများ အချိန်ကုန်ခံပြီး မျှားနေရသေးလားတော်။ အဲဒီကုန်တဲ့အချိန်မှာ ရေလေးဘာလေးဆွဲတာမှ အသုံးကျဦးမယ်။ဟူ၍တစ်မျိုး။ အမျိုးအမျိုးရှုတ်ချသောအခါ ငါးများကို အိမ်သို့အလေးခံသယ်မသွားတော့ပေ။ နည်းနည်းနွမ်းပါးမည်ထင်ရသော အသိမိတ်ဆွေအိမ်များသို့ အလှည့်ကျစနစ်ဖြင့် ဟင်းလျာပေးလိုက်ခြင်းအားဖြင့် ဇနီးဖြစ်သူနှင့်လည်း စကားပြောရသက်သာသွားပြီး ကျေးဇူးလည်းတင်ခံရသည်။
အဘ်ုးကြီးကတော့ ငါးများကို မယူပါ။
ငါက ပံသကူသားပဲစားတာကွ။ မြင်သားကြားသားမစားဘူး။ ဟူ၏။
သူဒေါသထောင်းကနဲထွက်သွားသေးသည်။ ခင်ဗျားတို့အတွက် ဖမ်းပေး သတ်ပေးတဲ့သူတွေ ရောင်းတဲ့လူတွေရှိနေလို့ပေါ့ဗျာ။ မရှိရင် ခင်ဗျားလဲ မြင်သား ကြားသားတင်မကဘူး။ ကိုယ်တိုင်တောင် သတ်ပြီး စားမှာ မဟုတ်လား။ သို့သော် အသက်ကြီးသောလူတစ်ယောက်နှင့် ယှဉ်ပြိုင်ပြီး ရန်ဖြစ်ရတာ မကောင်းပါ။
နောက်ပိုင်းတော့ အဖိုးကြီးက ကြာဖူးခူးချိန်နှင့် သူငါးမQားချိန်တို့ တော်တော်များများ တိုက်ဆိုင်နေတော့သည်။ ကြာဖူးသာမက ကြာပွင့်များပါ ခူးတာမြင်တော့ သူအံ့သြသွား၏။ ကြာပွင့်ကရော ချက်စားလို့ရသလား သူမေးတော့ အဘိုးကြီးက လျှို့ဝှက်စွာပြုံး၏။ မဖြေချင်သလိုလို တွန့်ဆုတ်နေပြီးမှ နောက်ဆုံးမှာ သူ့အမေးကိုဖြေလိုက်သည်။
ချက်မစားပါဘူး ဆွဲကြိုးလုပ်ဖို့။
ဟာ.. ဆွဲကြိုး၊ ဘာလုပ်ဖို့လဲ။
အဘိုးကြီးတွင် ဇနီးသားသမီးမရှိ၊ မြေးမရှိ၊ တစ်ယောက်တည်းသာဖြစ်သည်။ အဘိုးကြီးက သူ့ရှေ့မှာပင် ကြာပွင့်တစ်ခိုင်ကိုယူလျက် ကြာရိုးဆွဲကြိုးလုပ်နေ၏။ ကြာရိုးဆွဲကြိုးက လုပ်ရတာ အလွယ်လေးဖြစ်သည်။ ငါးမျှားသလိုမခက်ပါ။ ကြာရိုးကို လက်တစ်ဆစ်နီးပါး အဆစ်ကလေးများလုပ်၍ တစ်ဆစ်ချင်းချိုးသွားရုံပဲဖြစ်သည်။ ကြာရိုးကျိုးသွားပြီး အမျှင်အစေးများကြောင့် ထိုချိုးပြီးသား အဆစ်ကလေးက တွဲလွဲဖြစ်နေသည်။ နောက်တစ်ဆစ်ထပ်ချိုး၊ အမျှင်ကို ဟိုဘက်သည်ဘက် တစ်လှည့်စီ တန်းနေအောင် တစ်ဖက်ဟီချိုးချသွားရုံသာဖြစ်သည်။ ထိပ်ဆုံးမှာတော့ ကြာပွင့်လော့ကက်သီးလေး။
ဟိုတုန်းကတော့ ငါ့မိန်းမကို အဲဒီလို ကြာလည်ဆွဲလုပ်ပေးနေကျကွ။ ငါ့မိန်းမခမျာ သေသာသွားရော သူ့ဘ၀မှာ ပုလဲပုတီးလေးတစ်ကုံးတောင် ဆွဲမသွားရရှာပါဘူးကွာ၊ ကြာလည်ဆွဲကိုပဲ မညည်းမညူဆွဲသွားရရှာတယ်။ သူ့အသက်အငယ်ကလေးမှာ ကလေးမွေးရင်း ဆုံးသွားတာပဲ။
ထိုစကားပြောပြီးနောက် သူ့အဖြပြည့်စုံသွားသလိုပင် အဘိုးကြီးက သူ့ကို နှုတ်မဆက်ပဲ ထွက်ခွာသွားသည်။ လက်မှာ တန်းလန်းဆွဲထားသော အနီရောင်ကြာပွင့်နှင့် ဆွဲကြိုးကလေးမှာ လေအဝေ့တွင် လွင့်လှုပ်လျက်ပါသွားသည်ကို ငေးမောကြည့်နေခဲ့၏။
_ _ _ _ _ _
အေးမြသော ဆောင်းဥတု နဲနက်ခင်းဝေလီဝေလင်းအချိန်တစ်ခုတွင် သူသည် ထူးဆန်းစွာပင် နှင်းမှုန်ကြားထဲမှာ လမ်းလျှောက်နေတော့သည်။ သူ့ခြေတောက်များက သူမသိလိုက်မီမှာပင် မြို့၏ ဟိုးဘက်အစွန်းက လေးထက်ဘုန်းကြီးကျောင်းရှိရာသို့ လျှောက်သွားနေကြသည်။ ငါးဆယ့်လေးနှစ်အရွယ်သည် ဘုန်းကြီးကျောင်းဆီသို့ နံနက်လင်းအားကြီးလျှောက်သွားလျှင် အသင့်တော်ဆုံးအရွယ်ဖြစ်သည်။
လမ်းခရီးတွင် ဈေးရောင်းရန် ဟင်းရွက်စည်းများဖြင့် ဈေးသို့သွားကြသော ရွာသူ့ရွာသားများကို မျက်နှာချင်းဆိုင်တွေ့ရသည်။ မိန်းမများသည် ပုဆိုးများထဲတွင် ဟင်းရွက်စည်းများထည့်၍ ထုပ်ပိုးပြီး ခေါင်းပေါ်ရွက်ထား၏။ ယောက်ျားများကတော့ တောင်းများဖြင့်ထည့်ကာ ထမ်းပိုးဖြင့်သယ်ဆောင်လာသည်။ နေထွက်စအချိန်တွင် နှင်းများ ပိုမိုသိပ်သည်းလာ၏။ လမ်းဘေးဝဲယာ သစ်ပင်များကိုသာ စိမ်းစိုစွာမြင်ရပြီး ခပ်ဝေးဝေးက သစ်ပင်များကိုတော့ သဲကွဲစွာ မမြင်ရပေ။ ဤလမ်းတွင် အိမ်ခြေကျဲပါးသည်။ မြို့နှင့်မတူပဲ ရွာနှင့်တူသော ရပ်ကွက်ဖြစ်သည်။ တစ်ချိန်တုန်းက သူ့ချစ်သူသည် ဤရပ်ကွက်တွင်နေခဲ့ဖူးသည်။
အုတ်တံတိုင်းကာရံထားသော ဘုန်းကြီးကျောင်းသည် ဆောင်းနှင့်းမှုန်များအောက်တွင် အိုမင်းရင့်ရော်စွာ ရပ်တည်နေ၏။ သူခဏတာမျှ ငေးကြည့်နေပြီး ကျောင်း၏ထောင့်တစ်ဖက်က ခရေပင်အုပ်ရှိရာ လျှောက်သွားလိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ခရေပင်များမှာ မြင့်မားလျက်ရှိသည်။ သစ်ပင်တွေ နှစ်၃၀အသက်ရှင်နေတာ အံ့သြစရာ မဟုတ်သော်လည်း သူတို့ကောက်ခဲ့သော ခရေပန်းများလိုပင် ယခုအချိန်အထိ ခရေပန်းများ ခြွေချပေးနေသည်မှာ အံ့သြစရာ။ သူဖြေးညှင်းစွာေ လျှာက်သွား၏။ ပန်းများ တဖြုတ်ဖြုတ် လွင့်ကျနေသည်။
ဤခရေပင်ကြီးအောက်တွင် ငယ်ရွယ်သော သူ့ချစ်သူနှင့်အတူ သူ ထိုင်ခဲ့ဖူးသည်။
_ _ _ _ _ _
သူသည် အပင်တည့်တည့်အောက်တွင်ရပ်၍ ဖြူဖွေးသော ခရေပွင့်ကားကားလေးများ၊ ညိုဝါသော ခရေပွင့်ခြောက်ကလေးများကို ငေးမောကြည့်နေသည်။ ခရေပန်းများနှင့် လှပခဲ့သော သူ့ချစ်သူကို သတိရစိတ်ဖြင့် ရင်ထဲမှာ နာကျင်လာ၏။ သူထိုင်ချကာ လတ်ဆတ်သော ပန်းကလေးများကို ရွေး၍ ကောက်နေမိတော့သည်။
ဟိုတုန်းကတော့ သူ့ချစ်သူကို သူ အမြတ်တနိုး ချစ်ခဲ့သည်။ သူ့ချစ်သူကလည်း သူ့ကို အားကိုးတကြီး ချစ်ခဲ့သည်။ ထိုမိန်းကလေးသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံးချစ်သူဖြစ်ခဲ့သည်။ သူသည်လည်း မိန်းကလေး၏ ပထမဆုံးနှင့် နောက်ဆုံးချစ်သူဖြစ်သည်။ သူတို့နှစ်ယောက်လက်ထပ်သောအခါ လောကတစ်ခုလုံး လှပသာယာလျက်ရှိခဲ့ပါသည်။
ချစ်ခြင်းမေတ္တာဆိုသည်မှာ လှည့်စားတတ်သော ကံကြမ္မာအောက်တွင် အရှုံးပေးရတတ်သလား။ သူသည် ဖြစ်ပျက်နေသမQ အရာရာကို နားမလည်နိုင်အောင်ရှိတော့သည်။ သူဝမ်းနည်းနေသည်။ နှစ်ပေါင်း၃၀သည် လူအားလုံး၏ဘ၀ကို ပြောင်းလဲစေနိုင်သည်သာမက အချစ်ကိုလည်း ပြောင်းလဲစေနိုင်သည်။ တိတ်ဆိပ်သော ပတ်ဝန်းကျင်တွင် ခြေသံဖွဖွကလေးကြားလိုက်ရသည်။
သူ ငယ်စဉ်က စောင့်နေကျနေရာတွင် သူငယ်စဉ်က ကြားနေကျ ခြေသံမျိုး (ဖိနပ်မပါ ဗလာခြေတောက်အစုံ၏ ခြေသံမျိုး) ကိုကြားလိုက်ရသောအခါ လက်ရှိဘ၀နှင့် ငယ်ာဘ၀ ရောထွေးကာ ရင်တလှပ်လှပ်ခုန်လျက် နောက်ဘက်သို့ ဗြုန်းကနဲ လှည့်ကြည့်လိုက်သည်။
ခပ်လှမ်းလှမ်းတွင် မိန်းကလေးတစ်ယောက်..။ ဆံပင် ကုပ်ဝဲလေးနှင့် အပြာရောင်ဝတ်စုံပွပွလေးသည် နံနက်ခင်းလေအောက်မှာ လွင့်လှုပ်နေသည်။ အေးချမ်းသော .. နုငယ်သော မိန်းကလေးတစ်ဦး။ သူမက သူ့ကို တစ်ချက်သာ အကဲခတ်ကြည့်လျက် ခရေပွင့်များကို စတင်ကောက်လေသည်။ သူသည် နာကျင်သောရင်ဖြင့် မိန်းကလေးကို ငေးမောကြည့်နေခဲ့မိသည်။
ထို့နောက် ဟာလာဟင်းလင်းရင်ဖြင့် ဗြုန်းကနဲ လှည့်ပြန်လာခဲ့တော့သည်။
_ _ _ _ _ _
ရုံးသွားရန်ပြင်ဆင်နေစဉ် သူ့ဇနီးက အခန်းထဲဝင်လာသည်။
ဝဖြိုးသောခန္ဓာကိုယ်ကို သူ့မျက်စိက ခဏကြည့်မိပြီးနောက် မျက်နှာလွှဲလိုက်ရ၏။ ဘယ်လိုမှ မယုံနိုင်စရာကောင်းသောအဖြစ်များပါလား။ သူနည်းနည်းရှက်ရွံ့စွာ စကား စ လိုက်၏။
ငါ မနက်အစောကြီး လမ်းလျှောက်သွားရင်း လေးထပ်ကျောင်းဘက် ရောက်ခဲ့သေးတယ်ကွ။ ခရေပင်ကြီးတွေက အခုချိန်ထိ ပွင့်နေကြတုန်းပဲ။ ခရေပန်းတွေကလည်းကွာ ဖွေးနေတာပဲ။ ဟိုတုန်းကထက်တောင် များသေး။
သူ့မိန်းမမျက်နှာ နူးညံ့မသွားပါ။
ငါ နည်းနည်းတောင် ကောက်လာခဲ့သေးတယ်။ စားပွဲပေါ်မှာ။
ထိုစကားကြောင့် သူ့မျက်နှာသာ နည်းနည်းနွေးသွားသော်လည်း သူ့ဇနီးကတော့ စိတ်ဝင်စားဟန်မရှိပါ။
ခရေပန်း ။ ဘာလုပ်ရမှာလဲ။ ဈေးထဲသွားဝယ်ရင် တစ်ကျပ်ဖိုးဆို သုံးလေးကုံးရတာ။
သူ့ဇနီးကို သူငေးကြည့်နေမိသည်။
ဟိုတစ်နေ့က လာပြောသွားတဲ့ကိစ္စကို ရှင်ငြင်းမယ် မကြံနဲ့နော်။ ဒါ သူများ ပစ္စည်းခိုးတာမဟုတ်ဘူး။ သူ့ဇနီး၏မျက်နှာမှာ လောဘ၏အရေးအကြောင်းများသာ ရှိနေပါသည်။
ထိုကိစ္စကို သူ့ခေါင်းထဲက ထုတ်ပစ်ထားသည်မှာ လာပြောချိန်ကတည်းကဖြစ်သည်။ သူ့ဘ၀တွင် ကိုယ်ကျင့်သိက္ခာကို တစ်သက်လုံးထိမ်းခဲ့သည်။ သေသည်အထိ ထိန်းသွားမည်။
သို့သော် စကားရှည်မနေချင်သောကြောင့် ခပ်မြန်မြန် ထွက်လာခဲ့ရ၏။
_ _ _ _ _ _
နောက်ရက်များတွင်လည်း ထုံးစံအတိုင်းငါးမQားသည့်အလုပ်ကို သူစိတ်ပါဝင်စားစွာ မပျက်မကွက် လုပ်မြဲဖြစ်လေသည်။
(ဂျုး)
( ၁၉၉၂၊ ဇွန်လ၊ မြားနတ်မောင်)

ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းပွင့်လေးတွေ (ဂျူး)
ဇာတ်လမ်းအဓိကမဟုတ်သော ၀တ္ထုတစ်ပုဒ်လို သူနှင့်ကျွန်မ ချစ်ခဲ့ကြပါသည်။
ကျွန်မတို့မှာ အဖြစ်အပျက်တွေ ကြုံကြိုက်မှုတွေရှိသည်။ သို့သော် ဘာပြီးရင် ဘာလာရမယ်ဟူသော ဖြစ်စဉ်တွေ မရှိပါ။ ကျွန်မတို့မှာ ဆန္ဒတွေရှိသည်။ သို့သော် မျှော်လင့်ချက်မရှိပါ။ ကျွန်မတို့မှာ မှန်းဆကြည်နူးမှုတွေရှိသည်။ သို့သော် အနာဂတ်မရှိပါ။
ကျွန်မနှင့်သူ၏အချစ်သည် မွှေးပျံ့သော၊ လှပသော စံပယ်ပန်းများဖြစ်သည်ဆိုလျှင် လက်ထဲမှာ ထွေးဆုပ်ထားသော ပန်းများပဲ ဖြစ်မည်။ စံပယ်ကုံးတစ်ကုံး မဟုတ်ခဲ့။ ကျွန်မတို့၏ အချစ်ကို သီရန် ကြိုးမရှိခဲ့။
သို့သော် ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။
**
အာရုံငါးပါးတွင် အချစ်သည် အနည်းဆုံး တစ်ပါးပါးဖြင့် စတင်တတ်သည်ဟု ပြောပါသည်။ ကျွန်မ ဘယ်အာရုံဖြင့် စချစ်ခဲ့မိသလဲဟု စဉ်းစားကြည့်လျှင် ကျွန်မအံ့သြစွာ ရယ်ချင်ပါသည်။ အဆင်း၊ ရနံ့၊ အရသာ၊ အသံနှင့် ထိတွေ့မှု အာရုံငါးပါးလုံးဖြင့် စချစ်ခဲ့မိသောကြောင့် ဖြစ်ပါသည်။
ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူးဆိုတဲ့လူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက် အရေးကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ဘာကြောင့် သတိမထားမိကြတာလဲ။ ဘ၀မှာ အမြဲအောက်မေ့ အမှတ်ရစရာ ကူးပြောင်းမှုတစ်ခုကို လူတိုင်း သတိရနေသင့်သည် ထင်ပါသည်။
ကျွန်မအတွက်က အချစ်သည် နှင်းတို့ဖြင့် မှုန်ရီသော နံနက်ခင်းတစ်ခုက သယ်ဆောင်လို့ ပါလာသောအရာဖြစ်ခဲ့ပါသည်။
အဲသည်ကောင်လေးတစ်ယောက်ကို ကျွန်မတို့ ရပ်ကွက်ထဲကဟု သိနေတာဖြင့် ခြောက်လလောက် ရှိခဲ့ပြီ။ တစ်ယောက်နှင့်တစ်ယောက် တွေ့လျှင်လည်း ပြုံးမပြမိကြ။ ဘယ်သူကမျှ ကျွန်မတို့ကို မိတ်ဆက်မပေးခဲ့။ ကိုယ့်ဟာကိုယ် မိတ်ဆက်ရန်ထိလည်း တစ်ယောက်ကိုတစ်ယောက် စိတ်မ၀င်စားခဲ့။
ဇန်န၀ါရီ နံနက်ခင်းတစ်ခုမှာတော့ ကျွန်မအိမ်မှ ဟံသာဝတီအ၀ိုင်းထိ ကျွန်မ အပြေးကျင့်ရင်း သူနှင့်ဆုံခဲ့မိပါသည်။ ဆုံခဲ့မိတော့လည်း သူကိုယ့်ကို မြင်သည်။ မျက်မှန်းတန်းမိနေသော ကောင်မလေးဟု သိသည်။ ကိုယ်က သူ့ကိုမြင်သည်။ ဒီကောင်လေးဟာ လမ်းထိပ်က ဗီဒီယိုခွေ အငှားဆိုင်မှာ ခဏခဏ မျက်မှန်းတန်းမိနေသော တစ်ယောက်ပဲဟု သိသည်။ ဒါပဲ။ သူက သူငယ်ချင်းတစ်ယောက်နှင့်အတူ အပြေးကျင့်နေသည်။ ကျွန်မက တစ်ယောက်တည်း။ ကျွန်မတို့ ပြုံးလည်း မပြမိကြပါ။
သူတို့နှစ်ယောက် စကားတပြောပြောနှင့် ပြေးနေတာမို့ ကျွန်မလောက်မမြန်ပါ။ ထို့ကြောင့် ကျွန်မက သူတို့ကို ကျော်တက်လာခဲ့သည်။ အဲသည်မှာ အချစ်ရောက်လာဖို့ အခြေအနေကို ကြုံရသည်။
ကျွန်မ၏ ဝေါ့လ်ကင်းရှူးက လေးငါးနှစ်လောက် ဟောင်းနေပြီ။ ထို့ပြင် ကျွန်မက ဖိနပ်ကြိုးချည်ရာတွင် အလွန်ညံ့ပါသည်။ ကျွန်မ ဖိနပ်ကြိုးသည် တစ်ခါပြေးလျှင် အနည်းဆုံး တစ်ဖက်တစ်ခါတော့ ပြန်ပြင်ချည်ရတတ်၏။ ကြိုးပြေပြီး ကြိုးနှစ်ချောင်းလုံး ဘတ်လတ်ဘတ်လတ် ဒယဥ့်တိုက်နေသည်ကို ခဏခဏ တွေ့ရတတ်ပါသည်။
အဲသည်မနက်က ကျွန်မသည် သူတို့နှစ်ယောက်ရှေ့မှာ ဖိနပ်ကြိုး ပြေနေခဲ့သည်။ ချည်ထားသည့်ကြိုး ပြေလို့ဖြင့် ဖိနပ်က ချောင်လာစရာအကြောင်းမရှိပါ။ ဟိုဘက်သည်ဘက် ရက်ယှက်ကာ တင်းတင်းဆွဲထားသော ကြက်ခြေခတ်နေရာတွေက နဂိုအတိုင်းပါပဲ။ သို့သော် ဖိနပ်ကြိုး ပြေပြီး တန်းလန်းကျခြင်း၊ ဖိနပ်ဟောင်း၍ ချောင်နေခြင်း ထိုနှစ်ခု ပေါင်းလိုက်သောအခါ ကျွန်မ၏ ညာဘက်ခြေထောက်က လိုချင်ရာကို မရောက်ဘဲ ဖြစ်သွားသည်။ ထိုအချိန်မှာပဲ ကျွန်မ လဲသွားပါသည်။
ပထမဆုံး သိလိုက်တာကတော့ ရှက်တာပါပဲ။ ရပ်ကွက်ထဲက ကောင်လေးတွေရှေ့မှာတော့ အရှက်ကွဲပြီ။ နောက် သိလိုက်တာကတော့ ဒူးဆစ်ဆီက နာကျင်မှုပါပဲ။ ဘောင်းဘီအရှည်ဝတ်ထားသဖြင့် ဒဏ်ရာကို မမြင်နိုင်သော်လည်း ပေကျံပွန်းသွားသော ဘောင်းဘီသားကိုကြည့်ပြီး ဒူးလည်းပွန်းသွားပြီဟု မှန်းလိုက်ရသည်။ ထို့ကြောင့် ကမန်းကတန်း ထရပ်လိုက်ပါသည်။ သူတို့က ကျွန်မဘေးမှ ကျော်တက်ရန် ပြင်နေပြီ။
“ဟေ့ ဟေ့ … မင်း ဖိနပ်ကြိုး ပြေနေတယ်”
သူ့သူငယ်ချင်းက ကျွန်မအား ဖိနပ်ကို လက်ညှိုးထိုးပြသည်။ ကျွန်မသည် ထူပူနေသော မျက်နှာကို အောက်သို့ ငုံ့လိုက်ပြီး ကြိုးတပ်ရန် ကိုယ်ကို ကိုင်ငုံ့ချလိုက်သည်။ အဲသည်ကျမှ လက်ဖနောင့်မှာ ပွန်းပြီး သွေးခြည်ဥနေတာကို မြင်ရသည်။ နီရဲနေတာပဲ။ သွေးဟုထင်လိုက်ချိန်မှာ ကျွန်မ မူးပြီး ထိုင်ကျသွားပြီ။
“ဟာ.. ဟေ့ကောင်၊ ကောင်မလေး လဲသွားပြန်ပြီကွ”
အဲဒါ သူ့အသံ။ သူ့အသံသည် ဂစ်တာတစ်ခု၏ အပေါ်ဆုံးကြိုးနှစ်ချောင်းတည်း တီးခတ်သည့်အသံလိုပဲ ကျွန်မအကြားအာရုံထဲသို့ လှိုင်းခတ်၍ ၀င်ရောက်သွားပါသည်။ အသံပြီးတော့ လူကိုယ်တိုင် အနားသို့ရောက်လာသည်။
“နင့်လက်မှာ သွေးတွေနဲ့၊ နင့်မှာ လက်ကိုင်ပ၀ါ ပါလား”
ကျွန်မမှာ ဘာမှ မပါပါ။ သူ့ကိုမော့ကြည့်သော်လည်း ပြာဝေသော မျက်လုံးကြောင့် သဲသဲကွဲကွဲ မမြင်ရ။
“ဒါဖြင့် နင် ဘာကိုမှ မကိုင်နဲ့၊ ဖိနပ်ကြိုးကိုလဲ မကိုင်နဲ့၊ ငါ ချည်ပေးမယ်”
သူ ကျွန်မအနားမှာ ထိုင်ချလိုက်သည်။ ကျွန်မ၏ ဖိနပ်ကြိုးကို ချည်ပေးနိုင်ဖို့ လုံလောက်စွာ နီးကပ်သော အကွာအဝေးဖြစ်သည်။ သူ့ရင်ဘတ်သည် ကျွန်မမျက်နှာနှင့် တစ်ပေလောက်ပဲ ကွာသည်။ ထို ရင်ဘတ်ဆီမှ ရေမွှေးနံ့တစ်ခုနှင့် ချွေးနံ့ ပေါင်းနေသော ကိုယ်နံ့ပြေပြေလေးတစ်ခုကို ရပါသည်။ အဲဒီအနံ့သည် တုန်လှုပ်ရှက်ရွံ့စွာ အသက်ပြင်းပြင်း ရှိုက်ရှူနေရသော ကျွန်မ၏ အဆုတ်ထဲမှတစ်ဆင့် နှလုံးသားထဲ၊ ထိုမှတစ်ဆင့် သွေးကြောတွေထဲသို့ ပျံ့နှံ့ စီးဝင်သွားခဲ့ပါသည်။ သူ ကျွန်မအသားကို မထိခဲ့ပါ။ ကျွန်မ၏ ဝေါ့လ်ကင်းရှူးနှင့် ဖိနပ်ကြိုးကိုသာ သူထိခဲ့ပါသည်။ သို့သော် သူ့လက်မှ ပူနွေးမှုသည် ဖိနပ်ကြိုးထဲမှတစ်ဆင့်၊ ခြေအိတ်မှတစ်ဆင့် ကျွန်မကိုယ်ခန္ဓာထဲသို့ ဖြည်းညင်းစွာ ၀င်ရောက်သွားခဲ့သည်။ အဲသည်အခါကျမှ ပြာဝေမှု သက်သာသွားသော မျက်လုံးများဖြင့် သူ့လက်ကို ကျွန်မ ကြည့်မိသည်။ ကြီးမားသော၊ သွယ်ရှည်သော လက်တွေ…။ ဖိနပ်ကြိုးကို ဖျတ်လတ်သွက်လက်စွာ၊ ထို့ပြင် လှပစွာ ချည်ပြီးသွားသော လက်တွေ။
“ကဲ.. ရပြီ၊ နင် မူးနေသေးလား”
ကျွန်မ ခေါင်းမညိတ်ရသေးမီ သူက စပို့ရှပ်အိတ်ထဲမှ ချိုချဉ်တစ်လုံး ထုတ်ပေးသည်။
“ရော့.. ဒါကိုစားလိုက်၊ ဒီနားမှာပဲ ထိုင်နေခဲ့၊ ငါတို့ပြန်လာမှ အတူလိုက်ပြန်.. ဟုတ်ပြီလား”
သူ့ချိုချဉ်သည် သာမန် အ၀ါရောင်ချိုချဉ်တစ်လုံးသာ ဖြစ်သည်။ ထုပ်ပိုးထားသည့် ပလတ်စတစ်စမှာလည်း အသည်းပုံတွေ ဘာတွေမပါ။ သို့သော် သူ့အင်္ကျီအိတ်ကပ်ထဲက ချိုချဉ်၊ သူ့နှလုံးသားနှင့် ထိကပ်စွာ ပူနွေးနေသော ချိုချဉ်၊ ကျွန်မစားဖူးသမျှ ချိုချဉ်အားလုံးထဲတွင် သူ့ချိုချဉ်က အာဟာရအပြည့်ဆုံး၊ အမူးအပြေဆုံး ဖြစ်ပါသည်။
အဲသည်ချိုချဉ်ခွံကလေး ယခုအချိန်ထိ ကျွန်မမှာ ရှိပါသည်။
***
သူ့ကို ကျွန်မက 'ကောက်ကောက်' ဟု ချစ်စနိုးခေါ်ပါသည်။ ဆံပင်လေးတွေ ဖွာကောက်နေတာကြောင့်၊ ကျွန်မအပေါ် ခဏခဏ စိတ်ကောက်တတ်တာကြောင့်၊ နောက်ပြီး သူ့နာမည်ရင်းကို ကျွန်မ မကြိုက်တာကြောင့် ဖြစ်ပါသည်။ (သူ့နာမည်က ခပ်တုံးတုံးနာမည်ဖြစ်သည်။ သူ့မိဘတွေသည် ဒီလောက် ရင်ခုန်စရာကောင်းသည့်၊ ကြမ်းတမ်းသွက်လက်စွာ ခေတ်မီသည့် သားကို နည်းနည်းမျှ ရင်ခုန်ချင်စရာမကောင်းသည့် ခပ်တုံးတုံးနာမည်ကြီး ပေးမှ ပေးရက်လေခြင်း။)
သူ့မှာ စတိုင်ဘောင်းဘီ သုံးထည်၊ ဂျင်းဘောင်းဘီ နှစ်ထည်နှင့် ပုဆိုးသုံးထည်ရှိပါသည်။ အဲဒါတွေအားလုံး သူရသည့် လခနှင့် ၀ယ်ထားခြင်းဖြစ်ပါသည်။ သူသည် အင်းစိန် စက်မှုသိပ္ပံမှ ဆင်းသော လျှပ်စစ်အင်ဂျင်နီယာ ပေါက်စလေး ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါသည်။ တနင်္ဂနွေတစ်ရက်ပဲ ရက်အားရသဖြင့် ကျွန်မနှင့် သူသည် တနင်္ဂနွေ နေ့လည်တွေမှာပဲ အေးအေးဆေးဆေး တွေ့ရတတ်ပါသည်။ တစ်ခါတစ်ခါမှာတော့ ကျွန်မအလုပ်လုပ်ရာ မိတ္ထူကူးဆိုင်သို့ သူလာပြီး စာရွက်တွေ မိတ္ထူကူးတတ်ပါသည်။ အဲသည်အခါမျိုးမှာ စက္ကန့်ပိုင်းလောက် စကားပြောရတတ်ပါသည်။ ထိုအချိန်များအား 'ကျွန်မတို့အတွက် အပိုဆုကြေးလေးတွေ…' ဟု သူက ခေါ်ပါသည်။
Bonus ဟူသော အသုံးအနှုန်းသည် အလုပ်ထဲမှ အသုံးအနှုန်းဖြစ်သော်လည်း ကျွန်မတို့ အချစ်ထဲသို့ သူက ဆွဲယူလာတတ်သည်။ သူနှင့်ကျွန်မ လမ်းခွဲခါနီးတိုင်း 'ငါ့ကို ဘောနပ်စ်လေး ပေးခဲ့ပါဦးဟာ' ဟု သူ တောင်းတတ်သည်။ သူတောင်းသည့် အပိုဆုကြေးမှာ ငွေ မဟုတ်ပါ။ ထွေပြားဆန်းကြယ်သည့် နှုတ်ခမ်းတစ်ခုလည်း မဟုတ်ပါ။ ကျွန်မ၏ လက်သန်းနှင့် သူ့လက်သန်းချိတ်ယူကာ လက်သီလေးတွေ ဆုတ်လျက် ကျွန်မ သူ့လက်ခုံကို လှစ်ခနဲ နမ်းလိုက်သည့် နွေးထွေးမှုတစ်ခုသာ ဖြစ်တတ်သည်။ အဲဒါကို သူသည် မင်းသမီးလေး၏ ပန်းကုံးစွပ်ခံလိုက်ရသော လူဆင်းရဲကလေးတစ်ယောက်လိုပင် ကျေနပ်ကြည်နူးစွာ ခံယူတတ်ပါသည်။
တစ်ခါတစ်ခါ သူတောင်းဆိုသည့် အပိုဆုကြေး ရယ်စရာကောင်း၏။
ကျွန်မကို သူက နှုတ်ခမ်းဆိုးဆေးတောင့် (ဈေးသိပ်မကြီးသည့်) တစ်ခု ၀ယ်ပေးပြီး သူ့ရှေ့မှာပဲ ဆိုးခိုင်းသည်။ နှုတ်လမ်းဆိုးဆေး ဆိုသည့်အခါ နှုတ်ခမ်းပေါ်မှာ အရောင်စွဲ၍ တင်ကျန်ရစ်စေရန် ကျွန်မက စက္ကူလက်ကိုင်ပ၀ါခေါက်လေးကို ငုံပြီး ဖိနှိပ်ပစ်လျက် နှစ်ထပ်သုံးထပ် ပြန်ဆိုးလေ့ရှိတာ သူသိထားသောကြောင့် ဖြစ်ပါသည်။ သူ့နှုတ်ခမ်းနီကို သုံးကြိမ် စက္ကူဖြင့် ဖိပြီး လေးကြိမ်မြောက် ဆိုးပြီးသွားသည့်အခါ စက္ကူလက်ကိုင်ပ၀ါလေးပေါ်၌ နှုတ်ခမ်းရာသုံးခု ထင်နေခဲ့ပြီးပြီ ဖြစ်ပါ၏။ ထိုစက္ကူလက်ကိုင်ပ၀ါလေးကို သူက ကျွန်မဆီမှ တောင်းယူပါသည်။
ပထမဆုံးအကြိမ် သူတောင်းတုန်းက ကျွန်မ မပေးချင်ခဲ့ပါ။
'ဟင်.. ဘာလုပ်ဖို့လဲ' ဟု ကျွန်မမေးတော့ သူက ကျယ်ပြန့်စွာ ပြုံးရယ်လျက် 'ဘာလုပ်လုပ်ပေါ့' ဟု ဖြေခဲ့သည်။ သူသည် အမြဲတမ်းတော့ အပိုဆုကြေး တောင်းတတ်သူ မဟုတ်ပါ။ ဒါကြောင့် ကျွန်မ သူ့ကို စက္ကူလက်ကိုင်ပ၀ါလေး ပေးလိုက်ပါသည်။
ထိုစက္ကူလက်ကိုင်ပ၀ါလေးကို ရင်ဘတ်ပေါ်မှာတင်ပြီး အိပ်သည်ဟု နောက်ထပ်ဆုံမှ သူပြော၏။ နောက်ပြီး ကျွန်မ မမေးဘဲနှင့် သူ့ဟာသူ မလုံမလဲနှင့် 'အင်းလေ.. ရင်ဘတ်ပေါ်တင်ပြီး အိပ်ရုံတော့လဲ မကဘူးပေါ့ဟာ' ဟု ခပ်မှုန်မှုန်ပြုံးလျက် ဖွင့်ဟ၀န်ခံပါသည်။
**
ကျွန်မနှင့်သူသည် တစ်ယောက်ကိုတစ်ယောက် ချုပ်ချယ်မှုတွေ တောင်းဆိုမှုတွေ ဘာတစ်ခုမှ မပြုလုပ်ကြပါ။ သူ စီးကရက်သောက်တတ်တာကို ကျွန်မမြင်ဖူးပါသည်။ စီးကရက်ကို ကျွန်မ မကြိုက်ပါ။ သူသောက်နေတာကိုလည်း မကြိုက်ပါ။ သို့သော် ကျွန်မသူ့အား ဘာမှမတောင်းဆိုခဲ့ပါ။ စကားပြောရင်း အဆင်မပြေဖြစ်လို့ စိတ်တို စိတ်ကောက်ရတာတွေလောက်ပဲ တစ်ယောက်ကိုတစ်ယောက် ခွင့်ပြုထားခဲ့ကြသည်။
သူနှင့်ကျွန်မ အစကတည်းက အပေးအယူတစ်ခု လုပ်ထားကြသောကြောင့် ဖြစ်ပါသည်။
“နင့်ဘ၀ထဲ ငါ့ကို ဆွဲမခေါ်နဲ့၊ ငါလဲ နင့်ကို ငါ့ဘ၀ထဲ ဆွဲမခေါ်ဘူး၊ နင်သဘောတူလား၊ သဘောတူရင် နင်အလုပ်ပြန်တဲ့အချိန်ထိ ငါစောင့်ပြီး အိမ်ပြန်ပေးမယ်”
“သဘောတူတယ်၊ နင်လဲ ငါ့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ မချုပ်ချယ်နဲ့”
“အေး.. မချုပ်ချယ်ဘူး”
သူ့ရုံးက လမ်း ၅၀ မှာ၊ ကျွန်မဆိုင်က ဆိပ်ကမ်းသာလမ်းမှာ၊ သူ့ရုံးက ခုနစ်နာရီမှာဆင်းပြီး ကျွန်မရုံးက ရှစ်နာရီမှာဆင်းသည်။ ထိုအခါ သူက ရုံးဆင်းလျှင် ကျွန်မဆိုင်နားက လက်ဖက်ရည်ဆိုင်မှာ တစ်နာရီတိတိ ထိုင်စောင့်ပြီး အပြန်ကိုစောင့်၍ ဘတ်စ်ကားအတူ စီးကြပါသည်။
သူက မောင်နှမသုံးယောက်တွင် အကြီးဆုံး။ လခနှစ်သောင်းကျပ်ရသည်ကို မိဘအား တစ်သောင်းခွဲအပ်သည်ဟု သူပြောပါသည်။
ကျွန်မတို့သည် ဘတ်စ်ကား ကျပ်ညပ်နေလျှင် တစ်ယောက်ကို တစ်ယောက် စကားပင်မပြောနိုင်အောင် စိတ်ညစ်နေကြသည်။ ဘတ်စ်ကားချောင်လျှင်တော့ စကားပြောကြပါသည်။ သူ ကြည့်ပြီးသည့် ရုပ်ရှင်များအကြောင်း၊ သူဖတ်ပြီးသည့် မဂ္ဂဇင်းများအကြောင်းလည်း ပါသည်။ သူ့ညီလေး ခွေးကိုက်ခံရလို့ ခွေးရူးကာကွယ်ဆေး သွားထိုးရသည့်အကြောင်း၊ သူ့အမေ သွားကိုက်လို့ သွားဆရာဝန် သွားပြသည့်အကြောင်း စသည်စသည် မိသားစုအရေးတွေလည်း ပါသည်။ ကျွန်မ၏ ထီးကလေး နွမ်းနေပြီဖြစ်၍ ထီးအသစ်ကလေး ၀ယ်ပေးချင်သည့်အကြောင်းလည်း ပါသည်။ ကျွန်မကလည်း ကျွန်မတို့ မောင်နှမတွေ တရုတ်ကားနှင့် ဘောလုံးပွဲ လုပြီး ရန်ဖြစ်ကြသည့်အကြောင်း၊ မနက်စောစော အမေမနိုးသဖြင့် ကျွန်မ ဟင်းထချက်တာ ဟင်းအိုးတူးသွားသည့်အကြောင်း၊ ရုပ်မြင်သံကြား ကြော်ငြာအသစ်တွေအကြောင်း ပြောပြတတ်ပါသည်။ သူ့ကျောပိုးအိတ်ကလေး နွမ်းစုတ်နေသဖြင့် ကျောပိုးအိတ်အသစ်ကလေးတစ်ခု ၀ယ်ပေးချင်လို့ တစ်လမှာ နှစ်ရာကျပ် စုထားသည့်အကြောင်း ပြောပြနေတတ်ပါသည်။
သို့သော် ကျွန်မတို့ ပြောသည့် အကြောင်းများတွင် အချစ်အကြောင်း မပါဝင်ခဲ့။ ယောက်ျားနှင့်မိန်းမတို့၏ လိုအင်ဆန္ဒများ အကြောင်း မပါဝင်ခဲ့။ မာနတွေ၊ မခံချင်စိတ်တွေ မပါဝင်ခဲ့။
ကျွန်မဘေးမှာ သူထိုင်နေလျှင် ကျွန်မ၏ ညအိမ်အပြန်ခရီး လုံခြုံချောမွေ့နေသည်ဟု ခံစားရသည်။ သူ့ဆံပင် ဖွာဖွာလိမ်လိမ်လေးတွေက ကျွန်မနဖူးမှာ နားရွက်မှာ လာထိလျှင်၊ သူ့လက်မောင်းနှင့် ကျွန်မပခုံး ထိမိလျှင် နွေးထွေးသော ချိုမြိန်မှုကို ကျွန်မ ခံစားရသည်။ တစ်ခါ တစ်ခါ သူ မရိပ်မိအောင် သူ့လက်မောင်းမှာ တစ်စက္ကန့် နှစ်စက္ကန့်လောက် ပါးအပ်ပြီး အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ရလျှင် သူ့နှလုံးသွေးတွေက ကျွန်မကိုယ်ထဲသို့ ပေါင်းစပ်စီးဝင်သွားသလို အချစ်အရသာကို ကျွန်မ ကျေနပ်စွာ ရလိုက်သည်။
ကျွန်မ သူ့ကို စကားပြောရင်း တစ်ခါတစ်ခါ စကားဖြတ်လျက် သူ့ကို ငေးမောမိသွား၏။ သူက 'ဘာကြည့်တာလဲ' ဟု ပြုံးမေးတတ်သည်။
“နင်ကလေ.. တစ်ခါ တစ်ခါကျတော့..” ကျွန်မ ပြောချင်သည့် စကားကို မပြောတော့ဘဲ ဘာမှမဟုတ်ပါဘူးဟု ရယ်ပစ်လိုက်လျှင် 'သိပ်ချစ်စရာကောင်းတာပဲလို့ ပြောမလို့မဟုတ်လား' ဟု သေချာသော အပြုံးမျိုးဖြင့် စတတ်၏။ 'ဟုတ်ပါဘူး၊ သိပ်ရုပ်ဆိုးတာပဲလို့ ပြောမလို့' ဟု ကျွန်မကဖြေလျှင် သူ ရယ်မောပါသည်။ 'မယုံပါဘူး' တဲ့။
**
ဒါကို အချစ်မဟုတ်ဘူးလို့ တချို့က ဝေဖန်ချင်ဝေဖန်ပါလိမ့်မည်။
အချစ်ဆိုတာ ဘာလဲဟု အတိအကျ အဓိပ္ပာယ်ဖော်နိုင်သူတွေကို ကျွန်မ တကယ်ချီးကျူးပါသည်။ ကျွန်မကတော့ အချစ်ဆိုတာကို အဓိပ္ပာယ် အတိအကျ မသိပါ။
အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းလား။ စွန့်လွှတ်ခြင်းလာား။ အချစ်ဆိုတာ ရင်ခုန်စွာ တပ်မက်ခြင်းလား။ စားသုံးပြီးသော်လည်း မ၀သည့် ချိုမြိန်သော ပျားရည်စက်တွေလား။ နက်ရှိုင်းစွာ တိုးဝင်ဖို့ ဆွဲဆောင်သည့် မွှေးပျံ့သော အမှောင်ထုတစ်ခုလား။ နေပူထဲက လာသူကို အရိပ်ထဲမှ ကြိုဆို၍ တိုက်သော အေးစိမ့်သည့် ရေတစ်ခွက်လား။
အဲဒါတွေ ကျွန်မ မပြောတတ်ပါ။
ကျွန်မသိသည့် ကျွန်မ၏အချစ်ကတော့ နူးညံ့ပျော့ပျောင်းသည့် ခွေလိပ်ဖွာလွင့်သော အညိုရင့်ရင့် ဆံပင်လေးများဖြစ်သည်။ ဟမ်ဘာဂါ၏ သုံးပုံတစ်ပုံလောက်ကို အလွယ်ကူ ငုံပြီး ကိုက်ယူနိုင်လောက်အောင် ကျယ်ပြန့်သော ပါးလှပ်သော နှုတ်ခမ်းတစ်စုံ ဖြစ်သည်။ အဲဗားရေမွှေးနံ့နှင့် ချွေးနံ့ ပေါင်းစပ်ပြီး ချိုမြစွာ မွှေးသည့် ရှပ်အင်္ကျီအိတ်ကပ်တစ်ခုဖြစ်သည်။ ပူနွေးစွာ မြဲမြံသည့် လက်ဖ၀ါးတစ်ခု ဖြစ်သည်။ ဂစ်တာဘေ့စ်သံလို ခိုင်မာစွာ ဆွဲဆောင်သည့် ၀ါဝါညက်ညက် အက်သည့် အသံတစ်ခုဖြစ်သည်။
အဲသည်အချစ်ကို ကျွန်မ ခံစားသိဖြင့် သိနေပါသည်။
ဒါကြောင့် အဲဒါ အချစ်ပဲ ဖြစ်သည်။
အချစ်တစ်ခု၏ ရည်မှန်းချက်သည် လက်ထပ်ခြင်းဟု ပြောလျှင် အဲသည်စကားကို ကျွန်မ လက်မခံပါ။ လက်ထပ်ခြင်းသည် အချစ်၏ သင်္ချိုင်းဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် အချစ်၏ အဆုံးသတ် ဇာတ်သိမ်းတစ်ခု ဖြစ်ချင်ဖြစ်မည်။ အချစ်၏ ခရီးဆုံးပန်းတိုင် ဖြစ်ချင်ဖြစ်မည်။ လက်ထပ်ခြင်းသည် ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ မှုန်ဝါးဝါး ဝေးကွာလှသည့် ရုပ်ပုံကားတစ်ချပ် ဖြစ်သည်။ ကျွန်မ စိတ်မ၀င်စားပါ။ ကျွန်မ စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်ခဲ့ပါ။
အချစ်တွင် တာဝန်ယူမှု၊ ကတိပြုမှု ပါသလား။ မပါပါ။
အချစ်တွင် အချစ်ပဲ ပါပါသည်။ လိုက်လျောမှု ပါဝင်သော်လည်း အဲဒါဟာ တာဝန်ကြောင့် လိုက်လျောတာမဟုတ်၊ အချစ်စိတ် သက်သက်ဖြင့် လိုက်လျောတာ ဖြစ်သည်။ မြတ်နိုးခြင်းသက်သက်ဖြင့် လိုက်လျောတာဖြစ်သည်။ စောင့်ရှောက်မှု ပါဝင်သော်လည်း အဲဒါက တာဝန်ကြောင့် ကတိကြောင့် စောင့်ရှောက်တာမဟုတ်။ အချစ်စိတ်သက်သက်ကြောင့် ယုယစိတ်သက်သက်ကြောင့် စောင့်ရှောက်တာပဲ ဖြစ်သည်။
အချစ်သည် နွားနို့တစ်ခွက်မဟုတ်၍ သိုးသွားမှာ ချဉ်သွားမှာကို မစိုးရိမ်ရပါ။ အချစ်ယောင်ဆောင်ထားသည့် မက်မောတွယ်တာမှုတွေကတော့ အချိန်လွန်လျှင် သိုးကုန်နိုင်ပါလိမ့်မည်။
ကျွန်မနှင့် သူ၏ အချစ်သည် ဘာနှင့်မှ ရောမနေသော အချစ်သက်သက်ဖြစ်သည်။ ထို့ကြောင့် ကျွန်မတို့ ဘာမှ ထပ်မလိုအပ်ပါ။ ကျွန်မတို့မှာ ရှိသော အချစ်သည် တစ်ယောက်ကိုတစ်ယောက် ပေးလို့ယူလို့လည်း မရ။ တစ်ယောက်ကိုတစ်ယောက် ခံစားလို့သာ ရပါသည်။ နီးလည်း သိပ်နီးမလာခဲ့။ ထို့ကြောင့် သိပ်ဝေးသွားမှာကိုလည်း မပူပင်ခဲ့ပါ။
**
သူက ကျွန်မကို 'နင် ဘာလိုချင်လဲ' ဟု ခဏခဏ မေးဖူးပါသည်။
'လခကောင်းတဲ့ အလုပ်တစ်ခု ရချင်တယ်' ဟု ကျွန်မက ဖြေတတ်ပါသည်။
'နင်ရော ဘာလိုချင်လဲ' ဟု ကျွန်မက သူ့ကို ပြန်မေးပါသည်။
'နင့်ကို အလုပ်သွား အလုပ်ပြန် ၀င်ခေါ်ပေးဖို့ ကားလေးတစ်စီး လိုချင်တယ်' ဟု သူဖြေပါသည်။
'ငါတို့တွေ မနက်စောစော လမ်းမလျှောက်ရတာ ကြာပြီနော်' ဟု သူက ပြောတော့..
'အခု မိုးကုန်တော့မှာပဲ၊ ဆောင်းရောက်ရင် ငါတို့ လမ်းလျှောက်ပြေးကြမယ်လေ' ဟု သူ့ကို ပြောမိပါသည်။
ကျပ်ညပ်နေသော ဘတ်စ်ကားပေါ်မှာမဟုတ်၊ ဆူညံနေသော လက်ဖက်ရည်ဆိုင်ထဲမှာမဟုတ်၊ ညအမှောင်မှာ ကသုတ်ကရက် အိမ်ပြန်ရသော လမ်းမှာမဟုတ်၊ နှင်းဖြင့် အေးစိမ့်သော ခြောက်သွေ့သော လတ်ဆတ်သော နံနက်ခင်းတစ်ခုမှာ ကျွန်မတို့ အေးအေးဆေးဆေး တွေ့ချင်သည်။ တစ်ယောက်ကို တစ်ယောက် လက်ချင်းထွေးဆုပ်ပြီး ပြေးချင်သည်။ ဖိနပ်ကြိုးချည်ပေးရင်း တစ်ယောက်မျက်နှာ တစ်ယောက် ငေးမောချင်သည်။
အချစ်အတွက် မျှော်လင့်ချက်တစ်ခုခု ရှိရမည်ဆိုလျှင် ကျွန်မ မျှော်လင့်တာက ဆောင်းနံနက်ခင်းတွေပဲ ဖြစ်ပါသည်။
~~~~~~~
ဂျူး
သက်တံရောင်စဉ်ဂျာနယ်၊ အမှတ်(၁)၊ အတွဲ(၁)

အက်ဆစ်တစ်ခွက်
လေချွန်သံ ခပ်သဲ့သဲ့သည် ဆောင်းလေးနှင့်အတူ တရုတ်ကတ်မှန်များအကြားမှ တိုးဝင်လာ၏။ ထိုအခါ နံရံရှိ တိုင်ကပ်နာရီကို အမှတ်မထင် မော့ကြည့်ရင်း မောင်ပြန်လာတာဟု လွှတ်ခနဲ တွေးမိသွား၏။ အို .. ငါ့နှလုံးသားထဲက မြတ်မြတ်နိုးနိုးခေါ်တဲ့ 'မောင်'ဆိုတဲ့ စကားဟာ သူနဲ့လုံးဝ မတန်ပါဘူး။ ဒါကို ခဏခဏ သတိထားစမ်းပါ။ ကြည့်စမ်းပါဦး၊ ည ၁၂ နာရီခွဲဆိုတာ ယောက်ျားတစ်ယောက် ဖောက်ပြန်ဖို့ အကောင်းဆုံးအချိန် ဖြစ်မှာပေါ့။ ထိုအခိုက်အတန့်မှာပင် ခြံဝန်းတံခါးနှင့် ဆက်သွယ်ထားသော နိုင်လွန်ကြိုး၏ လှုပ်ရှားမှုကြောင့် ဧည့်ခန်းမှာ ချိတ်ဆွဲထားသည့် သံစုံခေါင်းလောင်းကလေးများ အသံထွက်ပေါ်လာသည်။
ငါ .. သူ့ကို မျက်နှာချင်း ဆိုင်ရဦးမှာပါလား။
ဟိုတုန်းက မြတ်မြတ်နိုးနိုး ချစ်ခင်စုံမက်ခဲ့သော မျက်နှာသည် ယခုတော့ ခါးသီး နာကြည်းဖွယ်ရာ ဖြစ်လာခဲ့ပြီ။ သူ့မျက်လုံး သူ့နှုတ်ခမ်းတို့ကို ပူလောင်သော မုန်းတီးမှုနျင့် မြင်နေရဦးမည်။ အမှန်တော့ အခန်းထဲမှာ တံခါးပိတ်ပြီး နေဖို့ကောင်းတာပဲ၊ ခြံတံခါးကို သူမ ဖွင့်မပေးတော့တာ ကြာပြီ။ သူ့တပည့်ကလေး ဖွင့်ပေးနေကျဖြစ်သည်။ သို့စဉ်လျက် သူမသည် ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း၊ စာအုပ်တစ်ခုခုကို ဖတ်ရင်း သူအိမ်ပြန်ချိန် စောင့်ကြည့်နေကျ ဖြစ်သည်။
မုန်းတီးမှုများ ပြည့်လျှံလာသောအခါ မြေနှင့်ဖိနပ် ထိမိသော ခြေသံပင်လျှင် နာကြည်းဖွယ်ရာ ပါပဲလား။ သူသည် ၀တ္ထုစာအုပ်ကို ငုံ့ကြည့်နေသော်လည်း မျက်စိထောင့်မှ ရိပ်ခနဲ သူဝင်လာသည်ကို မြင်ရ၏။ အခါတိုင်း ရက်များကဲ့သို့ပင် သူ တိုက်အိမ် သံတံခါးကို အသံမြည်အောင် ကြမ်းတမ်းစွာ ဆွဲပိတ်၏။ မျှော်လင့်ထားသော အသံဖြစ်ပါလျက် ရုတ်တရက် ကျယ်လောင်သော တံခါးပိတ်သံကြောင့် သူမ ထိတ်ခနဲ ရင်ခုန်သွားသည်။
သူမအနီးမှ ဖြတ်လျှောက်သောအခါ သမံတလင်းပေါ် ရှူးဖိနပ်ရှပ်တိုက်သံမှာ လိုအပ်သည်ထက် ပိုမိုကျယ်လောင်နေ၏။ လှေကားခြေရင်းမှာ သူဖိနပ်ချွတ်ပြီး ဖိနပ်တို့ကို အုတ်နံရံသို့ ကန်ပေါက်ပစ်လိုက်သည်။ သူမ နှလုံးဆီမှ အောင့်သွား၏။ သူ လှေကားမှ တဒိုင်းဒိုင်းအသံမြည်အောင် ပြေးတက်သွားသည်။ နာရီစက်သံမှလွဲ၍ တိတ်ဆိတ် ငြိမ်သက်လွန်းသော ပတ်ဝန်းကျင်ကြောင့် သူ့ခြေသံမှာ အဆမတန် ပြင်းထန်နေသလို ရှိသည်။ သူဟာ နဂိုတည်းက ခြေသံကြမ်းတမ်းတာပါပဲလေ ဟု ဖော့တွေးသော်လည်းမရ။ ဒါ င့ါကိုနာကျည်းစိတ်တွေနဲ့ ရိုင်းစိုင်းသွားတာပဲ .. ဟု ထင်လာသည်။ ဘောင်းဘီဝတ်ထားသောကြောင့် ပုဆိုးခတ်သံကို ကျယ်လောင်စွာ မကြားရတာတစ်ခုကိုတော့ စိတ်သက်သာစေပါသည်။ ဒါတောင်မှ ပျဉ်ခင်း ကြမ်းပြင်ပေါ်မှာ သူလမ်းလျှောက်သွားသံ၊ သူမဦးခေါင်းအပေါ် တည့်တည့်ရှိ သူမတို့နှစ်ဦး၏ အခန်းဆီမှ သေတ္တာဖွင့်သံပိတ်သံ၊ ကြမ်းပြင်ပေါ်သို့ ခေါင်းဘီး (သို့မဟုတ်) ခါးပတ်တစ်စုံတစ်ခု လွတ်ကျသံ အသံမျိုးစုံကို ကြားနေရသည်။
ဤကဲ့သို့ စိတ်ညစ်ညူးမှုများဖြင့် ဘ၀တစ်သက်လုံး နေသွားရတော့မလား။ တွေးမိသောအခါ နာကျဉ်သောရင်သည် မွန်းကျပ်၍လာ၏။ နှစ်ယောက်တည်းရှိသော အိမ်တွင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြသောအခါ စိတ်ဆင်းရဲမှုကို ထွက်ပေါက်ရှာပေး၍ မတွေ့ဘဲ ဖြစ်နေသည်။ ပို၍ ဆိုးသည်မှာ သူမထံမှ ဘာအကြောင်းပြချက်ကိုမှ သူမရရှိခြင်းပင် ဖြစ်သည်။
သူသည် လေးငါးရက်ခန့်တော့ သူမကို လိုက်လံချော့မော့၍ အကြောင်းရင်းကို မေးမြန်းနေခဲ့သေးသည်။ ရုတ်တရက်ကြီး စကားမပြောတော့ဘဲ ရှောင်ဖယ်သွားသော သူမကို သူ တအံ့တသြကြီးဖြစ်နေခဲ့သည်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ အဖန်တလဲလဲ မေးရသောအမေးကို သူ စိတ်ကုန်သွားမှာ သေချာသည်။
သူမတို့နှစ်ဦး၏ နောက်ဆုံးနေ့ရက်မှာ ရုံးပိတ်ရက် တစ်ညနေဖြစ်သည်။
"နေစမ်းပါဦး၊ မင်းအနေနဲ့ ကိုယ့်ကို ဘာမှမပြောဘဲ ခုလိုစိတ်ကောက်ပစ်လိုက်ရင် တို့နှစ်ယောက်ကြားက ပြဿနာပြီးသွားပြီလို့ ယူဆသလား"
'စိတ်ကောက်' ဟူသောစကားကို သူမဘက်က မကျေနပ်သော်လည်း စကားတစ်ခွန်း ပြန်ပြောရမှာ ၇င်လေးနေသောကြောင့် အသာအယာ ငြိမ်သက်နေခဲ့သည်။
"ပြောစမ်း .. ပြောစမ်း"
စိတ်တိုတတ်သော သူ့ထုံးစံအတိုင်း သူမကို ဆွဲဆောင့်လှုပ်ယမ်း၍ မေးသောအခါလည်း အတတ်နိုင်ဆုံး မိမိနှုတ်ခမ်းတို့ကို ထိန်းချုပ်၍ မျက်ရည်မကျအောင် အားတင်းထားခဲ့သည်။ မျက်ရည်လုံးဝမကျစေရ။ သူကတော့ ၀မ်းနည်း၍ ကျသည့် မျက်ရည်ဟု ထင်လိမ့်မည်။ အသည်းနှလုံးထဲက ဦးနှောက်ထဲက စိမ့်၍ ထွက်သော ခါးသီးမုန်းတီးမှုသည်လည်း မျက်ရည်ကျစေတတ်ကြောင်း သူ သိမည်မထင်ပါ။
"အနည်းဆုံး မင်းကိုယ့်ကို ဘာလို့စကားမပြောချင်တော့တာလဲ ဆိုတာတော့ ပြောပြရမှာပေါ့၊ ကဲ .. မင်းစကားမပြောဘူးလို့ ဆုံးဖြတ်ထားတယ်ဆိုရင် စာနဲ့ရေးပြ၊ ဟုတ်လား"
သူမ ခေါင်းယမ်းခြင်းအမှုကိုပင် ပြုလုပ်မပြခဲ့သောအခါ သူအတော် စိတ်တိုသွား၏။ ထို့နောက် အတတ်နိုင်ဆုံး ချုပ်တည်းထားရသော သည်းခံစိတ်ရှည်မှုဖြင့် သူမရပ်နေသော ပြတင်းတံခါးဝတွင် အတူယှဉ်တွဲ၍ မတ်တတ်ရပ်လိုက်လေသည်။ သူမ၏ ပုခုံးနှစ်ဘက်ကို အနူးညံ့ဆုံး လှုပ်ရှားမှုဖြင့် ဖွဖွလေးကိုင်၍ သူမကို နမ်းရန် ကြိုးစားသည်။
"ချစ်ကလဲကွာ စိတ်လဲ တစ်ခါမှ မကောက်ဘူးပဲနဲ့၊ ဘာဖြစ်လို့ မောင့်ကို စိတ်ဆင်းရဲအောင် လုပ်ချင်ရတာလဲ၊ မောင်ငိုတာကို မြင်ချင်သလား၊ ဟုတ်လး၊ မောင့်အပေါ်မှာ ဘာမကျေနပ်တာရှိလဲ .. ပြော၊ ဘာလိုချင်လဲ ပြော၊ မပြောဘဲနဲ့ အဲဒီလို လုပ်နေရင် မောင်တို့နှစ်ယောက်လုံး စိတ်ဆင်းရဲရုံ ရှိမှာပေါ့"
သူ့ရင်ခွင်တွင်းသို့ ရောက်လုနီးပါး ဖြစ်နေသော ကိုယ်ခန္ဓာကို ဇွတ်ရုန်း၍ ထွက်လိုက်သည်။ ခါးသက်သော အရသာဖြင့် လက်ဖျားခြေဖျားများ အေးလာပြီး တရိပ်ရိပ်တက်လာသော ဒေါသငွေ့တို့ကို ထိန်းချုပ်မျိုချပစ်နေရသောအခါ ရင်မှာ အဆမတန် ဆို့နင့်နေသည်။ အင်မတန် ဟန်ဆောင်ကောင်းတဲ့လူ။ မိန်းကလေးတစ်ယောက် ယုံကြည်အောင် အင်မတန် အပြောကောင်းတဲ့လူ။ သူမတို့နှစ်ဦးအကြားရှိ ပြဿနာကို ဖွင့်ပြောစွပ်စွဲလိုက်လျှင် သူက လှပသောလိမ်လည်မှုများဖြင့် ချိုသာစွာ ငြင်းဆိုတော့မည်။ လက်ဖ၀ါးကို လက်ဖမိုးဖြစ်အောင်၊ လက်ဖမိုးကို လက်ဖ၀ါးဖြစ်အောင် ပြောတတ်လွန်းသော သူ့ချေပချက်များဖြင့် သူ့အပြစ်တို့ကို လှပအောင် တန်ဆာဆင်လိမ့်ဦးမည်။
"မဟုတ်ဘူးလေ၊ ကိုယ့်ကိုစိတ်ကောက်တယ်ဆိုရင်လဲ ကိုယ်ဟာ ဘာအပြစ်နဲ့ တရားစွဲခံသင့်တယ်ဆိုတာတော့ ပြောပြပါဦး၊ အခု ကိုယ့်အဖြစ်က ဘာမှန်းညာမှန်းမသိရ၊ နေစမ်းပါဦး၊ အခုကိစ္စက ကိုယ့်အလုပ်နဲ့ဆိုင်သလား၊ ကိုယ့်အပေါင်းအသင်းနဲ့ ဆိုင်သလား၊ ဒါမှမဟုတ် ငွေကြေးနဲ့ ဆိုင်သလား"
ချစ်ခြင်းမေတ္တာနဲ့ ဆိုင်တာ .. ဟုသာ စိတ်ထဲကသာ ပြောမိသည်။ သူမရင်ထဲမှာ တလှပ်လှပ် မူးနောက်လာ၏။ ဖယ်စမ်းပါ။ ယခင်က သူမတိမ်းမူးခဲ့ရသော သူ့ကိုယ်နံ့သည် ယခုအချိန်တွင် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်ရာ အတိ ဖြစ်လာခဲ့၏။ ကျွန်မကိုမထိနဲ့ဟူသော စကားကို ပြောပစ်လိုက်ဖို့ပင်လျှင် မိမိနှုတ်ခမ်းကို နှမြောနေသည်။ တကယ်တော့ ကျွန်မဟာ အလှည့်စားခံလိုက်ရတာပဲ။ ကျွန်မရဲ့ ချစ်တတ်တဲ့ စိတ်ကို ရှင်က လှည့်စားပြီး ယူလိုက်တာပဲ မဟုတ်လား။
ကြည့်စမ်းပါဦး။ သူမ တစ်နှစ်တိတိ လိမ်ညာခံခဲ့ရတာပါလား။ သူတို့နှစ်ယောက်က ငါ့ကို ဟားတိုက်ရယ်နေကြမှာပေါ့။ စီမံကိန်းတွေ အထပ်ထပ် ချထားတဲ့ ဇာတ်ကွက်တစ်ခုထဲမှာ ငါဟာ သူတို့ကြိုးဆွဲရာ ပျော်ပျော်ရွှင်ရွှင် က နေခဲ့တဲ့ အရုပ်တစ်ခုပေါ့။ သူမကို သင်္ချာတစ်ပုဒ်ပမာ သူတို့ တွက်ချက်အောင်မြင်ခဲ့သည်။
သူမ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့သောအခါ တစ်ချက်နှစ်ချက် ရှိုက်ငင်၍ မျက်ရည်များ လိမ့်ဆင်းကျသွားတော့သည်။ သူ့ထံမှ ပင့်သက်ရှိုက်သံကို သဲကွဲစွာ ကြားလိုက်ရလေသည်။
"ပြောပြမှပေါ့ကွာ၊ အခုလို ငိုနေတော့ အချစ်ပဲ ပင်ပန်းမှာပဲ၊ လျှော့လိုက်ပါ၊ နည်းနည်းလေးဖြစ်ဖြစ် လျှော့လိုက်စမ်းပါ မိုးရယ်"
သူက သူမပါးပြင်ပေါ်မှ မျက်ရည်တို့ကို အသာအယာလေး ဖယ်ရှားပေးသည်။ ရှည်လျားနွေးထွေးသော သူ့လက်ချောင်းများ၏ ပွတ်သပ်မှုကို ဟိုတုန်းကတော့ သူမနှလုံးသားထဲမှ မူးယစ်သွားအောင် တမ်းမက်ခဲ့ဖူးသည်။ ယခုအချိန်တွင် သူ့လက်များကို ပုတ်ထုတ်ဖယ်ပစ်လိုက်ရင်း အော်ဂလီဆန်လာသည်။ သွား .. ငါ့အသားနဲ့ ထိဖို့အထိ မသန့်ရှင်းဘူး။ ခါးသီးသော ခံစားမှုဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။
"မငိုနဲ့မိုးရယ်၊ လာ .. ခဏလေး ခုတင်ပေါ်မှာ လှဲအိပ်လိုက်၊ နည်းနည်း နားလိုက်ပါဦး၊ တော်ကြာ မိုးဗိုက်ထဲက မောင့်သားလေး မျက်လုံးတစ်အား ပြူးနေလိမ့်မယ် .. သိလား၊ မိုးငိုနေရင်လေ"
မောင့် သားလေး ..။
ထိန်းချုပ်ထားသော ခံစားမှုသည် စုပြုံ၍ ပေါက်ကွဲသွား၏။ သူမနားထဲမှာ ကျယ်လောင်သော ဆူညံသံဖြင့် တုန်ခါသွားသည်။ ပခုံးပေါ်မှ သူ့လက်ကို ဖယ်ထုတ်၍ အတတ်နိုင်ဆုံး ကြင်နာဟန်ဆောင်ထားသော သူ့မျက်နှာကို တစ်သက်လုံးမှတ်မိအောင် ကြည့်သလို ရွံရှာစက်ဆုပ်စွာ ကြာ့်လိုက်သေးသည်။ ထို့နောက် ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးသော ဒေါသစိတ်နှင့်အတူ သူ့မျက်နှာကို ရှိသမျှ အင်အားဖြင့် လွှဲရိုက်ပစ်လိုက်တော့သည်။ သူ့ပါးပြင်နှင့် သူ၏ လက်ဖ၀ါး ထိမိသံသည် ထင်ထားသည်ထက် ပိုမို ကျယ်လောင်နေသည်။
သူမကိုယ်သူမ ဤမျှလုပ်ရဲလိမ့်မည်ဟု မထင်ခဲ့သောကြောင့် အံ့သြတကြီး ငြိမ်သက်သွားမိ၏။ သူ့မျက်နှာ အနည်းငယ်ယိုင်သွားပြီး တောက်တစ်ချက် ပြင်းစွာ ခေါက်လိုက်လေသည်။ ထို့နောက် ချက်ချင်း နီရဲလာသော ဒေါသမျက်နှာဖြင့် ..
'မင်းကွာ' ဟု တစ်ခွန်းသာ ရေရွတ်ပြီး သူမ၏ အဆိပ်လွှမ်းသော မျက်လုံးတို့ကို စိုက်ကြည့်နေသေးသည်။ ပြီးလျှင် သူမမျက်နှာကို လွှဲရိုက်ရန် လက်ကို ဒေါသတကြီးရွယ်ပြီးမှ ပြတင်းပေါက်မှ ပိတ်စေ့ထားသော တရုတ်ကပ်မှန်တို့ကိုသာ လက်သီးဖြင့် ထိုးခွဲချလိုက်လေသည်။ စူးရှ ကျယ်လောင်သော မှန်ကွဲသံနှင့်အတူ မှန်စသေးသေး အခွှန်ကလေးကြောင့် သူ့လက်ဖမိုးမှာ သွေးစီးကြောင်းတစ်ခု ဖြစ်သွားသည်ကို တုန်လှုပ်ခြင်း ကင်းမဲ့စွာ စိုက်ကြည့်နေလိုက်သည်။
"ဘာဖြစ်လို့ မင်းငါ့ကို စော်ကားတာလဲ၊ တော်ပြီ .. တော်ပြီ၊ ဒါ နောက်ဆုံး သည်းခံခြင်းပဲ မှတ်ထား၊ ငါ စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်ရရင်။ ကွာ .. သွားစမ်း၊ သွားစမ်း၊ မိုက်ရိုင်းတဲ့မိန်းမ"
ထို့နောက် သူမ၏ သေးကွေးသော ကိုယ်ခန္ဓာလေးကို ဆောင့်တွန်းခြင်း ခံလိုက်ရပြီး လွင့်ခနဲ ကြမ်းခင်းပေါ်သို့ လဲကျသွားခဲ့သည်။
ဤသည်မှာ သူမတို့နှစ်ယောက်၏ နောက်ဆုံး မျက်နှာချင်းဆိုင်ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် သူမကို တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိ၊ ချော့မော့ ဖျောင်းဖျခြင်းမရှိ။ မျက်လုံးချင်းပင် ဆုံကြည့်ခြင်းမရှိ။ တကယ့် သူစိမ်းတရံစာများသဖွယ် ရှောင်ဖယ်နေခဲ့ကြသည်။ သူမဘက်မှ တစ်ခုပိုသည်မှာ သူ့အပေါ်တွင် လက်စားချေခွင့်မရသေးသော ရန်သူတစ်ယောက်သဖွယ် တစ်စတစ်စ ပိုမို မုန်းတီးလာခြင်းဖြစ်သည်။ လက်စားချေ၇မည့် အခွင့်အရေးကို စောင့်နေရင်း မုန်းတီးမှုများကို ရနိုင်သမျှ စုဆောင်နေ၇သူဖြစ်သည်။
သူ ဘယ်လိုဖြစ်မှ ငါ စိတ်ချမ်းသာမှာပါလိမ့် .. သူ့ကို ပေးရမည့်အပြစ်တို့ကို တစ်ခုချင်းလိုက်၍ စဉ်းစားသည်။ သူမသည် မိန်းမသားတစ်ဦးမျှသာ ဖြစ်သောကြောင့် ဤမျှ လွယ်ကူလိမ့်မည်မဟုတ်ပါ။ အချိန်ဆိုသည်ကတော့ ရောက်လာမှာပါပဲ။ သူ့နှုတ်ခမ်းပေါ်က သကြားအုပ်ထားသော အဆိပ်များအတွက် အချိန်ရောက်လာရမည်။ သူတို့၏ ကြိုတင်စီစဉ်မှုများအတွက် အချိန်၊ သူမ ပေးအပ်ခဲ့ရသော အချစ်အတွက် အချိန်။ ငါ သူ့ကို ယုံခဲ့မိတယ်..။
ဤအကြောင်းအချက်သည် သူမအတွက် တစ်သက်လုံး ယူကျုံးမရ ဖြစ်သွားစေရန် လုံလောက်၏။ သူမ၏ လင်ယောက်ျားအပေါ်တွင် အထင်လွဲတတ်သော အလေ့အထ လုံးဝမရှိ။
သူမယောက်ျားသည် ငယ်ရွယ်စဉ်ကတည်းက ရည်းစားများစွာ ထားခဲ့ဖူးသည်။
သူ့ရည်းစားများ များပြားလွန်းသဖြင့် သူမမှတ်မိဖို့မဆိုထားနှင့် သူကိုယ်တိုင်ပင် တစ်ခါတစ်ရံ နာမည်စဉ်းစားမရအောင် မေ့လျော့တတ်သည်။ တစ်ခါတစ်ရံ သူမ သိထားသော သူ့ရည်းစားဟောင်း တစ်ယောက်တလေနှင့် သူမတို့ စုံတွဲ လမ်းမှာ ကြုံဆုံလျှင် သူအနေခက်လေမလား..ဟု သူ့ကို အရိပ်တကြည့်ကြည့် နေရာက..
"မောင် .. ဟိုမှာ မောင့်ကောင်မလေးမဟုတ်လား၊ နှုတ်ဆက်လိုက်ဦးလေ"ဟု သူမက စတင်လမ်းဖွင့်ပေးခဲ့သည်။
"မောင် .. အဲဒါ နံပါတ် ဘယ်လောက်လဲဟင်"ဟု သူမက မေးလျှင် ဟက်ဟက်ပက်ပက် ရယ်မော၍ 'ဘယ်မှတ်မိပါ့မလဲဟ' ဟု ပြန်ဖြေတတ်သည်။ 'နံပါတ်တစ်မဟုတ်တာတော့ သေချာတယ်ကွာ' ဟု နောက်ပြောင်တတ်ပါသည်။
"ဟေ့ နင့်ယောက်ျား ဟိုကောင်မလေးနဲ့ ရယ်လို့မောလို့ ငါတွေ့ခဲ့တယ်။ ပြန်ဆက်နေပြန်ပြီထင်တယ်"
စေတနာလိုလို၊ ကဲ့ရဲ့မှုလိုလို၊ သတိပေးမှုလိုလို သူမဆီ သတင်းပေါက်ကြားလာသောအခါလည်း သူမ အနေခက်ခြင်း သ၀န်တိုခြင်း မရှိခဲ့ပါ။ သူ့ကို မေးကြည့်ဖို့ဖြစ်စေ၊ စိတ်ကောက်ဖို့ဖြစ်စေ စိတ်ကူးတတ်သူမဟုတ်ပါ။
သူ့ဟာသူ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ ငါနဲ့သူနဲ့ တရားဝင် လင်မယားပဲ၊ ငါက သူ့ကို တရားဝင် ပိုင်ဆိုင်ပြီးသားပဲ၊ ငါ သူ့ရဲ့ တစ်ဦးတည်းသောမိန်းမ၊ တွေးလိုက်ရုံဖြင့် သူမကိုယ်သူမ ကျေနပ်နေခဲ့သည်။
တစ်ခါတစ်ရံ သူ့စာအုပ်သေတ္တာမှ စာအုပ်ရှာရင်းသောလည်းကောင်း၊ စာပွဲအံဆွဲများထဲမှ လက်သည်းညှပ်၊ ခေါင်းဘီး ရှာရင်းဖြင့်သော်လည်းကောင်း၊ ဟိုစဉ်က ရည်းစားစာများကို ပြန်တွေ့၍ ဖတ်ကြည့်ခဲ့ဖူးသည်။ အများအားဖြင့် ဟောင်းနွမ်းသော စာအိတ်များ၊ အနည်းငယ် ၀ါကျင်စပြုနေသော စာရွက်များ၊ ကလေးဆန်သော လက်ရေးများသာဖြစ်သည်။ တစ်ခါတစ်ရံ ဓာတ်ပုံများ တွေ့ရတတ်သည်။ လွန်ခဲ့သော ၁၀ နှစ် ၁၁ နှစ်ခန့်က ပုံများဖြစ်၍ ရိုးစင်းသော ဆံပင်ပုံစံ၊ အင်္ကျီပုံစံများသာဖြစ်သည်။ တစ်ခါတစ်ရံတော့ သူက စိတ်လိုလက်ရ ဒါက ဘယ်သူပေါ့၊ အခုသူက ဘယ်မြို့ကို ရောက်နေပြီ။ သူကတော့ ဒီမြို့မှာပဲ။ ဒါကတော့ ရှစ်တန်းတုန်းက ရည်းစားလေ .. စသည်ဖြင့် ရှင်းပြနေတတ်၏။
သူ့မျက်နှာမှ အပြုံးသည် အင်မတန် သန့်စင်သော အပြုံးဟု မှားယွင်းစွာ ထင်ခဲ့၏။ အင်းလေ .. အဲဒီမိန်းကလေးတွေနဲ့တော့ သူဟာ တကယ် သန့်စင်ခဲ့မှာပါပဲ။
သူမကို ချောက်ချားဖွယ်ရာ ပြဿနာတစ်ခုဆီသို့ တွန်းပို့ပေးသော စာများကိုတော့ ရည်းစားစာတွေ့နေကျ မဟုတ်သည့် နေရာမှ မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ ဤအကြောင်းကို တွေးမိလျှင် သူမသည် ရှက်စိတ်ဖြင့် မျက်နှာ ပူနွေးလိုက်၊ အံ့သြနာကျည်းစိတ်ဖြင့် နှုတ်ခမ်းဖျားများ အေးစက်လိုက်၊ အမျိုးမျိုးသော ခံစားချက်တို့ဖြင့် လှုပ်ခါခဲ့ရသည်။
ဘုရား .. ဘုရား .. သူတို့ငါ့အပေါ်မှာ ဘာဖြစ်လို့ ဒီလောက် ရက်စက်ကြပါလိမ့်။
သူမ ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့သော အားကစားပစ္စည်းများ ထည့်သည့် ထင်းရှူးသေတ္တာထဲမှာ မမျှော်လင့်သော စက္ကူထုပ်ကို တွေ့ခဲ့ရသည်။ သူ ငယ်စဉ်က ကိုင်တွယ်ခဲ့သော ကြက်တောင်ရိုက် ဘက်တ်မင်တံများ၊ တင်းနစ်ရိုက်တံများ၊ ဆုရခဲ့သော ငွေရုပ်တုကလေးများ၊ ဒိုင်းသေးသေးကလေးများ၊ ဤသေတ္တာကို အိမ်ထောင်ကျစက လှပ်မကြည့်ခဲ့သည့် ကိုယ့်ကိုယ်ကို ရှက်စိတ်ဖြင့် အပြစ်တင်မဆုံးတော့ချေ။
သူမ မမြင်ဖူးသော လက်ရေးအသစ်နှင့် စာအသစ်များကို အံ့သြစွာ တွေ့လိုက်ရသည်။
'ကိုကိုရေ..' ဟု ခေါင်းစီးတပ်ထားသော စာများမှာ သူမနှင့် အိမ်ထောင်မကျမီ နေ့စွဲများဖြစ်သည်။ ပထမတော့ သူမ တုန်လှုပ်ခြင်းမဖြစ်မိဘဲ သူ၏ များပြားလှစွာသော ရည်းစားများမှ တစ်ယောက် အပါအ၀င်အဖြစ် အနည်းငယ် ရယ်မောလုနီးပါး တွေးမိ၏။
ကြည့်စမ်း.. ငါနဲ့ လက်မထပ်ခင်မှာတောင် သူ ရည်းစားရအောင် ထားလိုက်သေးတယ်။ အဲဒီရက်တွေက ငါဘယ်ရောက်နေပါလိမ့်။ အို.. ငါက မန္တလေးမှာ ရောက်နေတာပဲ။ သူ့စာများအရ သူတို့နှစ်ဦး ရည်းစားဖြစ်သော နေ့စွဲမှာ သူမအား လက်ထပ်ခွင့်တောင်းသော နေ့စွဲနှင့် နှစ်နှစ်တိတိသာ ကွာသည်။ သူမ စိတ်မကောင်းမဖြစ်မိပါ။
ဒီနှစ်နှစ်မှာ ထုံးစံအတိုင်း ဒီကောင်မလေးနဲ့ တွဲမှာပေါ့၊ နောက် မကြာခင် ကွဲမှာပေါ့။ နောက်ဆုံးတော့ ငါ့ဆီ ပြန်ရောက်လာတာပဲ။ ဘာပဲဖြစ်ဖြစ် ငါဟာ သူ့ရဲ့ ငယ်ချစ်ပဲလေ။ သူမအနည်းငယ်ပင် ပျော်ရွှင်သွားပါသေးသည်။ သို့သော် သူမ၏ စိတ်နှလုံးကို ဆုတ်ညှစ်ခြေမွသော စာတစ်စောင်ကိုတော့ မမျှော်လင့်စွာ တွေ့လိုက်ရ၏။
'ထားအချစ် ကိုကို..' ဟု ခေါင်းစီးတပ်ထားသည်။
"ဒီစာကို ထားမရေးချင်ဘူး၊ ထားအပေါ်မှာ ကိုကို အထင်လွဲမှာ စိုးတယ်၊ ဒါပေမယ့် ထားအများကြီး စဉ်းစားပြီးမှ ၀မ်းနည်းခြင်းများစွာနဲ့ ရေးလိုက်ပါတယ် ကိုကို"
အမျှော်လင့်ကြီး မျှော်လင့်ပြီးမှ ဘာမျှ မရနိုင်တော့တဲ့ ကိုကို့ကို ထားသနားလိုက်တာ။ ကိုကို သိပ်လိုချင်တဲ့ သားလေးတစ်ယောက်လောက်ကိုမှ ထားမပေးနိုင်တဲ့ နောက်တော့ ထား ကိုကိုနဲ့ လက်မထပ်ရက်ဘူး။ ကိုကိုချစ်တာ ထားတစ်ယောက်တည်းပဲလို့ ထားယုံပါတယ်။ အဲဒီလိုပဲ ဟောဒီကမ္ဘာပေါ်မှာ ထားအချစ်ကလည်း ကိုကိုတစ်ယောက်တည်းပဲဆိုတာ ကိုကိုသိပါတယ်နော်။ ဒါပေမယ့် ထား ဒီတစ်သက် ကလေးမှ မရနိုင်တော့တာ ကိုကိုရယ်..။ ထားကိုယူရင် ကိုကိုရော ထားရော စိတ်ဆင်းရဲရမယ်။
'ထားကို ကိုကို ထားရစ်ခဲ့ပါတော့၊ ကိုကို့အတွက် အသင့်တော်ဆုံးဟာ မိုးဆိုတဲ့ မိန်းကလေးပဲ ဖြစ်မှာပါ။ လူကြီးတွေ သဘောတူတဲ့ မိုးကိုပဲ ကိုကိုလက်ထပ်ပါ။ ဒါပေမယ့် ထားဆီကို ကိုကို မကြာမကြာ လာပါနော်။ မိုးနဲ့ရမယ့် ကိုကို့သားတွေ သမီးတွေကိုလည်း ချစ်ပေါ့။ ထားကိုလည်း တစ်သက်လုံး ချစ်ရမယ်နော်..၊ ကိုကို သူ့ကိုလက်ထပ်လိုက်ပေမယ့် ကိုကို့အချစ်ကို ထားပိုင်ပြီးသားပဲ။ ထားကျေနပ်ပါတယ်။ အခုလိုပဲ ထားတို့ တွေ့နေကြရအောင်နော်..။
ဟိုတစ်နေ့က ကိုကိုတအားစိတ်ညစ်သွားတာ ထားသိပါတယ်။ ကိုကိုဘယ်လောက်ပဲ ညာညာ ကိုကို့မျက်နှာကို ထားအလွတ်ရပြီးသားပါ။ ထားကို နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့ကွယ်။ ထားအတွက်က ကိုကိုနဲ့ လက်ထပ်ရဖို့က အဓိကမဟုတ်ပါဘူး။ ကိုကို ထားကို တစ်သက်လုံး ချစ်ဖို့က..'
သူမ စာကိုပြီးအော် မဖတ်နိုင်တော့ဘဲ တင်းကျပ်သော ပူလောင်မှုများဖြင့် ယိမ်းယိုင်သွားခဲ့သည်။ နေ့စွဲမှာ သူမတို့လက်မထပ်မီ ငါးလခန့်အလိုဖြစ်၏။
"လူကြီးတွေ သဘောတူတဲ့.."
မြတ်စွာဘုရား..။ သူမသည် သူ့ကိုလက်တွဲဖို့အတွက် မိသားစုတစ်ခုလုံးကို တော်လှန်ပုန်ကန်ပြီး ရုန်းထွက်ခဲ့ရတာပါ။ ဘယ်သူပြောသလဲ။ လူကြီးတွေ သဘောတူတယ်လို့ .. ဘယ်သူပြောတာလဲ။ မောင်ဟာ ကျွန်မနဲ့ပတ်သက်လို့ သူ့ကို ဘာတွေ လိမ်ထားခဲ့ရသလဲ။ ဒါနဲ့ပဲ မောင်.. ကျွန်မကို ချစ်တယ်ဆို။ ဟိုး .. ငယ်ငယ်ကတည်းက ချစ်လွန်းလို့ အရိပ်တကြည့်ကြည့် နေခဲ့ရတဲ့ မိန်းကလေးပါဆို။ ဘုရားရေ.. ခုတော့ ကျွန်မကို မောင့်ချစ်သူရဲ့ သဘောတူညီချက်အရ..
သူမ၏ အမြင်အာရုံေ၀၀ါးသွားခဲ့သည်။ မျက်ရည်ကြောင့်လား။ ရှက်စိတ်ကြောင့်လား။ နာကြည်းထိတ်လန့်မှုကြောင့်လား။
သူ လက်ထပ်ခွင့်တောင်းစဉ်က ဟန်မဆောင်ချင်တော့သော သူမသည် အနည်းငယ်မျှ တင်းမထားခဲ့တာ သေချာပါသည်။ သူမသည် ငြင်းပယ်ရမည်ဟု လုံးဝ သတိမရခဲ့ပါ။ 'မောင်' ဟု တိတ်တခိုး မြတ်နိုးစွာ ခေါ်ကြည့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်အတိုင်း သူမအလွယ်တကူ ခေါင်းညိတ်မိခဲ့၏။ ယခုပြန်တွေးမိလျှင် ယခု ရှက်စိတ်ဖြင့် မျက်စိပိတ်ပစ်လိုက်မိ၏။
ငါဘယ်လောက် သူ့ကို အရူးအမူး လိုအပ်ခဲ့သလဲ။ ငါ့အပေါ်မှာ သူရက်ရက်စက်စက် ချိုသာခဲ့တယ်။ သူတို့နှစ်ယောက် ငါ့ကွယ်ရာမှာ ရယ်မောနေခဲ့ကြမယ်။ ငါကတော့ သူ့အတွက် ကလေးမွေးပေးရမယ့် စက်ရုပ်တစ်ခုပဲပေါ့။
သူမ လုံးဝ ကလေးမချစ်တတ်ပါ။ အလောတကြီး ကလေးယူရန်လည်း စိတ်မပါခဲ့ပါ။
"မိုးရယ် .. မောင်နဲ့ သိပ်တူတဲ့ သားလေးတစ်ယောက်တော့ မောင့်ကို အလျင်ပေးထားပါ၊ ဒီကောင့်ကို သွားလေရာမှာ ခေါ်သွားမယ်၊ စက်ဘီးရှေ့မှာ တင်ခေါ်သွားမယ်၊ လက်ဖက်ရည်ဆိုင်ခေါ် .. သူစားချင်သမျှ လက်ညှိုးထိုးသမျှ မုန့်ကျွေးမယ်၊ သူမငိုငိုအောင် စမယ်။ ကိုယ်တို့သားလေးက သိပ်တော်ရမယ်။ ဆိုးချင်ဆိုးပါစေ၊ နောက်ပြီး မောင်နဲ့လည်း သိပ်တူမှာ၊ သားလေးကို တအားနမ်းပစ်ရရင် မောင် သိပ်ပျော်မှာပဲ၊ မိုးစဉ်းစားကြည့်စမ်း၊ သားက အဖေ.. လို့ အားကိုးတကြီး ခေါ်မယ့်အသံကို မိုး စဉ်းစားကြည့်စမ်း၊ ဘယ်လောက် ကျေနပ်ဖို့ကောင်းလဲ"
ကလေးနှင့်ပတ်သက်၍ သူ အလွန် စိတ်ဝင်စားခဲ့သည်။ ဘယ်နေ့မှန်းမသိသော ကလေးအတွက် ကြိုတင်ပြင်ဆင်မှုများ အထပ်ထပ် ချထားရာမှာ မိုးမှာ ကိုယ်ဝန်ရှိနေပြီလားမသိဘူး .. ဟု အသိပေးလိုက်သောအခါ သူ့မှာ ကလေး၏ ရုပ်ကို ပုံဖော်၍ မပြီးနိုင်အောင် ရှိတော့သည်။ ကလေးအတွက် နာမည်ကို စဉ်းစား၍ မပြီးနိုင်အောင် ရှိတော့သည်။
သြော် .. သူ့ခများ ကလေး သိပ်ချစ်တတ်တာပါပဲလားဟု သနားကရုဏာဖြင့် သူမလိုက်လျောမိခဲ့သည့်ကို ပြန်၍ ရှက်မဆုံးတော့ပါ။
သူနှင့် ချစ်သူ၏ လျှို့ဝှက်ချက်ကို သူမ ကိုယ်ဝန်ခြောက်လရှိချိန်ကျမှ သိရတော့သည်။ ငါ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ။ သူမကိုယ်သူမ သတိပြန်ရလာသော အချိန်မှစ၍ သူမ၏ အတွေးများသည် တစ်မျိုးတည်းသည် ဖြစ်၏။ အခု ငါ ဘာလုပ်မလဲ..။
သူ့ကို စာတွေပြ၍ ရန်တွေ့ဖို့ လုံးဝ စိတ်မကူးခဲ့ပါ။ လှည့်ပတ်လိမ်ညာမှုတွင် တတ်စွမ်းသော သူသည် ၀န်ခံမှုတစ်ဝက်၊ မုသားတစ်ဝက်၊ အချိုတစ်ဝက်၊ အခါးတစ်ဝက် ရော၍ သူမကို နှစ်သိမ့်တော့မည်။ နှစ်ပေါင်းများစွာ တွယ်တာခဲ့သော သံယောဇဉ်မျက်နှာဖြင့် သူမကလည်း သူ့ဖြေသိမ့်ချက်များအပေါ် ယုံစားလိုက်မိမှာ စိုးသည်။ ဟင့်အင်း.. သူတို့ကို ငါမကျေဘူး ဘယ်တော့မှ မကျေဘူး။
သို့သော် သူမ ဘာတတ်နိုင်မည်နည်း။ ယခုအခါ သူသည် တစ်လတစ်ခါ နှစ်လတစ်ခါ ခရီးထွက်၍ (ခရီးထွက်ဟန်ဆောင်၍) သူ၏ မယားကြီးလည်းမဟုတ်၊ မယားငယ်လည်းမဟုတ်သော ချစ်သူမိန်းမထံ သွား၍ တွေ့နေခဲ့ပြီ။ ထို့နောက် သူမကွယ်ရာတွင် သူတို့နှစ်ဦး အတူနေထိုင်ကြမည်။ သူမ၏ ကိုယ်ဝန်အကြောင်း ဆွေးနွေးကြမည်။ သူမ မွေးဖွားလာမည့် ကလေးသည် ယောက်ျားလေးလား၊ မိန်းမကလေးလား အလောင်းအစားလုပ်ကြမည်။ ဖျော်ရည်ဖန်ခွက်များအကြား၊ စီးကရက်ငွေ့များအကြား၊ ထမင်းပန်းကန်များအကြား သူတို့ဆွေးနွေးသည့် ခေါင်းစဉ်မှာ 'သူမ' ဖြစ်ခဲ့မည်။ သစ်သီးများ၊ အနမ်းများ၊ ရယ်မောသံများနှင့် တွဲလျက် သူမအကြောင်း..၊ ကလေးအကြောင်း..။
သူတို့ မကြာခဏ ပြောကြမည်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်းပေါ့..
"ကိုယ့်မိန်းမက ကိုယ့်ကို သိပ်ချစ်တာကွ၊ အရမ်းအလိုလိုက်တာ၊ သနားစရာကောင်းအောင် အလိုလိုက်တာ"
"အံမာ.. ကိုကိုနော်၊ သနားရုံပဲသနား၊ ဒါထက်မပိုရဘူး ဒါပဲ"
"အိုး.. ဟောဒီ ကမ္ဘာလောကမှာ ထားကလွဲပြီး ဘယ်မိန်းကလေးကိုမှ.."
ဘုရား.. ဘုရား၊ ငါ ဘာလုပ်ရပါ့မလဲ။
သူမသည် ရှက်စိတ်၊ နာကြည်းစိတ်တို့ဖြင့် ကိုယ့်ကိုယ်ကို သတ်သေပစ်ရန်ပင် စိတ်ကူးလိုက်မိသေး။ မဖြစ်ပါဘူး။ ကလေးဟာ တော်တော်ကြီးနေပြီ။ သူ အပြင်ရောက်လာမယ်ဆိုရင် အသက်ရှင်နေနိုင်ပြီ။ မဖြစ်ဘူး။ အရေးအကြီးဆုံး အကြောင်းမှာ သူမ သေသွားဖို့ မဟုတ်ပါ။ သို့သော် သူမ၏ သားကလေး။ အို.. မတွေးနဲ့။ လူတစ်ယောက်မှာ သနားကရုဏာစိတ် နည်းနည်းလေး ရှိနေရင် ကိုယ်လုပ်ရမယ့် အလုပ်ကို ဘယ်မှာ ပြီးဆုံးအောင် လုပ်နိုင်မှာလဲ။
သူမသည် နေ့စဉ် နံနက်မိုးလင်းမှ ညအိပ်ရာဝင်အထိ အသိစိတ်ဓာတ်တစ်ခုတည်းဖြင့် အသက်ရှင် နေထိုင်ခဲ့သည်။ ထို အသိစိတ်ဓာတ်မှာ သူတို့ကို မှတ်လောက်သားလောက်အောင် မည်သို့ လက်စားချေမလဲဆိုသည့် အသိပင်ဖြစ်သည်။ သူ၏ ဇနီးဖြစ်နေသမျှ ကာလပတ်လုံးတော့ သူတို့ သူမထံမှ အင်မတန်လိုချင်သော ကလေးကို မရစေရ။ သူမ၏ ခိုင်မြဲသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ သူမ၏ စနက်တံများကို သူ့နှလုံးသားဆီမှာ ဖောက်ခွဲဖို့ ချိန်ကိုက်ချည်နှောင်ထားရမည်။
လှေကားမှ ခြေသံ အပြေးရောက်လာသောအခါ ပျံ့လွင့်နေခဲ့သော စိတ်အာရုံကို ကမန်းကတန်း စုယူပြီး ယခုအချိန်အထိ မဖတ်ဖြစ်သေးသော စာမျက်နှာကို အသံမြည်အောင် လှန်ပစ်လိုက်ရလေသည်။ သူမ တွေဝေ ငေးမောနေကြောင်း သူ မမြင်စေရပါ။ သူမသည် သူ့ကို မုန်းတီးစွာ ဖယ်ရှောင်ခြင်းမှတစ်ပါး အခြားသော ကိစ္စများတွင် သာမန်သာဖြစ်သည်ဟု မြင်စေချင်သည်။
ခြေညှပ်ဖိနပ် စီးလိုက်သံ၊ သူမနောက်နားဆီမှ ဖြတ်လျှောက်သွားသံ။ စာကြည့်ခန်းတံခါးကို ဆွဲဖွင့်ပြီး အသံမြည်အောင် ပြန်ပိတ်သွား၏။ သူ အိပ်ရာဝင်ဖို့ ပြင်တော့မည်။ စာကြည့်ခန်း သမံတလင်း တံမြက်စည်းလှည်းသံ ကြားရသည်။ ထို့နောက် တံမြက်စည်းကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်သံ၊ နှစ်ယောက်ထိုင် ဆိုဖာကို အ၀တ်ဖြင့် ကြမ်းတမ်းစွာ (သို့မဟုတ်) ဒေါသတကြီး ဖုန်ခါ လှည်းကျင်းသံ၊ ခေါင်းအုံးပစ်ချသံ၊ ထို့နောက် လေးပင် ကြမ်းရှစွာ ပစ်လှဲ အိပ်ပစ်လိုက်သည့်အသံ၊ သူ့ကို သူမ ကိုယ်ထိလက်ရောက် ရိုက်ပစ်လိုက်သည့်နေ့မှ စ၍ သူ့ခေါင်းအုံးနှင့် စောင်ကို အောက်ထပ် စာကြည့်ခန်းထဲ ရွှေ့သွားခဲ့သည်မှာ ယခုဆိုလျှင် ၇က်ပေါင်း ၂၀ ကျော်ပြီ။
သည်လိုနှင့်ပင် သူမ ကလေးမွေးဖွားမည့် ရက် ရောက်လာတော့မလား။
အရာရာတွင် ပျော့ညံ့တွေဝေတတ်သော သူမသည် ကလေးမွေးပြီးလျှင် သူမတွေ့နိုင်မည့် တစ်နေရာရာ ပို့ပစ်လိုက်လျှင်လည်း ဖြစ်တာပဲဟု စဉ်းစားသေးသည်။ ဟင့်အင်း.. မဖြစ်သေးပါဘူး။ သူ့ကလေးကို သူတွေ့အောင် ရှာမှာပဲ။ မရရအောင် လုယူမှာပဲ။ သူမကို မေးမည်။ ရိုက်ပုတ် နှိပ်စက်မည်ကို ကြိုတင်သိနေသည်။ သူ ဒေါသတကြီး တက်ခေါက် ဆူပူလျှင်သော်လည်းကောင်း၊ ပခုံးနှစ်ဘက်ကို ဆုပ်ကိုင် ဆောင့်ယမ်းလျှင်သော်လည်းကောင်း နေစရာမရှိအာင် တုန်လှုပ်ကြောက်ရွံ့တတ်သော သူမသည် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မည်ကို စိတ်ကူးဖြင့်ပင် မခံစားဝံ့ချေ။
မဖြစ်ဘူး၊ မဖြစ်ဘူး၊ အဲဒီလိုမဖြစ်ပါဘူး။ ကဲ.. ဒါဖြင့်ရင် .. တွေးလိုက်ရုံမျှဖြင့် ရင်မှာ စူးနစ်စွာ နာကျင်သွားသည်။ သားရယ်..။ လွှတ်ခနဲ ၀င်ရောက်လာသော မြတ်နိုးမှုတစ်ခုကို သူမ တုန်လှုပ်စွာ ငြင်းပယ်လိုက်ပါ၏။ ငါ.. ဒီလောက်ထိ မရဲဝံ့ပါဘူး။ သို့မဟုတ် မရက်စက်ဝံ့ပါဘူး။
ကိုယ်ဝန်ဆောင် အင်္ကျီအောက်မှ အနည်းငယ် လှုပ်ရှားလာသော ကိုယ်ဝန်ကို စိတ်မှတ်မထင် ဖြည်းညင်းစွာ အုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။ တကယ်ကို .. သူမျှော်မှန်းထားသည့်အတိုင်း သားကလေးဖြစ်မှာပဲ။
သူ .. ဘယ်လောက် ပူပင်သောက ရောက်လေမလဲလေ။
သူမကိုယ်ဝန်စတည်ချိန်မှစ၍ သူမတို့အခန်းနံရံမှာ ကလေးပုံ ပိုစတာလှလှလေးများကို ချိတ်ဖို့ သူကြိုးစားခဲ့သည်။ ကလေးအနှီးအတွက် ပိတ်စများကို ကြိုတင် မ၀ယ်ကောင်းပါဘူးဟု သူမအတန်တန် သတိပေးလျက်နှင့် သူဝယ်သည်။ ကလေးအင်္ကျီပေါက်စကလေးများကို သူ ၀ယ် ၀ယ်လာသည်။
"မိုး .. ကိုယ်တို့ကောင်ကြီးအတွက် ဒီအင်္ကျီကလေးတွေက သေးများနေမလားဟင်"
"အိုး .."
နှစ်နှစ်ခြိုက်ခြိုက် ရယ်မော၍ သဘောကျခဲ့ဖူးပါသည်။
ပြန်စဉ်းစားမိလျှင် မုန်းတီးနာကြည်းမှု မဆိုသလောက် လျော့ပါးသွားသလို ခံစားရသည်။ ဤသည်မှာ သူမအတွက် ကောင်းသောလက္ခဏာမဟုတ်။ ဒါ သားလေးရဲ့ မျက်နှာကြောင့်ပါလေ..။ သားလေးကို မွေးဖွားပြီးလျှင်..။ သူမ ၇င်တွင်း၌ အေးစိမ့်သော နူးညံ့စိတ်မျှင်မျှင်ကလေး ရုတ်တရက် ထွင်းဖောက် ၀င်ရောက်လာပုံမှာ အင်အားပြင်းလှသည်။ ဖြစ်ခဲ့ပြီးသမျှ အစစအရာရာအတွက် သူမအားလုံး ခွင့်လွှတ်ကျေအေးပစ်လောက်အောင် သူမ၏ သားငယ်ကလေးက ခွန်အားကြီးမားလိမ့်မည်မှာ သံသယ၀င်ရန်မလို။
ကျေအေးရန်.. ဟင့်အင်း။ သူမ၏ ချစ်စဖွယ်သော သားကလေး၊ နူးညံ့နီရဲသော အသားအရည်ကလေးမှာ ပန်းပွင့်နုနုဖတ်ဖတ်ကလေးထက်ပင် နူးညံ့နေလိမ့်မည်။ သူမ၏ အသွေး၊ အသက်ဖြင့် ဖြစ်ပေါ်လာသော အပြစ်ကင်းစင်သည့် ကလေးပေါက်စနကလေး..။
သူမသည် ယောင်ယမ်း၍ မျက်စိအစုံ မှိတ်ပစ်လိုက်သည်။ မတွေးရဘူး၊ မတွေးနဲ့..။
သူမ အတန်တန်ငြင်းပါလျက် သားဖွားမီးယပ် အထူးကုဆရာဝန်မထံ သူ ဇွတ်ခေါ်၍ ကိုယ်ဝန်ကို အပ်နှံသည်။ ဆရာဝန်ချိန်းသည့်ရက်တိုင်း မပျက်မကွက် သူလိုက်ပို့ပေးနေကျ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်က ရက်ချိန်းစေ့သည်ကိုပင် သူမမေ့လျော့နေမည်စိုး၍ သူ လာသတိပေးခဲ့၏။ (ကလေးနှင့် ပတ်သက်လျှင် ခြွင်းချက်အဖြစ် သူ သတ်မှတ်လေသလား မပြောတတ်ပါ။)
"ဒီနေ့ညနေ ဆရာဝန်ဆီ သွားရမယ်၊ မေ့မနေနဲ့"
ထိုနေ့နံနက် အိမ်မှ မထွက်မီ အခန်းဝမှာ လာရပ်၍ ခပ်တည်တည်ပြောခဲ့စဉ်က သူမ ထိတ်ခနဲ ရင်ခုန်သွားသေးသည်။ သူမကိုယ်သူမ မကျေနပ်ဘဲ အပြစ်တင်မဆုံးတော့ချေ။ ငါ ဘာလို့ ရင်ခုန်တာလဲ၊ ငါဘာလို့ တုန်လှုပ်တာလဲ၊ အထပ်ထပ် ညည်းညူမိသည်။ ထိုနေ့က အခါတိုင်းကဲ့သို့ ညသန်းခေါင်အထိ မနေဘဲ ညနေဆေးခန်းအမီ သူပြန်လာခဲ့၏။
"သွား .. အ၀တ်လဲ၊ ဆေးခန်းသွားမယ်"
သူမ ငြင်းဆိုရန် တွေးလိုက်သော်လည်း ပြဿနာရှုပ်ထွေးကုန်မှာ စိုးရိမ်သည်။ မသွားလျှင် သူအော်ဟစ်ငေါက်ငမ်းမည်။ သို့မဟုတ် ရိုက်နှက်မည်။ သို့မဟုတ် ကြမ်းတမ်းစွာ ဆွဲခေါ်မည်။ သူ့အနေနှင့်တော့ ဆရာဝန်ဆီ သူမကိုရအောင် ခေါ်သွားမှာပဲ ဖြစ်သည်။ ဤအချက်ကို တွေးမိ၍ သူမ အလွယ်တကူ လိုက်သွားခဲ့ရသည်။
အို.. မေ့နေလိုက်တာ၊ မနက်ဖြန် ဆရာဝန်ချိန်းတဲ့ ရက်ပါပဲလား သူ.. သူမကို သတိပေးဦးမည်။ ဆေးခန်းသို့ လိုက်ပို့ဦးမည်။ ဟန်ဆောင်ထားသော ကြင်နာမှုမျိုး မဟုတ်သလို လူသူရှေ့တွင် သူမကို ကြင်နာယုယစွာ တွဲပွေ့ကျီစယ်ပြုံးဦးမည်။ သူ .. ဘုရားရေ .. မိန်းမတစ်ယောက်ဟာ လင်ယောက်ျားကို တစ်သက်လုံး မုန်းတီးနာကျည်းသွားဖို့ သိပ်များခက်ခဲနေလေမလား။ သူမ ဘယ့်နှယ်လုပ်ရပါ့မလဲ။
ရုတ်တရက် စိတ်လိုက်မာန်ပါ မတ်တတ်ရပ်လိုက်ပြီးမှ ယခင်ကလို ပေါ့ပါးသွက်လက်ခြင်းမရှိသော သူမကိုယ်ခန္ဓာကို သတိထားမိသွားသည်။ စာအုပ်ကို ပက်လက်ကုလားထိုင်ပေါ် ပစ်ချရန် စိတ်ကူးပြီးမှ အသာလေး ချထားလိုက်လေသည်။ သူမသည် လှေကားကို တစ်ထပ်တက်ပြီး လှေကားခြေရင်း အုတ်နံရံပေါ်က မီးခလုတ်ကို ပိတ်ပစ်လိုက်သည်။ လှေကားကို အသံမမြည်အောင် ဖြည်းညင်းစွာ တက်ရင်း မူးနောက်နောက် ခံစားရသည်။
လှေကားပေါ်က လိမ့်ကျလျှင် ကိုယ်ဝန်ပျက်ကျလေမလား။
အခန်းထဲ ၀င်လိုက်သောအခါ စားပွဲတင် မီးအုပ်ဆောင်းအောက်ခြေတွင် ဆေးပုလင်း သုံးလေးခုကို အသစ်တွေ့လိုက်ရသည်။ သူမ စားပွဲအနီးသို့ တိုးကပ်သွား၏။ ကိုယ်ဝန်ဆောင် အားတိုးဆေး၊ ဖောလစ်အက်စစ်၊ ဖြူရာမင်ဘီစီ။ သူမ တုန်လှုပ်သွား၏။ ဒါ .. ဒါတွေဟာ သူ့ကလေးအတွက်ပေါ့။ ရုတ်တရက် စိတ်မထိန်းနိုင်တော့ဘဲ ဆေးပုလင်းများကို လက်နှစ်ဘက်ဖြင့် စုပြုံယူလျက် အခန်းနံရံသို့ အရှိန်ပြင်းစွာ ပစ်ပေါက်ခွဲပစ်လိုက်တော့သည်။ အလွန်အမင်း တိတ်ဆိတ်နေသော ညသည် ပုလင်းကွဲသံ၊ ကြမ်းပြင်ပေါ်သို့ ဖန်ကွဲစများ လွင့်စင်သံဖြင့် စူးရှကျယ်လောင်သွား၏။
လှေကားမှ တဒိုင်းဒိုင်း ပြေးတက်လာသော ခြေသံကို ကြားရသည်ဟု အာရုံက ထင်လိုက်စဉ်မှာပင် အခန်းဝသို့ သူ မြန်ဆန်စွာ ရောက်လာလေသည်။
"မိုး .. မိုး"
မတ်မတ်ရပ်နေသော သူမနှင့် ခပ်ဝေးဝေး နံရံအနီး ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ပုလင်းကွဲများ၊ ဆေးလုံးများ၊ ဆေးပြားများကို အတန်ကြာအောင် သူ အထိတ်တလန့် ကြည့်နေသည်။ ထိုခဏ၌ အံ့သြစရာပင် သူမ၌ သူ့ကို ကြောက်စိတ် လုံးဝ မရှိချေ။ သူမ၏ မုန်းတီးစက်ဆုပ်မှုများသည် အငွေ့ထတော့မတတ် တရှိန်ရှိန် ပူလောင်လျက်ရှိသည်။ သူမ ရဲရဲဝံ့ဝံ့ ပြန်ကြည့်နေလိုက်သည်။ သူသည် လွှတ်ခနဲ တစ်ခုခု ညည်းညူရေရွတ်လိုက်သလား မသေချာပေ။ သူမအနားသို့ တိုးကပ်လာပြီး သူမမျက်နှာကို အဓိပ္ပါယ်ဖော်နေသည့်ပမာ အရောင်တောက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ ရိုက်လိုက်တော့မလားဟု စိုးရိမ်စိတ် အနည်းငယ် ၀င်မိပေမယ့် သူက လက်ဖြင့်ချိန်ရွယ်ခြင်းပင် မပြုလုပ်ခဲ့ပါ။ သူ့မျက်လုံးများမှ နားမလည်ခြင်းအရိပ်သည် တဖြည်းဖြည်း ဒေါသအဖြစ် ကူးပြောင်းသွား၏။ ထို့နောက် ခဏခြင်းပင် ဘာခံစားမှုမှ မရှိသော အေးစက်စက် မျက်နှာတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ နောက်တော့ သူစိမ်းတစ်ယောက်၏ မျက်နှာမျိုးဖြင့် ချာခနဲ လှည့်ထွက်သွားလေသည်။
###
ရီဝေမူးနောက်နေသော အာရုံဖြင့် မျက်လုံးစတင်ဖွင့်လျှင်ဖွင့်ချင်း သူမ ဘာမှ မမြင်ရပါ။ သူမကိုယ်သူမ ရှာဖွေတွေ့ရှိဖို့ကိုပင် မိနစ်ပေါင်းများစွာ၊ သို့မဟုတ် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ဦးခေါင်းတစ်ခုလုံး လေးပင် မူးယစ်လျက် ရှိ၏။ အိပ်ဆေးမိထာသည့် ခံစားမှုမျိုးများလား။ သူမအိပ်ဆေး အလွန်အကွှံသောက်မိလေသလား၊ သူမသည် အိပ်ဆေးပြား တစ်ပြား နှစ်ပြားမှ ပို၍ တစ်ကြိမ်တစ်ခါမျှ မသောက်ဖူးပါ။ (သေချာရဲ့လား..) သေချာပါသည်။ သူမ အိပ်ဆေး မသောက်ခဲ့ပါ။ ဒါဖြင့် ..
သူမ၏ ကိုယ်တွင်းတစ်နေရာမှာ မူလထက် ထူးထူးခြားခြား လှိုက်ဟာလျက်ရှိသည်။ တစ်စုံတစ်ခု ရုတ်တရက်ကြီး လစ်ဟာသွားသလို ခံစားရသည်။
သူမ ဘာဖြစ်ခဲ့သနည်း။
ပျံ့လွင့်ယိမ်းယိုင်နေသော အာရုံများကို ခက်ခက်ခဲခဲ စုစည်းနေစဉ် သူမ ရင်တလှပ်လှပ် တုန်လျက်ရှိ၏။ အမြင့်တစ်နေရာမှ သူမလွင့်ကျခဲ့လေသလား။ တောင်စောင်းတစ်ခုဆီမှ သို့မဟုတ် ၀ရန်တာစွန်းမှ မဖြစ်နိုင်ပါ။ သူမတို့ တိုက်အိမ်မှာ ၀ရန်တာမရှိပါ။
သူမ ဘာဖြစ်ခဲ့သနည်း..။
တစ်နေရာရာမှ တစ်ချက်ချင်း ထွက်ပေါ်နေသော အသံသဲ့သဲ့ကလေး တစ်ခုကို သူမကြားနေရသည်။ ဘယ်နားကပါလိမ့်။ တံစက်မြိတ်အစွန်းမှ နှင်းစက်တစ်ပေါက်ချင်းကျသည့် အသံမျိုး (သို့မဟုတ်) သောက်ရေအိုးစင် ရေခံခွက်ထဲသို့ စိမ့်၍ကျလာသော ရေစက်ရေပေါက်၏ အသံမျိုး (သို့မဟုတ်) ဘုရားရေ ခုတင်ကြမ်းခင်းမှ စိမ့်၍ သမံတလင်းပေါ်သို့ တစ်စက်ချင်းကျနေသော သွေးစက်ကျသံများလား ..
မူးဝေမှုန်ဝါးနေသော မျက်လုံးအစုံသည် မျက်နှာကြက်ပန်ကာကို အလျင်ဆုံး မြင်ရ၏။ ပန်ကာသည် ဖြည်းညင်းတိုးတိတ်စွာ လည်ပတ်နေသည်။ ဒါ ငါ့အခန်းများလား၊ သူမတို့အခန်းတွင် မျက်နှာကြက်ပန်ကာ မရှိပါ။ မျက်လုံး၏ အမြင် ဧရိယာအတွင်း ဖြူဖွေးဆွတ်သော အုတ်နံရံ ဖြူဖြူကိုသာ မြင်ရသည်။ အို .. သူမ ဆေးရုံရောက်နေသလား။ လောကတစ်ခုလုံး သူမတစ်ဦးတည်း ရှိသကဲ့သို့ တိတ်ဆိတ်နေသည်။
သူမ၏ ၀မ်းဗိုက်အောက်ပိုင်းဆီမှ အဆမတန် နာကျင်သော ဝေဒနာကို စူးစူးရဲရဲ ခွှန်မြစွာ ခံစားလိုက်ရလေသည်။ စုတ်သပ်ညည်းညူတော့မလို ဖြစ်သွားပြီးမှ သူမ အံကို ကြိတ်ထားလိုက်သည်။ ဖြန့်ထားသော လက်ဖ၀ါးများကို တင်းတင်းဆုပ်ပစ်လိုက်သောအခါ ဘယ်ဘက်လက် လက်ဖျံအပေါ်ပိုင်းဆီမှ ဆစ်ခနဲ နာကျင်သွား၏။ ခေါင်းငဲ့ကြည့်လိုက်မှပင် သူမလက်တွင် ပိုက်တန်းလန်းနှင့် အပ်ကြီးကြီးတစ်ခု သွင်းထားကြောင်း သိလိုက်ရသည်။ ထို့နောက် တိုင်မှာချိတ်ထားသော သွေးပုလင်း၊ တစက်ချင်းနှေးကွေးစွာ ကျဆင်းနေသော သွေးရည်များ ..။
တစ်နေရာမှ တံခါးတစ်ချပ် ပွင့်သွားသည်။
"ဟော .. ယူ့မိန်းမလေး နိုးနေပြီ"
ဤအသံမှာ သူစိမ်းတစ်ယောက်၏ အသံမဟုတ်ပါ။ အသံလာရာသို့ စောင်းငဲ့ကြည့်လိုက်သောအခါ သူမ၏ ဆရာဝန်နှင့်အတူ ယခုအချိန်တွင် သူမအမြင်တွေ့ချင်ဆုံးသော လင်ယောက်ျားအား တွေ့လိုက်ရလေသည်။ သွက်လက်သော ဆရာဝန်၏ နောက်ဘက်မှ သူသည် မေ့လျော့စွာ လမ်းလျှောက်နေသကဲ့သို့ တွန့်တွန့်ဆုတ်ဆုတ် လျှောက်လာနေ၏။
သူ့မျက်နှာသည် တစ်စုံတစ်ခုကို နင့်နင့်သီးသီး ဆုံးရှုံးပြီးခါစ လူတစ်ယောက်၏ မျက်နှာဖြစ်သည်။ အမြဲတမ်း သပ်ရပ်သော သူ့ဆံပင်သည် မသေမသပ် ပွယောင်းလျက်ရှိသည်။ ပါးလှစ်၍ စုဝန်းသော သူ့နှုတ်ခမ်းတို့သည် လေစိမ်းတိုက်ခံထားရသလို ခြောက်သွေ့၍ အရေခွံကွာတော့မလို ဖြစ်နေသည်။ သူသည် သူမ၏ ညာဘက်ဘေးတွင် မတ်တတ်ရပ်လျက် ငုံ့ကြည့်သည်။
"မိုးမိုး နေကောင်းလားဟေ့"
"ဟုတ်ကဲ့"
သူမအသံတွင် အားနည်းမှု၊ မချိတင်ကဲ ၀မ်းနည်းမှုများ စိုးစဉ်းမျှ မပါစေရ။
"ကံကောင်းလို့ မိုးမိုးရေ၊ ကိုယ်ဆေးခန်းကို သယ်လာတော့ မိုးမိုးရဲ့ သွေးပေါင်ချိန်ဟာ သုည ဖြစ်ခါနီးနေပြီ"
သူမသည် သွေးပေါင်ချိန် သုညဖြစ်ဖြစ်၊ တစ်ဖြစ်ဖြစ် ဂရုစိုက်လိမ့်မည် မဟုတ်ပါ။
"ကဲ ကိုယ်ခဏသွားလိုက်ဦးမယ်၊ လိုတာရှိရင် အပြင်ခန်းက ဆရာမလေးဆီပြော၊ ဟုတ်လား။ ယူ့မိန်းမ မသေနိုင်တော့ပါဘူးကွယ်၊ အေးအေးဆေးဆေး စကားပြောရစ်၊ ဟုတ်လား"
သူသည် ဆရာဝန်မကြီးကို လုံးဝ လှည့်မကြည့်ပါ။ သူစိတ်ဝင်စားနေသည်မှာ သူမမျက်နှာဖြစ်၏။
သူမသည် ရုတ်ခြည်းရစ်ဝဲ လျှံတက်လာသော မျက်ရည်များကို ရှက်ရွံ့စိတ်ဖြင့် မျက်တောင်ခတ်သိမ်း ဖယ်ပစ်လိုက်၏။ သူ အကဲခတ်နေကြောင်း သေချာသည်။ သူမ တိတ်ဆိတ်စွာ အနေရခက်လျက် သူမကိုယ်ပေါ်မှ သက္ကလပ်စောင်ကို မှတ်မိဖို့ ကြိုးစားနေသလို စူးစိုက်ထားလိုက်သည်။ ကြည့်ပါဦး၊ အစိမ်းရောင်စောင်ကြီး၊ ကျက်သရေမရှိလိုက်တာ။ သို့သော် သူမ အလွန်အမင်း စိတ်ထိခိုက်နေကြောင်း ကိုယ့်ကိုယ်ကို လိမ်ညာ၍ မရပါ။
သွေးသွင်းထားသော လက်ဖျံတွင် ယင်ကောင်ကလေး လာနားသည်ကို သူမ၏ ညာဘက်လက်ဖြင့် ဖယ်ပစ်ရန် အားယူလိုက်သည်။
ဘုရားရေ .. သူမ၏ ညာဘက်လက်တွင်လည်း ပိုက်တန်းလန်းနှင့်ပါလား။ အရောင်မဲ့သော အရည်များသည် ပိုက်တစ်လျှောက် နှေးကွေးစွာ ကျလျက်ရှိ၏။
"ကိုယ်ဝန်ပျက်ကျသွားတယ်"
ကြားလိုက်ရသည့် အသံသည် တစ်ခါမျှ မရင်းနှီးဖူးသော သူစိမ်းတစ်ယောက်၏ အသံဖြစ်နေ၏။ သူ့အသံထဲတွင် နာကျင်မှုနှင့်အတူ မယုံကြည်နိုင်မှုပါ တွဲဖက်နေကြောင်း ခံစားလိုက်ရသည်။
"ဟုတ်လား"
သူမသည့်ထက် ၀မ်းနည်းဖို့ ကောင်းသည်ဟု သူထင်ပေလိမ့်မည်။ စူးစိုက်သော သူ့မျက်လုံးများ လက်ခနဲ အရောင်စွတ်စိုသွားပြီး တစ်ဖန်ပြန်မှိန်ဖျော့သွားလေသည်။ သူ့နှုတ်ခမ်းများ တင်းစေ့ထားပုံမှာ ဘယ်တော့မျှ အာဃာတ မပြေနိုင်မည့် အနေအထားမျိုးဟု ထင်ရသည်။
"သားလေးလား"
တိုးတိတ်အားပျော့သော သူမမေးခွန်းကြောင့် သူ့မျက်နှာသည် အမှတ်မထင် နာနာကျင်ကျင် အရိုက်ခံလိုက်ရသလို တုန်ခါသွားသည်။ သူမကို မယုံကြည်နိုင်သလို နားမလည်နိုင်သလို သတိလက်လွတ် စူးစမ်းကြည့်နေပြီးမှ 'သား..' ဟု အံကြိတ်ပစ်လိုက်ရင်း ဖြေလေသည်။
ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ပါပဲလား။ သူ အင်မတန် လိုချင်သည့် သားကလေးပေါ့၊ နောက်ပြီး သူ့ရုပ်ရည်နှင့်လည်း တူနေလိမ့်မည်ဟု သူမလောင်းရဲသည်။ ဆံပင်ကလည်း သူ့လို လှိုင်းတွန့်ဖွာနေလိမ့်မည်။ သူ့ကိုယ်ပွားကလေး။
"သားလေးကို ကြည့်ချင်သေးလား"
မထင်မှတ်သော မေးခွန်းကြောင့် သူမ တုန်လှုပ်သွား၏။ သူက သူမကို သေသေချာချာ စိုက်ကြည့်ပြီးမှ မျက်စိလွှဲလျက် 'ကြည့်စရာတော့ မရှိဘူး'ဟု သူ့ဘာသာသူ ရေရွတ်နေသလို သတိလက်လွတ် ပြော၏။
ဟင့်အင်း .. မပြောပါနဲ့။
"မင်း သိလားဟင်၊ နာကျင်မှုကို သူ.. သိတယ်"
"အို.."
နာကျင်မှု၊ ကျဉ်ခနဲ စူးရှတဲ့ အောင့်သွားသော ရင်ညွန့်ဆီက ဝေဒနာသည် တစ်သက်လုံး မပြေပျောက်နိုင်တော့သလိုပင် ဖြစ်၏။ သူမ မေ့ထားချင်သော အကြောင်းအရာကို သူအစဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူမ ငိုချင်ပြင်းပြစွာ မျက်စိအစုံကို မှိတ်ပစ်လိုက်မိ၏။
"သားရယ်"
သူမသည် ထောင့်စုံအောင် ကြည့်တတ် မြင်တတ်သူ မဟုတ်ပါ။
'လုံးဝ အဓိပ္ပါယ်မရှိတာ' သူသည် အမှတ်တမဲ့ ပွင့်အန်ထွက်လာသော ယူကျုံးမရစိတ်ဖြင့် တောက်တစ်ချက် ခေါက်လိုက်လေသည်။
"ဒီအတွက် ကျွန်မတို့ နှစ်ဦးသဘောတူ ပြတ်စဲလိုက်ကြမလား"
စကားသံသည် သိပ်အားစိုက်ဖို့မလိုဘဲ ပေါ့ပေါ့ပါးပါး ထွက်သွားသည်။ သူနှင့် ကွာရှင်းပြီးလျှင် သူမ နောက်အိမ်ထောင် ပြုရဦးမည်။ အနည်းဆုံး သားကလေးတစ်ယောက်လောက် မွေးဖွားရဦးမည်။
"ပြတ်စဲဖို့မလိုပါဘူး၊ မင်းကို ငါလိုချင်လို့ ယူထားတာ၊ မင်းဟာ သေတဲ့အထိ ငါ့မိန်းမပဲ ဖြစ်နေရမယ် နားလည်ရဲ့လား"
သူ့အသံမှာ ကြမ်းရှနေ၏။
သူမတို့နှစ်ယောက်သည် အချစ်ဟူသော အင်အားတစ်ရပ်ကို မေ့လျော့ထားကြသူများဖြစ်သည်။ သူက သူမထံမှ သားသမီးများစွာ ရအောင်ယူဖို့ ဆုံးဖြတ်လိုက်ဟန်ရှိသည်။ ရှင် ကျွန်မဆီက ဘာကလေးမှ မရစေရဘူး။ သူမ ဘာစကားမှ ပြန်မပြောပါ။ ဤလျှို့ဝှက်ချက်ကို ဘယ်တော့မှ မပေါက်ကြားစေရ။
"သားရဲ့ ကိုယ်ဝန်ကို ထိန်းသိမ်းကာကွယ် မပေးနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ် မောင်"
ယုံကြည်မှုတစ်ခုအတွက် မောင် ဟု ခေါ်လိုက်၇သော သူမ၏ နှုတ်ခမ်းဖျားများ ခါးသက်လျက်ရှိ၏။ နှလုံးနာသလို ဖြစ်သွားသည်။ ဤနာမည်သည် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်အတိ ဖြစ်၏။
"ဒါထက် ၀မ်းနည်းစရာတစ်ခု ကျန်သေးတယ်"
သူမမျက်လုံး ဖွင့်ကြည့်လိုက်သောအခါ သူမကို စူးစူးရှရှ ကြည့်နေသော၊ အေးစက်၍ အငွေ့ပျံနေသော မျက်လုံးတို့ကို ရင်ဆိုင်လိုက်ရသည်။
"မင်းရဲ့ သားအိမ် ထုတ်ပစ်လိုက်ရတယ် တဲ့"
"ဘာ"
ခက်ထန်တုန်လှုပ်သော သူမအသံတွင် ခါးသီးမှုအပြည့်အ၀ ပါဝင်သွား၏။
မတ်တပ်ရပ်နေသော သူသည် သူမထံသို့ ကိုင်းညွတ်လျက် ရင်တထိတ်ထိတ် ခုန်နေသော သူမကို တိုးတိတ်စွာ စကားပြောလေသည်။ တ၀ုန်းဝုန်း ဆူညံနေသော လေတိုးသံနှင့် နားအစုံမှာ အာရုံပြန့်ကျဲလျက်ရှိသည်။
"သားအိမ်.. ချုပ်လို့မရအောင် .. သွေးလွန် .. ထိခိုက်မှု.. သွေးလွန် .. ၀မ်းနည်းစရာကောင်းတာက .. အသက်ကို ရအောင် လုလိုက်ရတဲ့အတွက် .."
"ဘုရား.. ဘုရား"
"စိတ်မဆင်းရဲပါနဲ့၊ ကလေးမရနိုင်တော့တာကလွဲရင် အားလုံး ပုံမှန်"
"မဟုတ်ဘူး"
အသံကုန်ဟစ်၍ အော်ပစ်လိုက်သော်လည်း သူမ မမှတ်မိသော အက်ကွဲကွဲ သူမအသံသည် အဝေးကြီးမှ လာသလို သဲ့သဲ့လေးသာ ဖြစ်သည်။
သူမ မယုံပါ။ အိပ်မက် မက်နေတာ မဖြစ်နိုင်ဘူးလား။ အိပ်ဆေးကြောင့် ကယောင်ချောက်ချား ဖြစ်မေနေနိုင်ဘူးလား။ သို့သော် သူ့မျက်လုံးများ၏ အရိပ်အငွေ့ထဲတွင် ဤအဖြစ်အပျက် အမှန်တကယ် ဖြစ်သွားကြောင်း ရိပ်မိ မြင်တွေ့နေရသည်။ သူမ တစ်ကိုယ်လုံး လေတွင် လွင့်မျောသွားသလို ထင်မိသည်။
အဓိပ္ပါယ်မရှိတာ၊ သူမတစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလျက် ထိတ်လန့်ခြင်းကြီးစွာ ယူကျုံးမရ ခံစားရသည်။ မယုံဘူး၊ သို့သော် အမှန်တရားသည် သူမကိုယ်ပေါ်မှာ အုတ်နံရံဖြူဖြူပေါ်မှာ၊ စေ့လာသော တံခါးချပ်ပေါ်မှာ၊ တစ်စက်ချင်းကျနေသော သွေးပုလင်းထဲမှာ၊ မျှော်လင့်ချက် ပြိုကွဲပျက်စီးသွားသော သူ့မျက်လုံးထဲမှာ..။
နောက်ဆုံးတော့ သူမ တွက်လိုက်သော ပုစ္ဆာသည်လည်း ပြင်၍မရလောက်အောင် ကြောက်မက်ဖွယ်ရာ မှားယွင်းနေပါပကောလား။
ဟင့်အင်း၊ မဖြစ်နိုင်ဘူး။
လက်ဖျံနှစ်ဘက်မှ နာကျင်မှု၊ ခါးအောက်ပိုင်းမှ နာကျင်မှု၊ အမျိုးမျိုးသော နာကျင်မှုတို့ကို ကျော်လွန်လျက် စူးစူးနစ်နစ် နာကျင်လာသည်မှာ နှလုံးဆီမှ ဖြစ်သည်။ သူမ အသက်ရှူ ရပ်သွားမတတ် သတိလက်လွတ် ဖြစ်သွား၏။
ရုတ်တရက် ကိုယ့်ကိုယ်ကို ဘာလုပ်မိမှန်းမသိခင် ရှိုက်ကြီးတငင်ငိုလျက် အိပ်ရာမှ ရုန်းကန်ထလိုက်မိတော့သည်။
"မိုး"
အားမာန်ပါသော သူ့အသံနှင့်အတူ သူမကို ညင်သာစွာ (သို့မဟုတ်) ခိုင်မြဲစွာ ထိန်းချုပ်ဖိတွန်းလျက် အိပ်ရာပေါ်မှာပင် ငြိမ်သက်စွာ လဲလျောင်းနေစေသည်။ သူမ ၀မ်းပန်းတနည်း ငိုသည်ကို စိတ်ရှည်လက်ရှည် ရပ်ကြည့်နေ၏။
"ဒါ .. ဒါ ညာပြောတာမဟုတ်လားဟင်"
သူ့မျက်လုံးမှ အဖြေမှန် မြင်နေလျက်က မေးမိပြန်သည်။ သူသည် ခေါင်းကို ညင်သာစွာ ခါယမ်း၍ (သူမ၀မ်းဗိုက်ဆီသို့) ငေးမောနေသည်။ သူ့မျက်လုံးမှာ စောစောက မြင်ခဲ့ရသော အာဃာတများ၊ ခက်ထန်မှုများ လုံးဝပျောက်ကွယ်လျက် သိမ်မွေ့သော ကြေကွဲမှု သက်သက်ကိုသာ မြင်ရသည်။
"ကျွန်မ မျက်ရည်ကို မြင်ချင်ရုံသက်သက်နဲ့ လိမ်ပြောတာလို့ ပြောလိုက်စမ်းပါ မောင်ရယ်"
'မောင်' ဟု သူမနှုတ်ဖျားမှ ချိုမြစွာ အားကိုးစွာ ခေါ်လိုက်မိမှန်း သူမ သတိမထားလိုက်မိပေ။ သူမကိုယ်ခန္ဓာထဲမှာ ရှိခဲ့ဖူးသော အင်အားများ ရုတ်တ၇က် ဆုံးရှုံးဖျော့နွမ်းကာ မောဟိုက်ပူလောင်နေ၏။ သူသည် သူမမျက်နှာဆီသို့ ငုံ့ကိုင်း၍ သူမနဖူးကို အညင်သာဆုံး နမ်းလေသည်။ နဖူးပေါ်မှ စိုစွတ်သွားသော မျက်ရည်စက်၏ အတွေ့ကို မယုံကြည်နိုင်စွာ သူမ ခံစားသိရှိလိုက်၏။
သူမ ဘယ်လို အသက်ရှင် ရပ်တည်ရပါ့မလဲ။
သူမ ဘယ်လို သေဆုံးသွားပါ့မလဲ။
ဘုရားသခင်သည် သူမထင်ထားသည်ထက် စောစီးစွာပင် သူမကို အပြစ်ဒဏ်ခတ်လိုက်ပြီ။

Subscribe to:
Posts (Atom)